ဘာစီလိုနာအသင်းရဲ့ သမိုင်းဝင်အောင်မြင်မှုကို အမီလိုက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ပြီးခဲ့တဲ့ ၂၀၂၀ ဖီဖာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ Tigres အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ဘွန်ဒစ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းဟာ တစ်ချိန်တုန်းက ဘာစီလိုနာအသင်း ရရှိခဲ့တဲ့ သမိုင်းဝင်အောင်မြင်မှုကို အမီလိုက်နိုင်ခဲ့ပါပြီ။

Tigres အသင်းနဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို နောက်ခံလူ ပါဗာက သွင်းယူခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်က ဆွတ်ခူးခဲ့ဖူးတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုဗစ်ရောဂါဆိုးကြောင့် ပုံမှန်ကျင်းပနေကြ ဒီဇင်ဘာလအစား အခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျင်းပဖို့ ဖီဖာက သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့လို့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းလိုပဲ (၁)နှစ်အတွင်း ဖလား(၆)ခုအထိ ရရှိခဲ့တဲ့ ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၀ ခုနှစ်အတွင်း ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလား၊ ဂျာမန်စူပါဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားတို့ကို ဆွတ်ခူးခဲ့တဲ့အပြင် အခု ဖီဖာကလပ်ကမ္ဘာ့ဖလားကိုပါ ထပ်မံရရှိခဲ့တာကြောင့် ၂၀၀၉ ခုနှစ်တုန်းက ဘာစီလိုနာအသင်း တင်ရှိခဲ့တဲ့ စံချိန်နဲ့ တူညီသွားပြီဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဂွါဒီယိုလာလက်ထက်တုန်းက Tiki Taka ကစားဟန်နဲ့အတူ ဘောလုံးကမ္ဘာကို သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ လာလီဂါ၊ စပိန်ဘုရင့်ဖလား၊ စပိန်စူပါဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းသာမကဘဲ နည်းပြဖြစ်သူ ဟန်စီဖလစ်ခ်ဟာ ဘာစီလိုနာဂန္ထဝင်နည်းပြ ဂွါဒီယိုလာရဲ့ မှတ်တမ်းကောင်းတစ်ခုကို ရယူနိုင်ခဲ့တယ်လို့လည်း ပြောရမှာပါ။

၂၀၁၉၊ ဇူလိုင်လတုန်းက ဘိုင်ယန်မြူးနစ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဟန်စီဖလစ်ခ်ဟာ ကာလတိုအတွင်းမှာပဲ အသင်းအတွက်ကြီးမားတဲ့အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး အခုဆိုရင် အသင်းသမိုင်းတစ်လျှောက် နာမည်ကျော်နည်းပြတွေတောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ (၁)နှစ်အတွင်း ဖလား(၆)လုံးရရှိခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဟေးနက်စ် အသင်းကို ပြန်လည်ကိုင်တွယ်ခဲ့တုန်းက ၂၀၁၂-၁၃ ရာသီမှာ တစ်ရာသီအတွင်း ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလား၊ ချန်ပီယံလိဂ် ဖလား(၃)ခုကို ပထမဆုံးအကြိမ်ဆွတ်ခူးခဲ့ပေမယ့် ဂျာမန်စူပါဖလားပွဲမှာ ဒေ့ါမွန်ကို ရှုံးနိမ့်ခဲ့လို့ (၁)နှစ်အတွင်း ဖလား(၆)ခုရရှိခဲ့တဲ့ မှတ်တမ်းကိုတော့ မပိုင်ဆိုင်နိုင်ခဲ့ပါဘူး။

အခုတော့ ဟန်စီဖလစ်ခ်က ဟေးနက်စ်ရဲ့ ဖလား(၃)လုံးစံချိန်မှတ်တမ်းကို တူညီခဲ့တဲ့အပြင် ဘောလုံးသမိုင်းမှာ ဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းကိုပါ ရယူပြနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာအသင္းရဲ႕ သမိုင္းဝင္ေအာင္ျမင္မႈကို အမီလိုက္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္

ၿပီးခဲ့တဲ့ ၂၀၂၀ ဖီဖာကလပ္ကမာၻ႔ဖလားဗိုလ္လုပြဲမွာ Tigres အသင္းကို (၁-ဝ)ဂိုးနဲ႔ အႏိုင္ယူၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ ဘြန္ဒစ္လီဂါထိပ္သီး ဘိုင္ယန္ျမဴးနစ္အသင္းဟာ တစ္ခ်ိန္တုန္းက ဘာစီလိုနာအသင္း ရရွိခဲ့တဲ့ သမိုင္းဝင္ေအာင္ျမင္မႈကို အမီလိုက္ႏိုင္ခဲ့ပါၿပီ။ Tigres အသင္းနဲ႔ပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးကို ေနာက္ခံလူ ပါဗာက သြင္းယူခဲ့တာျဖစ္ၿပီး ၂၀၁၃ ခုႏွစ္က ဆြတ္ခူးခဲ့ဖူးတဲ့ ဖီဖာကလပ္ကမာၻ႔ဖလားခ်န္ပီယံဆုကို ဒုတိယအႀကိမ္ေျမာက္ ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၂၀ ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို ကိုဗစ္ေရာဂါဆိုးေၾကာင့္ ပုံမွန္က်င္းပေနၾက ဒီဇင္ဘာလအစား အခုႏွစ္၊ ေဖေဖာ္ဝါရီလမွာ က်င္းပဖို႔ ဖီဖာက သတ္မွတ္ခဲ့တာျဖစ္ၿပီး ဒီၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့လို႔ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဘာစီလိုနာအသင္းလိုပဲ (၁)ႏွစ္အတြင္း ဖလား(၆)ခုအထိ ရရွိခဲ့တဲ့ ဒုတိယေျမာက္အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ၂၀၂၀ ခုႏွစ္အတြင္း ဘြန္ဒစ္လီဂါ၊ ဂ်ာမန္ဖလား၊ ဂ်ာမန္စူပါဖလား၊ ခ်န္ပီယံလိဂ္၊ ဥေရာပစူပါဖလားတို႔ကို ဆြတ္ခူးခဲ့တဲ့အျပင္ အခု ဖီဖာကလပ္ကမာၻ႔ဖလားကိုပါ ထပ္မံရရွိခဲ့တာေၾကာင့္ ၂၀၀၉ ခုႏွစ္တုန္းက ဘာစီလိုနာအသင္း တင္ရွိခဲ့တဲ့ စံခ်ိန္နဲ႔ တူညီသြားၿပီျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ ဂြါဒီယိုလာလက္ထက္တုန္းက Tiki Taka ကစားဟန္နဲ႔အတူ ေဘာလုံးကမာၻကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး ၂၀၀၉ ခုႏွစ္မွာ လာလီဂါ၊ စပိန္ဘုရင့္ဖလား၊ စပိန္စူပါဖလား၊ ခ်န္ပီယံလိဂ္၊ ဥေရာပစူပါဖလားနဲ႔ ဖီဖာကလပ္ကမာၻ႔ဖလားတို႔ကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းသာမကဘဲ နည္းျပျဖစ္သူ ဟန္စီဖလစ္ခ္ဟာ ဘာစီလိုနာဂႏၴဝင္နည္းျပ ဂြါဒီယိုလာရဲ႕ မွတ္တမ္းေကာင္းတစ္ခုကို ရယူႏိုင္ခဲ့တယ္လို႔လည္း ေျပာရမွာပါ။ ၂၀၁၉၊ ဇူလိုင္လတုန္းက ဘိုင္ယန္ျမဴးနစ္အသင္းနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရတဲ့ ဟန္စီဖလစ္ခ္ဟာ ကာလတိုအတြင္းမွာပဲ အသင္းအတြက္ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ၿပီး အခုဆိုရင္ အသင္းသမိုင္းတစ္ေလွ်ာက္ နာမည္ေက်ာ္နည္းျပေတြေတာင္ မစြမ္းေဆာင္ႏိုင္ခဲ့တဲ့ (၁)ႏွစ္အတြင္း ဖလား(၆)လုံးရရွိခဲ့တဲ့ မွတ္တမ္းကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဂႏၴဝင္နည္းျပႀကီး ေဟးနက္စ္ အသင္းကို ျပန္လည္ကိုင္တြယ္ခဲ့တုန္းက ၂၀၁၂-၁၃ ရာသီမွာ တစ္ရာသီအတြင္း ဘြန္ဒစ္လီဂါ၊ ဂ်ာမန္ဖလား၊ ခ်န္ပီယံလိဂ္ ဖလား(၃)ခုကို ပထမဆုံးအႀကိမ္ဆြတ္ခူးခဲ့ေပမယ့္ ဂ်ာမန္စူပါဖလားပြဲမွာ ေဒ့ါမြန္ကို ရႈံးနိမ့္ခဲ့လို႔ (၁)ႏွစ္အတြင္း ဖလား(၆)ခုရရွိခဲ့တဲ့ မွတ္တမ္းကိုေတာ့ မပိုင္ဆိုင္ႏိုင္ခဲ့ပါဘူး။ အခုေတာ့ ဟန္စီဖလစ္ခ္က ေဟးနက္စ္ရဲ႕ ဖလား(၃)လုံးစံခ်ိန္မွတ္တမ္းကို တူညီခဲ့တဲ့အျပင္ ေဘာလုံးသမိုင္းမွာ ဂုဏ္ယူစရာေကာင္းတဲ့ မွတ္တမ္းကိုပါ ရယူျပႏိုင္ခဲ့တာျဖစ္ပါတယ္။