ဘာစီလိုနာအတွက်ဂိုးသွင်းပြီး မာရာဒိုနာရဲ့ကျောနံပါတ်ပါ နယူးအိုဝဲလ်ဂျာစီနဲ့ အတူ မိုးပေါ်လက်ထောင်ပြီး မက်ဆီ အောင်ပွဲခံဂုဏ်ပြုခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိုဆာဆူနာအသင်းကို ၄ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်မှူးမက်ဆီဟာ ၄ ဂိုး မြောက်ဂိုးကိုသွင်းယူသွားတဲ့အချိန်မှာတော့ ကစားဖော်တွေနဲ့ ပရိသတ်တွေ မထင်မှတ်တဲ့အပြုအမူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အဲဒါကတော့ သူ့ရဲ့ ဘာစီလိုနာဂျာစီအင်္ကျီအောက်မှာ ထည့်ဝတ်ထားတဲ့ သူ ငယ်ငယ်တုန်းက ကစားခဲ့တဲ့ အာဂျင်တီးနား ကလပ်အသင်း နယူးအိုဝဲလ်အသင်းရဲ့ဂျာစီကို ထုတ်ဖော်ပြသခဲ့တာပါပဲ။

နယူးအိုဝဲလ်အသင်းမှာ မာရာဒိုနာလည်း ကစားခဲ့ဖူးပြီး မာရာဒိုနာဝတ်ဆင်တဲ့ ကျောနံပါတ် ၁၀ ကို မက်ဆီက အောက်ခံအဖြစ် ထည့်သွင်းဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ ဘာစီလိုနာအတွက် နောက်ဆုံးဂိုးကို သွင်းယူပြီး မက်ဆီဟာ ကစားဖော်တွေနဲ့အတူ ပွေ့ဖက်အောင်ပွဲခံခဲ့ပြီး သူ တစ်ယောက်တည်းကျန်နေရစ်ခဲ့တဲ့အချိန်မှာ ဘာစီလိုနာဂျာစီကိုချွတ်လိုက်ပြီး နယူးအိုဝဲလ်ဂျာစီနဲ့အတူ လက်နှစ်ဖက်ကို ကောင်းကင်ပေါ်ကိုရည်ညွှန်းပြီး မာရာဒိုနာကိုဂုဏ်ပြုညွှန်းဆိုတဲ့ပုံစံ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

မာရာဒိုနာဟာ နယူးအိုဝဲလ်အသင်းမှာ တစ်ရာသီကစားခဲ့ဖူးတဲ့သူ လည်းဖြစ်ပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက် မာရာဒိုနာနဲ့ အနီးစပ်ဆုံးတူညီတဲ့သူအဖြစ် မက်ဆီကို အားလုံးက သတ်မှတ်ထားကြပြီး မက်ဆီကိုယ်တိုင်ကတော့ သူ့ကို မာရာဒိုနာနဲ့နှိုင်းယှဉ်တာကို အခုလိုမျိုးပြောပြခဲ့ ဖူးပါတယ်။

မက်ဆီက “ကျွန်တော့်အနေနဲ့ နောက်ထပ်နှစ်ပေါင်းများစွာ ဘောလုံး ဆက်ကစားရင်တောင် မာရာဒိုနာကိုမီဖို့မဖြစ်နိုင်ပါဘူး။ သူဟာ ကျွန်တော်တို့ဆီကနေ ထွက်ခွာသွားပေမယ့် ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာ ထာဝရရှင်သန်နေ မယ့်သူပါ” လို့ နှိမ့်ချပြောဆိုသွားခဲ့ပါတယ်။

ဘောလုံးပရိသတ်တွေဟာ မာရာဒိုနာ တစ်ယောက် ၁၉၈၆ ကမ္ဘာ့ဖလားတုန်းက အင်္ဂလန်နောက်ခံလူ ၆ ဦးကို လိမ်ခေါက်ကျော်ဖြတ်ပြီး ဂိုးသွင်းခဲ့တဲ့ပုံစံမျိုး မက်ဆီက ဂီတာဖေးဘက်ကို အနီးစပ်ဆုံးသွင်းယူသွားခဲ့တဲ့အပြင် အာဂျင်တီးနားလူမျိုးချင်းဖြစ်ပြီး ဘယ်သန် ခြင်းလည်းတူတာကြောင့် မက်ဆီကို မာရာဒိုနာနဲ့နှိုင်းယှဉ်ချီးကျူးမှုတွေ ပြုလုပ်နေ ကြတာပါ။

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်တုန်းက မက်ဆီ အသက် ၁၈ နှစ်မှာ မာရာဒိုနာ က ၄၅ နှစ်ဖြစ်ပြီး နယူးအိုဝဲလ်အသင်းမှာ တွေ့ဆုံခဲ့ဖူးပါတယ်။ မာရာဒိုနာဟာ မက်ဆီကို နိုင်ငံလက်ရွေးစင်နည်းပြအဖြစ် ၂၀၀၈ ကနေ ၂၀၁၀ အတွင်း နည်းပြ ခဲ့ဖူးပြီး မီဒီယာတွေက သူ့ကို မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းကို ၂ ယောက်စလုံး ထူးချွန်ကောင်းမွန်တဲ့ ကစားသမားတွေဖြစ်ကြောင်း၊ ကျန်တဲ့ဘောလုံးသမားတွေအားလုံးက ဒီ ၂ ယောက်ကိုမမီတဲ့အကြောင်း ပြောကြားခဲ့ဖူးပါတယ်။

မက်ဆီအနေနဲ့ အခုလိုမျိုး ပြုလုပ်ခဲ့တာကို ကော်တင်ဟိုနဲ့ ဂရစ်ဇ်မန်းတို့လို အသင်းဖော်တွေတောင်မသိရှိဘဲ လေးစားဖို့ကောင်းတဲ့လုပ်ရပ် အဖြစ် ချီးကျူးခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာစီလိုနာအတြက္ဂိုးသြင္းၿပီး မာရာဒိုနာရဲ႕ေက်ာနံပါတ္ပါ နယူးအို၀ဲလ္ဂ်ာစီနဲ႔ အတူ မုိးေပၚလက္ေထာင္ၿပီး မက္ဆီ ေအာင္ပြဲခံဂုဏ္ျပဳခဲ့

အိုဆာဆူနာအသင္းကို ၄ ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ တိုက္စစ္မွဴးမက္ဆီဟာ ၄ ဂိုး ေျမာက္ဂိုးကိုသြင္းယူသြားတဲ့အခ်ိန္မွာေတာ့ ကစားေဖာ္ေတြနဲ႔ ပရိသတ္ေတြ မထင္မွတ္တဲ့အျပဳအမူတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ သူ႕ရဲ႕ ဘာစီလိုနာဂ်ာစီအက်ၤီေအာက္မွာ ထည့္၀တ္ထားတဲ့ သူ ငယ္ငယ္တုန္းက ကစားခဲ့တဲ့ အာဂ်င္တီးနား ကလပ္အသင္း နယူးအို၀ဲလ္အသင္းရဲ႕ဂ်ာစီကို ထုတ္ေဖာ္ျပသခဲ့တာပါပဲ။

နယူးအို၀ဲလ္အသင္းမွာ မာရာဒိုနာလည္း ကစားခဲ့ဖူးၿပီး မာရာဒိုနာ၀တ္ဆင္တဲ့ ေက်ာနံပါတ္ ၁၀ ကို မက္ဆီက ေအာက္ခံအျဖစ္ ထည့္သြင္း၀တ္ဆင္ထားတာ ျဖစ္ပါတယ္။ ဘာစီလိုနာအတြက္ ေနာက္ဆံုးဂိုးကို သြင္းယူၿပီး မက္ဆီဟာ ကစားေဖာ္ေတြနဲ႔အတူ ေပြ႕ဖက္ေအာင္ပြဲခံခဲ့ၿပီး သူ တစ္ေယာက္တည္းက်န္ေနရစ္ခဲ့တဲ့အခ်ိန္မွာ ဘာစီလိုနာဂ်ာစီကိုခၽြတ္လိုက္ၿပီး နယူးအို၀ဲလ္ဂ်ာစီနဲ႔အတူ လက္ႏွစ္ဖက္ကို ေကာင္းကင္ေပၚကိုရည္ညႊန္းၿပီး မာရာဒိုနာကိုဂုဏ္ျပဳညႊန္းဆိုတဲ့ပံုစံ ျပဳလုပ္ခဲ့တာလည္း ျဖစ္ပါတယ္။

မာရာဒိုနာဟာ နယူးအို၀ဲလ္အသင္းမွာ တစ္ရာသီကစားခဲ့ဖူးတဲ့သူ လည္းျဖစ္ပါတယ္။ ေဘာလံုးသမိုင္းတစ္ေလွ်ာက္ မာရာဒိုနာနဲ႔ အနီးစပ္ဆံုးတူညီတဲ့သူအျဖစ္ မက္ဆီကို အားလံုးက သတ္မွတ္ထားၾကၿပီး မက္ဆီကိုယ္တုိင္ကေတာ့ သူ႕ကို မာရာဒိုနာနဲ႔ႏႈိင္းယွဥ္တာကို အခုလိုမ်ဳိးေျပာျပခဲ့ ဖူးပါတယ္။ မက္ဆီက “ကၽြန္ေတာ့္အေနနဲ႔ ေနာက္ထပ္ႏွစ္ေပါင္းမ်ားစြာ ေဘာလံုုး ဆက္ကစားရင္ေတာင္ မာရာဒိုနာကိုမီဖို႔မျဖစ္ႏိုင္ပါဘူး။ သူဟာ ကၽြန္ေတာ္တို႔ဆီကေန ထြက္ခြာသြားေပမယ့္ ကၽြန္ေတာ္တို႔ရဲ႕ႏွလံုးသားထဲမွာ ထာ၀ရရွင္သန္ေန မယ့္သူပါ” လို႔ ႏွိမ့္ခ်ေျပာဆိုသြားခဲ့ပါတယ္။

ေဘာလံုးပရိသတ္ေတြဟာ မာရာဒိုနာ တစ္ေယာက္ ၁၉၈၆ ကမာၻ႔ဖလားတုန္းက အဂၤလန္ေနာက္ခံလူ ၆ ဦးကို လိမ္ေခါက္ေက်ာ္ျဖတ္ၿပီး ဂိုးသြင္းခဲ့တဲ့ပံုစံမ်ဳိး မက္ဆီက ဂီတာေဖးဘက္ကို အနီးစပ္ဆံုးသြင္းယူသြားခဲ့တဲ့အျပင္ အာဂ်င္တီးနားလူမ်ဳိးခ်င္းျဖစ္ၿပီး ဘယ္သန္ ျခင္းလည္းတူတာေၾကာင့္ မက္ဆီကို မာရာဒိုနာနဲ႔ႏႈိင္းယွဥ္ခ်ီးက်ဴးမႈေတြ ျပဳလုပ္ေန ၾကတာပါ။

လြန္ခဲ့တဲ့ ၂၀၀၅ ခုႏွစ္တုန္းက မက္ဆီ အသက္ ၁၈ ႏွစ္မွာ မာရာဒိုနာ က ၄၅ ႏွစ္ျဖစ္ၿပီး နယူးအို၀ဲလ္အသင္းမွာ ေတြ႕ဆံုခဲ့ဖူးပါတယ္။ မာရာဒိုနာဟာ မက္ဆီကို ႏုိင္ငံလက္ေရြးစင္နည္းျပအျဖစ္ ၂၀၀၈ ကေန ၂၀၁၀ အတြင္း နည္းျပ ခဲ့ဖူးၿပီး မီဒီယာေတြက သူ႕ကို မက္ဆီနဲ႔ စီေရာ္နယ္ဒို ဘယ္သူပိုေကာင္းလဲဆိုတဲ့ ေမးခြန္းကို ၂ ေယာက္စလံုး ထူးခၽြန္ေကာင္းမြန္တဲ့ ကစားသမားေတြျဖစ္ေၾကာင္း၊ က်န္တဲ့ေဘာလံုးသမားေတြအားလံုးက ဒီ ၂ ေယာက္ကိုမမီတဲ့အေၾကာင္း ေျပာၾကားခဲ့ဖူးပါတယ္။

မက္ဆီအေနနဲ႔ အခုလိုမ်ဳိး ျပဳလုပ္ခဲ့တာကို ေကာ္တင္ဟိုနဲ႔ ဂရစ္ဇ္မန္းတို႔လို အသင္းေဖာ္ေတြေတာင္မသိရွိဘဲ ေလးစားဖို႔ေကာင္းတဲ့လုပ္ရပ္ အျဖစ္ ခ်ီးက်ဴးခဲ့ၾကပါတယ္။