ဘာစီလိုနာအတွက် လာပေါ်တာ ခေါ်ယူခဲ့တဲ့ ဂန္တဝင်ကစားသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာပေါ်တာဟာ မတ်လ ( ၇ ) ရက် ၊ တနင်္ဂနွေနေ့ ရွေးကောက်ပွဲအပြီးမှာ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ် ဖြစ်လာပါတယ်။ အသင်းအဖွဲ့ဝင် ( ၅၅ , ၆၁၁ ) ဦးက မဲပေးရွေးချယ်ခဲ့ကြပြီး လာပေါ်တာက ထောက်ခံမဲ ( ၅၄ . ၃ ) ရာခိုင်နှုန်း ရရှိခဲ့ပြီး ပြိုင်ဘက်တွေဖြစ်တဲ့ ဖောင့်က ( ၃၀ ) ရာခိုင်နှုန်း နှင့် Freixa က ( ၉ ) ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပါတယ်။

လာပေါ်တာဟာ ( ၂၀၀၃ ) ခုနှစ်မှာ ဘာစီလိုနာအသင်း ဥက္ကဌအဖြစ် တာဝန်ယူခဲ့ဖူးပြီး ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် တည်ဆောက်ခဲ့ပြီးနောက် ( ၇ ) နှစ်အကြာမှာ အနားယူခဲ့ပါတယ်။ နည်းပြ ပက်ဂွာဒီယိုလာ ၊အင်နီယေစတာ ၊ ဇာဗီ ၊ လီယွန်နယ် မက်ဆီတို့နဲ့အတူ ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးအသင်းတစ်သင်းကို တည်ဆောက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် လာပေါ်တာဟ အသင်းရဲ့ လာမာစီယာ အကယ်ဒမီကနေ ကစားသမားကောင်းတွေများစွာ မွေးထုတ်ပေးနိုင်ခဲ့သလို နာမည်ကြီး ဂန္တဝင်ကစားသမားတွေကိုလည်း ခေါ်ယူပေးခဲ့ပါတယ်။ ( ၂၀၁၀ ) နွေရာသီမှာ တိုက်စစ်မှူး ဒေးဗစ်ဗီလာကို ဗလင်စီယာ အသင်းကနေ ယူရို သန်း ( ၄၀ ) နဲ့ ခေါ်ယူနိုင်ခဲ့ပြီး ( ၂၀၀၈ ) ခုနှှစ်မှာ ညာနောက်ခံကစားသမားဖြစ်တဲ့ ဒန်နီ အဲဗတ်ကို ဆီဗီလာအသင်းကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် ( ၂၀၀၈ ) ခုနှစ်မှာပဲ လာပေါ်ဟာ ဘာစီလိုနာလူငယ်ကစားသမာဟောင်း တစ်ဦးဖြစ်တဲ့ ဂျာရတ်ပီကေးကို မန်ချက်စတာ ယူနိုက်တက်အသင်းထံကနေ ပြန်လည် ခေါ်ယူနိုင်ခဲ့ပါတယ်။ ( ၂၀၀၇ ) ခုနှစ် ဇွန်လမှာတော့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးကြီး အွန်နရီကို ခေါ်ယူနိုင်ခဲ့ပြီး ( ၂၀၀၄ ) ခုနှစ်မှာတော့ ကင်မရွန်း ဂန္တဝင်ကစားသမား အီတူးကို မာလော့ကာ အသင်းကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။

အီတူးဟာ ( ၂၀၀၃ ) ခုနှစ်မှာ ဘာစီလိုနာအသင်းထံ ပြောင်းရွေ့လာတဲ့ ဘရာဇီးတိုက်စစ်မှူး ‌ေရာ်နယ်ဒင်ဟိုနဲ့ အတူ ( ၂၀၀၆ ) ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပြီး ( ၂၀၀၉ ) ခုနှစ်မှာတော့ မက်ဆီ ၊ အွန်နရီ တို့နဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို ထပ်မံရရှိခဲ့ပါတယ်။

( ၂၀၀၉ ) ခုနှစ်နွေရာသီမှာတော့ ဇလာတန်အီဗရာဟီမိုဗစ်ကို အင်တာမီလန်အသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ( ၂၀၀၄ ) ခုနှစ်မှာလည်း ပေါ်တူဂီ တိုက်စစ်မှူး ဒေကိုကို ပေါ်တိုအသင်းကနေ ခေါ်ယူပေးခဲပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘာစီလိုနာအတြက္ လာေပၚတာ ေခၚယူခဲ့တဲ့ ဂႏၲဝင္ကစားသမားမ်ား

လာေပၚတာဟာ မတ္လ ( ၇ ) ရက္ ၊ တနဂၤေႏြေန႔ ေ႐ြးေကာက္ပြဲအၿပီးမွာ ဘာစီလိုနာအသင္းရဲ႕ ဥကၠဌသစ္ ျဖစ္လာပါတယ္။ အသင္းအဖြဲ႕ဝင္ ( ၅၅ , ၆၁၁ ) ဦးက မဲေပးေ႐ြးခ်ယ္ခဲ့ၾကၿပီး လာေပၚတာက ေထာက္ခံမဲ ( ၅၄ . ၃ ) ရာခိုင္ႏႈန္း ရရွိခဲ့ၿပီး ၿပိဳင္ဘက္ေတြျဖစ္တဲ့ ေဖာင့္က ( ၃၀ ) ရာခိုင္ႏႈန္း ႏွင့္ Freixa က ( ၉ ) ရာခိုင္ႏႈန္း ပိုင္ဆိုင္ခဲ့ပါတယ္။

လာေပၚတာဟာ ( ၂၀၀၃ ) ခုႏွစ္မွာ ဘာစီလိုနာအသင္း ဥကၠဌအျဖစ္ တာဝန္ယူခဲ့ဖူးၿပီး ကမာၻ႔အေကာင္းဆုံးအသင္းအျဖစ္ တည္ေဆာက္ခဲ့ၿပီးေနာက္ ( ၇ ) ႏွစ္အၾကာမွာ အနားယူခဲ့ပါတယ္။ နည္းျပ ပက္ဂြာဒီယိုလာ ၊အင္နီေယစတာ ၊ ဇာဗီ ၊ လီယြန္နယ္ မက္ဆီတို႔နဲ႔အတူ ေဘာလုံးေလာကရဲ႕ အေအာင္ျမင္ဆုံးအသင္းတစ္သင္းကို တည္ေဆာက္ႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ လာေပၚတာဟ အသင္းရဲ႕ လာမာစီယာ အကယ္ဒမီကေန ကစားသမားေကာင္းေတြမ်ားစြာ ေမြးထုတ္ေပးႏိုင္ခဲ့သလို နာမည္ႀကီး ဂႏၲဝင္ကစားသမားေတြကိုလည္း ေခၚယူေပးခဲ့ပါတယ္။ ( ၂၀၁၀ ) ေႏြရာသီမွာ တိုက္စစ္မႉး ေဒးဗစ္ဗီလာကို ဗလင္စီယာ အသင္းကေန ယူ႐ို သန္း ( ၄၀ ) နဲ႔ ေခၚယူႏိုင္ခဲ့ၿပီး ( ၂၀၀၈ ) ခုႏွွစ္မွာ ညာေနာက္ခံကစားသမားျဖစ္တဲ့ ဒန္နီ အဲဗတ္ကို ဆီဗီလာအသင္းကေန ေခၚယူႏိုင္ခဲ့ပါတယ္။

အဲ့ဒီေနာက္ ( ၂၀၀၈ ) ခုႏွစ္မွာပဲ လာေပၚဟာ ဘာစီလိုနာလူငယ္ကစားသမာေဟာင္း တစ္ဦးျဖစ္တဲ့ ဂ်ာရတ္ပီေကးကို မန္ခ်က္စတာ ယူႏိုက္တက္အသင္းထံကေန ျပန္လည္ ေခၚယူႏိုင္ခဲ့ပါတယ္။ ( ၂၀၀၇ ) ခုႏွစ္ ဇြန္လမွာေတာ့ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးႀကီး အြန္နရီကို ေခၚယူႏိုင္ခဲ့ၿပီး ( ၂၀၀၄ ) ခုႏွစ္မွာေတာ့ ကင္မ႐ြန္း ဂႏၲဝင္ကစားသမား အီတူးကို မာေလာ့ကာ အသင္းကေန ေခၚယူႏိုင္ခဲ့ပါတယ္။

အီတူးဟာ ( ၂၀၀၃ ) ခုႏွစ္မွာ ဘာစီလိုနာအသင္းထံ ေျပာင္းေ႐ြ႕လာတဲ့ ဘရာဇီးတိုက္စစ္မႉး ‌ေရာ္နယ္ဒင္ဟိုနဲ႔ အတူ ( ၂၀၀၆ ) ခ်န္ပီယံလိဂ္ဖလား ရယူႏိုင္ခဲ့ၿပီး ( ၂၀၀၉ ) ခုႏွစ္မွာေတာ့ မက္ဆီ ၊ အြန္နရီ တို႔နဲ႔အတူ ခ်န္ပီယံလိဂ္ဆုဖလားကို ထပ္မံရရွိခဲ့ပါတယ္။ ( ၂၀၀၉ ) ခုႏွစ္ေႏြရာသီမွာေတာ့ ဇလာတန္အီဗရာဟီမိုဗစ္ကို အင္တာမီလန္အသင္းကေန ကမာၻ႔စံခ်ိန္တင္ ေျပာင္းေ႐ြ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့ၿပီး ( ၂၀၀၄ ) ခုႏွစ္မွာလည္း ေပၚတူဂီ တိုက္စစ္မႉး ေဒကိုကို ေပၚတိုအသင္းကေန ေခၚယူေပးခဲပါတယ္။