
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဗလန်စီယာကို တနင်္ဂနွေညက ၃-၂ဂိုးဖြင့် အနိုင်ရတဲ့ ပွဲမှာ မက်ဆီဟာ သူရဲ့ ဘာစီလိုနာကစားသမားဘ၀ ဖရီးကစ် ဂိုး ၅၀ မြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။
အက်သလက်တီကိုမက်ဒရစ် နဲ့ ရီးရဲလ်မက်ဒရစ်တို့ အနိုင်ရရှိထားခဲ့လို့ ဗလန်စီယာနဲ့ပွဲကို သတိကြီးကြီးထားကစားခဲ့ရတဲ့ ဘာစီလိုနာဟာ မက်ဆီရဲ့သွင်းဂိုးတွေကြောင့် အဝေးကွင်းမှာ အနိုင်ရပြီး ထိပ်ဆုံးနှစ်သင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။
ဘာကာတို့ ခက်ခက်ခဲခဲကစားခဲ့ရပြီး နိုင်ပွဲရခဲ့တာကြောင့် အေတီကိုနဲ့ ၂မှတ်ကွာ၊ ရီးရဲလ်နဲ့ အမှတ်တူ၊ တတိယနေရာမှာ ဆက်လက်ရှိနေခဲ့ပါတယ်။
ပယ်လစ္စတာက ပွဲချိန် မိနစ် ၅၀ မှာ ဦးဆောင်ဂိုးသွင်းယူခဲ့လို့ ဘာစီလိုနာ နောက်ကလိုက်ကစားခဲ့ရပြီး ၅၇ မိနစ်မှာ မက်ဆီက ပြန်လည်ချေပပေးခဲ့ပါတယ်။
၆၃ မိနစ်မှာ ဂရစ်မန်း၊ ၆၉ မိနစ်မှာ မက်ဆီတို့က ဂိုးတွေဆက်တိုက်သွင်းပြီး ဦးဆောင်ခဲ့ပေမယ့် ကားလို့စ်ဆိုလာက ၈၃ မိနစ်မှာ တစ်ဂိုးပြန်ချေပကာ နောက်ဆုံးအချိန်ထိ ဘာစီလိုနာကို ဖိအားပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း ဂိုးထပ်မရခဲ့လို့ အရေးနိမ့်သွားခဲ့ပါတယ်။
မက်ဆီအနေနဲ့ အဲဒီပွဲမှာ ပယ်နယ်တီလွဲချော်ခဲ့ပေမယ့် အဲဒီ ပယ်နယ်တီကို ကာကွယ်လို့ ပြန်လျှံထွက်လာရာကနေ ဘာစီလိုနာကစားသမားတွေက လိုက်လံဆယ်ယူခဲ့ပြီး ဂိုးပေါက်ရှေ့ကန်တင်ပေးရာကနေ မက်ဆီက ဂိုးပြန်သွင်းယူနိုင်ခဲ့ပါတယ်။
မက်ဆီရဲ့ နောက်တစ်ဂိုးကတော့ လှပတဲ့ဖရီးကစ်ကန်သွင်းချက်ကနေ ရယူနိုင်ခဲ့တာပါ။
အဲဒါဟာ ဂရန်နာဒါ၊ ဘီလ်ဘာအိုပွဲတွေမှာ ဖရီးကစ်ကနေ သွင်းယူပြီးနောက် မက်ဆီရဲ့ ယခုနှစ်အတွင်း တတိယမြောက် ဖရီးကစ်ဂိုး ဖြစ်ခဲ့ပါတယ်။
အသက် ၃၂ နှစ်သားအတွက် အများဆုံးဖရီးကစ်ဂိုး ရရှိခဲ့တာက ၂၀၁၈-၁၉ရာသီဖြစ်ပြီး ၈ကြိမ် ဂိုးသွင်းနိုင်ခဲ့ပါတယ်။
၂၀၁၅-၁၆ရာသီ၊ ၂၀၁၇-၁၈ရာသီတွေမှာလည်း ဖရီးကစ် ၇ဂိုးအထိ ရယူခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးဖရီးကစ်က ၂၀၀၈-၁၉ရာသီ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဖရီးကစ်(၅)ဂိုး ရခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဘာစီလိုနာအတြက္ ဖရီးကစ္ေတြနဲ႔ႀကိဳးစားေပးေနတဲ့ မက္ဆီ
ဗလန္စီယာကို တနဂၤေႏြညက ၃-၂ဂိုးျဖင့္ အႏိုင္ရတဲ့ ပြဲမွာ မက္ဆီဟာ သူရဲ႕ ဘာစီလိုနာကစားသမားဘ၀ ဖရီးကစ္ ဂိုး၅၀ေျမာက္ကို သြင္းယူႏိုင္ခဲ့ပါတယ္။
အက္သလက္တီကိုမက္ဒရစ္ နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ အႏိုင္ရရွိထားခဲ့လို႔ ဗလန္စီယာနဲ႔ပြဲကို သတိႀကီးႀကီးထားကစားခဲ့ရတဲ့ ဘာစီလိုနာဟာ မက္ဆီရဲ႕သြင္းဂိုးေတြေၾကာင့္ အေဝးကြင္းမွာ အႏိုင္ရၿပီး ထိပ္ဆုံးႏွစ္သင္းကို ဆက္လက္ဖိအားေပးႏိုင္ခဲ့ပါတယ္။
ဘာကာတို႔ ခက္ခက္ခဲခဲကစားခဲ့ရၿပီး ႏိုင္ပြဲရခဲ့တာေၾကာင့္ ေအတီကိုနဲ႔ ၂မွတ္ကြာ၊ ရီးရဲလ္နဲ႔ အမွတ္တူ၊ တတိယေနရာမွာ ဆက္လက္ရွိေနခဲ့ပါတယ္။
ပယ္လစၥတာက ပြဲခ်ိန္ မိနစ္ ၅၀ မွာ ဦးေဆာင္ဂိုးသြင္းယူခဲ့လို႔ ဘာစီလိုနာ ေနာက္ကလိုက္ကစားခဲ့ရၿပီး ၅၇ မိနစ္မွာ မက္ဆီက ျပန္လည္ေခ်ပေပးခဲ့ပါတယ္။ ၆၃ မိနစ္မွာ ဂရစ္မန္း၊ ၆၉ မိနစ္မွာ မက္ဆီတို႔က ဂိုးေတြဆက္တိုက္သြင္းၿပီး ဦးေဆာင္ခဲ့ေပမယ့္ ကားလို႔စ္ဆိုလာက ၈၃ မိနစ္မွာ တစ္ဂိုးျပန္ေခ်ပကာ ေနာက္ဆုံးအခ်ိန္ထိ ဘာစီလိုနာကို ဖိအားေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း ဂိုးထပ္မရခဲ့လို႔ အေရးနိမ့္သြားခဲ့ပါတယ္။
မက္ဆီအေနနဲ႔ အဲဒီပြဲမွာ ပယ္နယ္တီလြဲေခ်ာ္ခဲ့ေပမယ့္ အဲဒီ ပယ္နယ္တီကို ကာကြယ္လို႔ ျပန္လွ်ံထြက္လာရာကေန ဘာစီလိုနာကစားသမားေတြက လိုက္လံဆယ္ယူခဲ့ၿပီး ဂိုးေပါက္ေရွ႕ကန္တင္ေပးရာကေန မက္ဆီက ဂိုးျပန္သြင္းယူႏိုင္ခဲ့ပါတယ္။
မက္ဆီရဲ႕ ေနာက္တစ္ဂိုးကေတာ့ လွပတဲ့ဖရီးကစ္ကန္သြင္းခ်က္ကေန ရယူႏိုင္ခဲ့တာပါ။ အဲဒါဟာ ဂရန္နာဒါ၊ ဘီလ္ဘာအိုပြဲေတြမွာ ဖရီးကစ္ကေန သြင္းယူၿပီးေနာက္ မက္ဆီရဲ႕ ယခုႏွစ္အတြင္း တတိယေျမာက္ ဖရီးကစ္ဂိုး ျဖစ္ခဲ့ပါတယ္။
အသက္၃၂ႏွစ္သားအတြက္ အမ်ားဆုံးဖရီးကစ္ဂိုး ရရွိခဲ့တာက ၂၀၁၈-၁၉ရာသီျဖစ္ၿပီး ၈ႀကိမ္ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ၂၀၁၅-၁၆ရာသီ၊ ၂၀၁၇-၁၈ရာသီေတြမွာလည္း ဖရီးကစ္ ၇ဂိုးအထိ ရယူခဲ့ပါတယ္။သူ႔ရဲ႕ ပထမဆုံးဖရီးကစ္က ၂၀၀၈-၁၉ရာသီ ျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက ဖရီးကစ္(၅)ဂိုး ရခဲ့ပါတယ္။