ဘာစီလိုနာအသင်းကနေ ထွက်ခွာခွင့်တောင်းခဲ့တဲ့ မက်ဆီရဲ့စာ ပေါက်ကြား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၀ ၊ သြဂုတ်လ ( ၂၄ ) ရက်နေ့မှာ လီယွန်နယ် မက်ဆီဟာ အလွတ်ပြောင်းရွေ့ကြေးနဲ့ အသင်းပြောင်းရွေ့ခွင့်‌ပေးဖို့ ဘာစီလိုနာအသင်းထံ burofax ပေးပို့ကာ တောင်းဆိုခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ လီယိုရဲ့ ဆန္ဒမပြည့်ဝခဲ့တဲ့ အဆိုပါ စာရွက်စာတမ်း အပြည့်အစုံ ပေါက်ကြားလာခဲ့ပါတယ်။

စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Mundo Deportivo က မက်ဆီပေးပို့ခဲ့တဲ့ အဆိုပါ burofax ကို ထုတ်ဝေခဲ့ပြီး အာဂျင်တီနားကြယ်ပွင့်အနေနဲ့ အသင်းပြောင်းရွေ့ဖို့ ဆန္ဒရှိခဲ့တယ်ဆိုတာ မြင်တွေ့ရပါတယ်။

လီယိုရဲ့ ( ၂၀၁၇ ) ခုနှစ်က ဘာဆာနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်မှာ ( ၂၀၁၉ / ၂၀ ) ရာသီ ကုန်ဆုံးချိန်တွင် အလွတ်ပြောင်းရွေ့နိုင်တယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားပါတယ်။ ဒါပေမယ့် ( ၂၀၂၀ ) ဇွန်လ ( ၁၀ ) ရက်နေ့မတိုင်မီ အဆိုပါ အကြောင်းအရာကို အသင်းထံ အသိပေးရမယ်လို့ ပါရှိပါတယ်။

Burofax ရဲ့အစမှာ လီယိုက “ ( ၂၀၁၇ ) နိုဝင်ဘာလ ( ၂၅ ) ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့စာချုပ်ရဲ့ အပိုဒ် ( ၃.၁ ) အရ ကျွန်တော့်အနေနဲ့ စာချုပ်ဖျက်သိမ်းဖို့ ဆန္ဒရှိကြောင်း ပြောကြားလိုပါတယ်။”လို့ ရေးသားထားပါတယ်။

မက်ဆီက အဆိုပါ တောင်းဆိုမှုကို သြဂုတ်လ ( ၂၄ ) ရက်နေ့မှသာ ပေးပို့ခဲ့တဲ့အတွက် သတ်မှတ်ထားတဲ့ ဇွန်လ ( ၁၀ ) ရက်ထက် ( ၂ ) လ ကျော်လွန်နေခဲ့ပါတယ်။

ဒါပေမယ့် မက်ဆီက ကိုရိုဗိုင်းရပ်ကြောင့် ဘောလုံးပွဲစဉ်ရပ်နားခဲ့ရမှုတွေနဲ့အတူ (၂၀၁၉/၂၀ ) ရာသီမှာ ထူးခြားတဲ့အခြေအနေတွေ ရင်ဆိုင်ခဲ့ရကြောင်း ထောက်ပြခဲ့ပါတယ်။

နောက်ပြီး “ ( ၂၀၁၉ /၂၀ ) ဘောလုံးရာသီက မနေ့က ပြီးဆုံးသွားခဲ့ပါတယ်။”လို့ ဖော်ပြထားတဲ့အတွက် လီယိုဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားခဲ့တဲ့ သြဂုတ်လ ( ၂၃ ) ရက်နေ့ကို ( ၁၉/၂၀ ) ရာသီရဲ့ နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားပုံရပါတယ်။

ဒါကြောင့် သြဂုတ်လ ( ၂၄ ) ရက်နေ့မှာ အဆိုပါ burofax ကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ အချိန်က ဘာစီလိုနာဥက္ကဌဖြစ်တဲ့ ဘာတိုမြူက အပိုဒ် ( ၃.၁ ) ရဲ့ အခြေအနေက ကိုရိုနာဗိုင်းရပ်နဲ့ သက်ဆိုင်မှုမရှိကြောင်း ပြောဆိုခဲ့ပြီး မက်ဆီရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ငြင်းပယ်ခဲ့ပါတယ်။

မက်ဆီကလညိး သူချစ်တဲ့ အသင်းနဲ့ တရားမရင်ဆိုင်လိုတဲ့အတွက် ( ၂၀၂၀ ) စက်တင်ဘာ ( ၄ ) ရက်နေ့မှာ ဘာစီလိုနာ၌ ဆက်ရှိနေမယ်လို့ ကြေညာခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာစီလိုနာအသင္းကေန ထြက္ခြာခြင့္ေတာင္းခဲ့တဲ့ မက္ဆီရဲ႕စာ ေပါက္ၾကား

၂၀၂၀ ၊ ၾသဂုတ္လ ( ၂၄ ) ရက္ေန႔မွာ လီယြန္နယ္ မက္ဆီဟာ အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႔ အသင္းေျပာင္းေ႐ြ႕ခြင့္‌ေပးဖို႔ ဘာစီလိုနာအသင္းထံ burofax ေပးပို႔ကာ ေတာင္းဆိုခဲ့ဖူးပါတယ္။ လက္ရွိမွာေတာ့ လီယိုရဲ႕ ဆႏၵမျပည့္ဝခဲ့တဲ့ အဆိုပါ စာ႐ြက္စာတမ္း အျပည့္အစုံ ေပါက္ၾကားလာခဲ့ပါတယ္။

စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Mundo Deportivo က မက္ဆီေပးပို႔ခဲ့တဲ့ အဆိုပါ burofax ကို ထုတ္ေဝခဲ့ၿပီး အာဂ်င္တီနားၾကယ္ပြင့္အေနနဲ႔ အသင္းေျပာင္းေ႐ြ႕ဖို႔ ဆႏၵရွိခဲ့တယ္ဆိုတာ ျမင္ေတြ႕ရပါတယ္ ။ လီယိုရဲ႕ ( ၂၀၁၇ ) ခုႏွစ္က ဘာဆာနဲ႔ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္မွာ ( ၂၀၁၉ / ၂၀ ) ရာသီ ကုန္ဆုံးခ်ိန္တြင္ အလြတ္ေျပာင္းေ႐ြ႕ႏိုင္တယ္ဆိုတဲ့အခ်က္ကို ထည့္သြင္းထားပါတယ္။ ဒါေပမယ့္ ( ၂၀၂၀ ) ဇြန္လ ( ၁၀ ) ရက္ေန႔မတိုင္မီ အဆိုပါ အေၾကာင္းအရာကို အသင္းထံ အသိေပးရမယ္လို႔ ပါရွိပါတယ္။

Burofax ရဲ႕အစမွာ လီယိုက “ ( ၂၀၁၇ ) ႏိုဝင္ဘာလ ( ၂၅ ) ရက္ေန႔မွာ ခ်ဳပ္ဆိုခဲ့တဲ့စာခ်ဳပ္ရဲ႕ အပိုဒ္ ( ၃.၁ ) အရ ကြၽန္ေတာ့္အေနနဲ႔ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ဆႏၵရွိေၾကာင္း ေျပာၾကားလိုပါတယ္။”လို႔ ေရးသားထားပါတယ္။

မက္ဆီက အဆိုပါ ေတာင္းဆိုမႈကို ၾသဂုတ္လ ( ၂၄ ) ရက္ေန႔မွသာ ေပးပို႔ခဲ့တဲ့အတြက္ သတ္မွတ္ထားတဲ့ ဇြန္လ ( ၁၀ ) ရက္ထက္ ( ၂ ) လ ေက်ာ္လြန္ေနခဲ့ပါတယ္။ ဒါေပမယ့္ မက္ဆီက ကို႐ိုဗိုင္းရပ္ေၾကာင့္ ေဘာလုံးပြဲစဥ္ရပ္နားခဲ့ရမႈေတြနဲ႔အတူ (၂၀၁၉/၂၀ ) ရာသီမွာ ထူးျခားတဲ့အေျခအေနေတြ ရင္ဆိုင္ခဲ့ရေၾကာင္း ေထာက္ျပခဲ့ပါတယ္။ ေနာက္ၿပီး “ ( ၂၀၁၉ /၂၀ ) ေဘာလုံးရာသီက မေန႔က ၿပီးဆုံးသြားခဲ့ပါတယ္။”လို႔ ေဖာ္ျပထားတဲ့အတြက္ လီယိုဟာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကစားခဲ့တဲ့ ၾသဂုတ္လ ( ၂၃ ) ရက္ေန႔ကို ( ၁၉/၂၀ ) ရာသီရဲ႕ ေနာက္ဆုံးေန႔အျဖစ္ သတ္မွတ္ထားပုံရပါတယ္။ ဒါေၾကာင့္ ၾသဂုတ္လ ( ၂၄ ) ရက္ေန႔မွာ အဆိုပါ burofax ကို ေပးပို႔ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အဆိုပါ အခ်ိန္က ဘာစီလိုနာဥကၠဌျဖစ္တဲ့ ဘာတိုျမဴက အပိုဒ္ ( ၃.၁ ) ရဲ႕ အေျခအေနက ကို႐ိုနာဗိုင္းရပ္နဲ႔ သက္ဆိုင္မႈမရွိေၾကာင္း ေျပာဆိုခဲ့ၿပီး မက္ဆီရဲ႕ ေတာင္းဆိုမႈကို လိုက္ေလ်ာဖို႔ ျငင္းပယ္ခဲ့ပါတယ္။ မက္ဆီကလညိး သူခ်စ္တဲ့ အသင္းနဲ႔ တရားမရင္ဆိုင္လိုတဲ့အတြက္ ( ၂၀၂၀ ) စက္တင္ဘာ ( ၄ ) ရက္ေန႔မွာ ဘာစီလိုနာ၌ ဆက္ရွိေနမယ္လို႔ ေၾကညာခဲ့ပါတယ္။