ဘာစီလိုနာအသင်းဆီမှာပဲ ကစားသမားဘဝအဆုံးသတ်ဖို့ စဉ်းစားနေလား…မက်ဆီ

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ သတင်းမုန်တိုင်းတိုက်ခဲ့တဲ့ မက်ဆီရဲ့ ဘာစီလိုနာကနေ ထွက်ခွာခဲ့ပြီး ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့သတင်း အပြီးမှာ ဂျူဗင်တပ်ကနေ ရော်နယ်ဒိုရဲ့ ယူနိုက်တက်ကို တစ်ကျော့ပြန်ပြောင်းရွှေ့လာတဲ့ အပြောင်းအရွှေ့ဟာလည်း ထပ်မံပွဲဆူစေခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ ယူနိုက်တက် အသင်းဆီကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာဟာ ဘောလုံးလောကမှ လှပတဲ့ပုံပြင်တစ်ပုဒ်ရဲ့ အဆုံးသတ်စာမျက်နှာလိုဖြစ်ခဲ့ပါတယ်။

သူ လူငယ်ဘဝက အောင်မြင်မှုတွေစတင်ရရှိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ကို တစ်ကျော့ပြန်လာချိန်မှာ အောင်မြင်မှုတွေ များစွာရယူခဲ့ပြီး သူတစ်ယောက် အနေနဲ့ ပြန်လာနိုင်ခဲ့တာကတော့ အင်္ဂလန်နဲ့ ဘောလုံးလောကအကြောင်းရေးသားနေတဲ့ သတင်းစာမျက်နှာတွေအားလုံးရဲ့ ရှေ့ဆုံးကိုရောက်ရှိစေခဲ့တာပါပဲ။

ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့အပြီးမှာ ပီအက်စ်ဂျီအသင်းရဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကလည်း သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ဘာစီလိုနာအသင်းဆီမှာပဲ ကုန်ဆုံးဖို့ စဉ်းစားနေတယ်ဆိုပြီး နာမည်ကျော် သတင်းဌာနတွေက ရေးသားလာခဲ့ကြပါတယ်။

အသက် ၃၄နှစ် အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ကလေးဘဝထဲက ကစားခဲ့ပြီး လာမာစီယာ အကယ်ဒမီထွက် ကစားသမားတစ်ဦးလည်းဖြစ်သလို ဘာစီလိုနာ အသင်းရဲ့အမှတ်တံဆိပ်လိုဖြစ်ခဲ့သူတစ်ဦးအတွက်

ကိုပါအမေရိကဖလားရယူနိုင်ခဲ့တဲ့ နှစ်မှာကြမှ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုနိုင်ခြင်း မရှိတော့တာက သူအတွက် ဝမ်းနည်းစရာဖြစ်ခဲ့ရပါတယ်။

ဘာစီလိုနာဟာ သူ့ရဲ့ ဘဝလိုဖြစ်နေတဲ့သူအတွက် ဒီနှစ်ဟာ ခါးသီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့နှစ်တစ်ခုပါပဲ။

မက်ဆီဟာ လစာလျှော့ယူ ပြီးအသင်းမှာ ဆက်ရှိနေဖို့ နောက်ဆုံးအချိန်အထိ ကြိုးစားခဲ့ပေမယ့် လာလီဂါရဲ့ တင်းမာတဲ့စည်းမျဉ်တွေကို ဘာစီလိုနာနဲ့ မက်ဆီတို့ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

သည်နောက်မှာတော့ မက်ဆီဟာ အသင်းလက်မဲ့ ကစားသမားတစ်ဦးဖြစ်နေခဲ့ပြီး မန်စီးတီး၊ ပီအက်စ်ဂျီအသင်းတို့နဲ့ အပြောင်းအရွှေ့ ကိစ္စကို ပြောဆိုမှုတွေစလုပ်ခဲ့ပါတယ်။

သူနဲ့ ဘာစီလိုနာမှာ လက်တွဲညီခဲ့တဲ့ နည်းပြ ပတ်ဂွာဒီယိုလာက မန်စီးတီးမှာ ရှိနေတာကြောင့် မနှစ်က အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့နီးစပ်ခဲ့ပေမယ့် မန်စီးတီးအသင်းက ဂရီလစ်ကိုခေါ်ယူခဲ့ပြီးဖြစ်နေသလို ဟယ်ရီကိန်းကိုခေါ်ယူနိုင်ဖို့

ကမ်းလှမ်းမှုတွေလုပ်ဆောင်ထားပြီးဖြစ်နေတာကြောင့် မက်ဆီ့ကို ထပ်မံခေါ်ယူဖို့ အပြင်းအထန်ကြိုးစားမှုမလုပ်ခဲ့တော့ပါဘူး။

ဒီအချိန်မှာ မက်ဆီအနေနဲ့ သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန်မှာ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို နောက်ထပ် တကြိမ် ထပ်မံ ရယူနိုင်ဖို့ ပံ့ပိုးမှုတွေလုပ်နိုင်တဲ့အသင်းက ပီအက်စ်ဂျီအသင်းတစ်သင်းသာရှိနေပါတော့တယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်တိုင်တိုင် ရရှိထားတဲ့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့လာတဲ့အဓိကရည်မှန်းချက်က ချန်ပီယံလိဂ် ဆုဖလားကို နောက်တစ်ကြိမ် စိန်ခေါ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်လည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ ဘာပေးလို လူငယ်ခြေတက်ကစားသမားတွေရှိနေတဲ့အပြင် အသင်းဖော်ဟောင်း နေမာ ၊ အာဂျင်တီးနား အသင်းဖော် ဒီမာရီယာ ၊ ပါရီဒက်စ်၊

အရင်က ပြိုင်ဘက် ဖြစ်ခဲ့သူ ဆာဂျီယို ရာမို့စ် ၊ နာဗက်တို့လည်းရှိနေတာကြောင့် ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ဖို့ အသင်းရဲ့ လူစာရင်းဟာ တောင့်တင်းမှုရှိနေပါတယ်။

ဒါပေမယ့် မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝကို ပီအက်စ်ဂျီအသင်းမှာ အဆုံးသတ်ဖို့ မရည်ရွယ်ထားပဲ အသင်းဟောင်း ဘာစီလိုနာအသင်းမှာသာ အဆုံးသတ်ဖို့ စဉ်းစားနေတယ်လို့

ESPN သတင်းဌာနရဲ့ ပင်တိုင် ဆောင်းပါးရှင် အာဂျင်တီးနားလူမျိုး သတင်းထောက် ဂျူအန် ရိုမန် ရီကွယ်မီက စိတ်ဝင်စားစရာမှတ်ချက်တစ်ခုပေးခဲ့ပါတယ်။

“မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ဆုဖလား ရယူပြီးရင် သူဟာ ဘာစီလိုနာအသင်းဆီ ပြန်ပြီး ကစားသမားဘဝကို အဆုံးသတ်မယ့်သူပါ” လို့ ပြောကြားခဲ့ပါတယ်။ ရီကွယ်မီရဲ့ မှန်းဆချက်ဟာ မက်ဆီရဲ့ ဖြစ်ချင်နေတဲ့ ခံစားမှုနဲ့ တိုက်ဆိုင်မလားဆိုတာကတော့ ၂၀၂၃ မတိုင်ခင်မှာသိရမှာပါပဲ။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi

ဘာစီလိုနာအသင္းဆီမွာပဲ ကစားသမားဘဝအဆံုးသတ္ဖို႕ စဥ္းစားေနလား…မက္ဆီ

ဒီႏွစ္ေႏြရာသီ အေျပာင္းအေရႊ႕မွာ သတင္းမုန္တိုင္းတိုက္ခဲ့တဲ့ မက္ဆီရဲ႕ ဘာစီလိုနာကေန ထြက္ခြာခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ခဲ့တဲ့သတင္း အၿပီးမွာ ဂ်ဴဗင္တပ္ကေန ေရာ္နယ္ဒိုရဲ႕ ယူႏိုက္တက္ကို တစ္ေက်ာ့ျပန္ေျပာင္းေရႊ႔လာတဲ့ အေျပာင္းအေရႊ႕ဟာလည္း ထပ္မံပြဲဆူေစခဲ့ပါတယ္။ ေရာ္နယ္ဒိုရဲ႕ ယူႏိုက္တက္ အသင္းဆီကို ျပန္လည္ေျပာင္းေရႊ႕လာခဲ့တာဟာ ေဘာလံုးေလာကမွ လွပတဲ့ပံုျပင္တစ္ပုဒ္ရဲ႕ အဆံုးသတ္စာမ်က္ႏွာလိုျဖစ္ခဲ့ပါတယ္။

သူ လူငယ္ဘဝက ေအာင္ျမင္မႈေတြစတင္ရရွိခဲ့တဲ့ မန္ခ်က္စတာ ယူႏိုက္တက္ကို တစ္ေက်ာ့ျပန္လာခ်ိန္မွာ ေအာင္ျမင္မႈေတြ မ်ားစြာရယူခဲ့ၿပီး သူတစ္ေယာက္ အေနနဲ႕ ျပန္လာႏိုင္ခဲ့တာကေတာ့ အဂၤလန္နဲ႕ ေဘာလံုးေလာကအေၾကာင္းေရးသားေနတဲ့ သတင္းစာမ်က္ႏွာေတြအားလံုးရဲ႕ ေရွ႕ဆံုးကိုေရာက္ရွိေစခဲ့တာပါပဲ။

ေရာ္နယ္ဒိုရဲ႕ အေျပာင္းအေရႊ႕အၿပီးမွာ ပီအက္စ္ဂ်ီအသင္းရဲ႕ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီကလည္း သူ႔ရဲ႕ ကစားသမားဘဝ ေနာက္ဆုံးအခ်ိန္ကို ဘာစီလိုနာအသင္းဆီမွာပဲ ကုန္ဆုံးဖို႔ စဥ္းစားေနတယ္ဆိုၿပီး နာမည္ေက်ာ္ သတင္းဌာနေတြက ေရးသားလာခဲ့ၾကပါတယ္။

အသက္ ၃၄ႏွစ္ အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ကေလးဘဝထဲက ကစားခဲ့ၿပီး လာမာစီယာ အကယ္ဒမီထြက္ ကစားသမားတစ္ဦးလည္းျဖစ္သလို ဘာစီလိုနာ အသင္းရဲ႕အမွတ္တံဆိပ္လိုျဖစ္ခဲ့သူတစ္ဦးအတြက္ ကိုပါအေမရိကဖလားရယူႏိုင္ခဲ့တဲ့ ႏွစ္မွာၾကမွ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သစ္ ထပ္မံ ခ်ဳပ္ဆိုႏိုင္ျခင္း မရွိေတာ့တာက သူအတြက္ ဝမ္းနည္းစရာျဖစ္ခဲ့ရပါတယ္။

ဘာစီလိုနာဟာ သူ႕ရဲ႕ ဘဝလိုျဖစ္ေနတဲ့သူအတြက္ ဒီႏွစ္ဟာ ခါးသီးမႈေတြနဲ႕ ရင္ဆိုင္ရတဲ့ႏွစ္တစ္ခုပါပဲ။ မက္ဆီဟာ လစာေလွ်ာ့ယူ ၿပီးအသင္းမွာ ဆက္ရွိေနဖို႕ ေနာက္ဆံုးအခ်ိန္အထိ ၾကိဳးစားခဲ့ေပမယ့္ လာလီဂါရဲ႕ တင္းမာတဲ့စည္းမ်ဥ္ေတြကို ဘာစီလိုနာနဲ႕ မက္ဆီတို႕ မေက်ာ္ျဖတ္ႏိုင္ခဲ့ပါဘူး။

သည္ေနာက္မွာေတာ့ မက္ဆီဟာ အသင္းလက္မဲ့ ကစားသမားတစ္ဦးျဖစ္ေနခဲ့ၿပီး မန္စီးတီး၊ ပီအက္စ္ဂ်ီအသင္းတို႕နဲ႕ အေျပာင္းအေရႊ႕ ကိစၥကို ေျပာဆိုမႈေတြစလုပ္ခဲ့ပါတယ္။ သူနဲ႕ ဘာစီလိုနာမွာ လက္တြဲညီခဲ့တဲ့ နည္းျပ ပတ္ဂြာဒီယိုလာက မန္စီးတီးမွာ ရွိေနတာေၾကာင့္ မႏွစ္က အေျပာင္းအေရႊ႕မွာ အသင္းေျပာင္းဖို႕နီးစပ္ခဲ့ေပမယ့္ မန္စီးတီးအသင္းက ဂရီလစ္ကိုေခၚယူခဲ့ၿပီးျဖစ္ေနသလို ဟယ္ရီကိန္းကိုေခၚယူႏိုင္ဖို႕ ကမ္းလွမ္းမႈေတြလုပ္ေဆာင္ထားၿပီးျဖစ္ေနတာေၾကာင့္ မက္ဆီ့ကို ထပ္မံေခၚယူဖို႕ အျပင္းအထန္ၾကိဳးစားမႈမလုပ္ခဲ့ေတာ့ပါဘူး။

ဒီအခ်ိန္မွာ မက္ဆီအေနနဲ႕ သူ႕ရဲ႕ ကစားသမား ဘဝ ေနာက္ဆုံးအခ်ိန္မွာ ဥေရာပ ခ်န္ပီယံလိဂ္ ဆုဖလားကို ေနာက္ထပ္ တႀကိမ္ ထပ္မံ ရယူႏိုင္ဖို႔ ပံ့ပိုးမႈေတြလုပ္ႏိုင္တဲ့အသင္းက ပီအက္စ္ဂ်ီအသင္းတစ္သင္းသာရွိေနပါေတာ့တယ္။ ကမာၻ႔အေကာင္းဆုံး ကစားသမားဆုကို ၆ႀကိမ္တိုင္တိုင္ ရရွိထားတဲ့ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းဆီကို ေျပာင္းေ႐ႊ႕လာတဲ့အဓိကရည္မွန္းခ်က္က ခ်န္ပီယံလိဂ္ ဆုဖလားကို ေနာက္တစ္ၾကိမ္ စိန္ေခၚႏိုင္ဖို႔ ဆိုတဲ့ ရည္႐ြယ္ခ်က္ေၾကာင့္လည္း ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းမွာ ဘာေပးလို လူငယ္ေျခတက္ကစားသမားေတြရွိေနတဲ့အျပင္ အသင္းေဖာ္ေဟာင္း ေနမာ ၊ အာဂ်င္တီးနား အသင္းေဖာ္ ဒီမာရီယာ ၊ ပါရီဒက္စ္၊ အရင္က ၿပိဳင္ဘက္ ျဖစ္ခဲ့သူ ဆာဂ်ီယို ရာမို႔စ္ ၊ နာဗက္တို႔လည္းရွိေနတာေၾကာင့္ ခ်န္ပီယံလိဂ္ ဆုဖလားကို ရယူႏိုင္ဖို႕ အသင္းရဲ႕ လူစာရင္းဟာ ေတာင့္တင္းမႈရွိေနပါတယ္။

ဒါေပမယ့္ မက္ဆီဟာ သူ႔ရဲ႕ ကစားသမားဘဝကို ပီအက္စ္ဂ်ီအသင္းမွာ အဆုံးသတ္ဖို႔ မရည္႐ြယ္ထားပဲ အသင္းေဟာင္း ဘာစီလိုနာအသင္းမွာသာ အဆုံးသတ္ဖို႔ စဥ္းစားေနတယ္လို႕ ESPN သတင္းဌာနရဲ႕ ပင္တိုင္ ေဆာင္းပါးရွင္ အာဂ်င္တီးနားလူမ်ိဳး သတင္းေထာက္ ဂ်ဴအန္ ရိုမန္ ရီကြယ္မီက စိတ္ဝင္စားစရာမွတ္ခ်က္တစ္ခုေပးခဲ့ပါတယ္။

“မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်န္ပီယံလိဂ္ ဆုဖလား ရယူၿပီးရင္ သူဟာ ဘာစီလိုနာအသင္းဆီ ျပန္ၿပီး ကစားသမားဘဝကို အဆုံးသတ္မယ့္သူပါ” လို႔ ေျပာၾကားခဲ့ပါတယ္။ ရီကြယ္မီရဲ႕ မွန္းဆခ်က္ဟာ မက္ဆီရဲ႕ ျဖစ္ခ်င္ေနတဲ့ ခံစားမႈနဲ႕ တိုက္ဆိုင္မလားဆိုတာကေတာ့ ၂၀၂၃ မတိုင္ခင္မွာသိရမွာပါပဲ။