ဘာစီလိုနာလို ခြေမချော်ဘဲ အက်သလက်တီကို အနောက်က ထပ်ကြပ်မကွာလိုက်နေတဲ့ ရီးရဲလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ထိပ်ဆုံးက အက်သလက်တီကိုနောက်ကို အမီလိုက်နေတဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ ၂သင်းမှာ ဘာစီလိုနာက လီဗန်တေးကို သရေကျပြီး ခြေချော်ခဲ့ပေမယ့် ရီးရဲလ်ကတော့ ဂရန်နာဒါကို ဖိဖိစီးစီးကစားပြီး အဝေးကွင်းမှာ ၁-၄နဲ့ယူခဲ့နိုင်ပါတယ်။

ဒါကြောင့် လာလီဂါချန်ပီယံ ဆုဖလားတိုက်ပွဲဟာ လက်ကျန်၂ပွဲအလိုမှာ ရီးရဲလ်ဟာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်နဲ့ ၂ မှတ်ကွာဟနေပြီး ၁ပွဲခြေချော်တာနဲ့ အလှည့်အပြောင်း ဝင်ယူသွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဂရန်နာဒါနဲ့ပွဲမှာ မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေတာကြောင့် ရီးရဲလ်နည်းပြ ဇီဒန်းက လူစုံထုတ်ခဲ့ပြီး ဖိဖိစီးစီးကစားခဲ့ပါတယ်။

ဒါကြောင့် ရီးရဲလ်ဟာ ကစားကွက်နဲ့ ခြေစွမ်းပိုင်းမှာ အသာစီးရရှိခဲ့ပြီး ပထမပိုင်းမှာ ၂ဂိုး၊ ဒုတိယပိုင်းမှာ ၂ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ခြေစွမ်းမာကျောတဲ့ ဂရန်နာဒါဟာ ရီးရဲလ်ရဲ့ ချန်ပီယံဖြစ်ချင်ဇောကို မတောင့်ခံနိုင်တော့ဘဲ ချေပဂိုးတစ်ဂိုးရတာနဲ့သာ ကျေနပ်ခဲ့ရပြီး အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။

ရီးရဲလ်အတွက် မိုဒရစ်၊ ရိုဒရီဂို၊ အိုဒရီအိုဇိုလာနဲ့ ဘန်ဇီမားတို့က ဂိုးတွေသွင်းယူပေးခဲ့ကြပြီး ချန်ပီယံဆုအတွက် အသက်သွင်းနိုင်ခဲ့ပါတယ်။

လက်ကျန်၂ပွဲစလုံးကို အက်သလက်တီကိုက အနိုင်ရခဲ့မယ်ဆိုရင်တော့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပြီး တကယ်လို့ ၁ပွဲနိုင်၊ ၁ပွဲသရေကျပြီး

တစ်ဖက်မှာ ရီးရဲလ်မက်ဒရစ်က ၂ပွဲ စလုံးအနိုင်ရခဲ့မယ်ဆိုရင် ရမှတ်တူသွားမှာဖြစ်ပေမယ့် ထိပ်တိုက်တွေ့ဆုံမှုအသာရထားတဲ့ ရီးရဲလ်တို့ ဗိုလ်စွဲသွားမှာဖြစ်ပါတယ်။

ချန်ပီယံဆုအတွက် ဘာစီလိုနာက မကြာခဏ ခြေချော်နေပေမယ့် မက်ဒရစ်မြို့ခံ ၂သင်းကတော့ အမှားအယွင်းမရှိကစားနေပြီး အကြိတ်အနယ်ပိုဖြစ်နေပါတယ်။

အက်သလက်တီကိုအနေနဲ့ ၂ကောင်တည်းပြေးတဲ့မြင်းပုံစံဖြစ်နေတဲ့ စပိန်လာလီ၈ါမှာ ၂၀၁၄တုန်းက နောက်ဆုံးအကြိမ် ဖောက်ထွက်ဗိုလ်စွဲထားခဲ့တာပါ။

ရီးရဲလ်ဟာ လက်ကျန်နှစ်ပွဲစလုံးကို မာကျောမှုတွေရှိတဲ့ ဘီလ်ဘာအိုနဲ့ ဗီလာရီးရဲလ်တို့နဲ့ ကစားရမှာပါ။

ဒါပေမယ့် ဗီလာရီးရဲလ်က ယူရိုပါလိဂ်ဗိုလ်လုပွဲကို အားစိုက်နေမှာသေချာလို့ ရီးရဲလ်အတွက် အသာရနိုင်ပြီး ဘီလ်ဘာအိုနဲ့ ကန်ရမယ့် ၁၇ ရက်နေ့ပွဲက ပိုပြီးအရေးကြီးနေပါတယ်။

အက်သလက်တီကိုကတော့ အိမ်ကွင်းမှာ အိုဆာဆူနာ၊ အဝေးကွင်းမှာ ဗယ်လာဒိုလစ်တို့နဲ့ ကစားရမှာဖြစ်လို့ တန်းဆင်းအန္တရာယ်ရှိနေတဲ့ ဗယ်လာဒိုလစ်ပွဲကိုပဲ အာရုံစိုက်ရမှာဖြစ်ပြီး ရီးရဲလ်ထက်ပိုပြီး ပွဲချောင်တယ်လို့ ဆိုရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘာစီလိုနာလို ေျခမေခ်ာ္ဘဲ အက္သလက္တီကို အေနာက္က ထပ္ၾကပ္မကြာလိုက္ေနတဲ့ ရီးရဲလ္

ထိပ္ဆုံးက အက္သလက္တီကိုေနာက္ကို အမီလိုက္ေနတဲ့ ရီးရဲလ္နဲ႔ ဘာစီလိုနာတို႔ ၂သင္းမွာ ဘာစီလိုနာက လီဗန္ေတးကို သေရက်ၿပီး ေျခေခ်ာ္ခဲ့ေပမယ့္ ရီးရဲလ္ကေတာ့ ဂရန္နာဒါကို ဖိဖိစီးစီးကစားၿပီး အေဝးကြင္းမွာ ၁-၄နဲ႔ယူခဲ့ႏိုင္ပါတယ္။ ဒါေၾကာင့္ လာလီဂါခ်န္ပီယံ ဆုဖလားတိုက္ပြဲဟာ လက္က်န္၂ပြဲအလိုမွာ ရီးရဲလ္ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကိုမက္ဒရစ္နဲ႔ ၂ မွတ္ကြာဟေနၿပီး ၁ပြဲေျခေခ်ာ္တာနဲ႔ အလွည့္အေျပာင္း ဝင္ယူသြားႏိုင္တဲ့ အေျခအေနမွာ ရွိေနပါတယ္။

ဂရန္နာဒါနဲ႔ပြဲမွာ မျဖစ္မေနအႏိုင္ရဖို႔ လိုအပ္ေနတာေၾကာင့္ ရီးရဲလ္နည္းျပ ဇီဒန္းက လူစုံထုတ္ခဲ့ၿပီး ဖိဖိစီးစီးကစားခဲ့ပါတယ္။ ဒါေၾကာင့္ ရီးရဲလ္ဟာ ကစားကြက္နဲ႔ ေျခစြမ္းပိုင္းမွာ အသာစီးရရွိခဲ့ၿပီး ပထမပိုင္းမွာ ၂ဂိုး၊ ဒုတိယပိုင္းမွာ ၂ဂိုးသြင္းယူႏိုင္ခဲ့တာပါ။ ေျခစြမ္းမာေက်ာတဲ့ ဂရန္နာဒါဟာ ရီးရဲလ္ရဲ႕ ခ်န္ပီယံျဖစ္ခ်င္ေဇာကို မေတာင့္ခံႏိုင္ေတာ့ဘဲ ေခ်ပဂိုးတစ္ဂိုးရတာနဲ႔သာ ေက်နပ္ခဲ့ရၿပီး အိမ္ကြင္းမွာ အရႈံးေပးခဲ့ရပါတယ္။ ရီးရဲလ္အတြက္ မိုဒရစ္၊ ႐ိုဒရီဂို၊ အိုဒရီအိုဇိုလာနဲ႔ ဘန္ဇီမားတို႔က ဂိုးေတြသြင္းယူေပးခဲ့ၾကၿပီး ခ်န္ပီယံဆုအတြက္ အသက္သြင္းႏိုင္ခဲ့ပါတယ္။

လက္က်န္၂ပြဲစလုံးကို အက္သလက္တီကိုက အႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ေတာ့မွာျဖစ္ၿပီး တကယ္လို႔ ၁ပြဲႏိုင္၊ ၁ပြဲသေရက်ၿပီး တစ္ဖက္မွာ ရီးရဲလ္မက္ဒရစ္က ၂ပြဲ စလုံးအႏိုင္ရခဲ့မယ္ဆိုရင္ ရမွတ္တူသြားမွာျဖစ္ေပမယ့္ ထိပ္တိုက္ေတြ႕ဆုံမႈအသာရထားတဲ့ ရီးရဲလ္တို႔ ဗိုလ္စြဲသြားမွာျဖစ္ပါတယ္။

ခ်န္ပီယံဆုအတြက္ ဘာစီလိုနာက မၾကာခဏ ေျခေခ်ာ္ေနေပမယ့္ မက္ဒရစ္ၿမိဳ႕ခံ ၂သင္းကေတာ့ အမွားအယြင္းမရွိကစားေနၿပီး အႀကိတ္အနယ္ပိုျဖစ္ေနပါတယ္။ အက္သလက္တီကိုအေနနဲ႔ ၂ေကာင္တည္းေျပးတဲ့ျမင္းပုံစံျဖစ္ေနတဲ့ စပိန္လာလီ၈ါမွာ ၂၀၁၄တုန္းက ေနာက္ဆုံးအႀကိမ္ ေဖာက္ထြက္ဗိုလ္စြဲထားခဲ့တာပါ။

ရီးရဲလ္ဟာ လက္က်န္ႏွစ္ပြဲစလုံးကို မာေက်ာမႈေတြရွိတဲ့ ဘီလ္ဘာအိုနဲ႔ ဗီလာရီးရဲလ္တို႔နဲ႔ ကစားရမွာပါ။ ဒါေပမယ့္ ဗီလာရီးရဲလ္က ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို အားစိုက္ေနမွာေသခ်ာလို႔ ရီးရဲလ္အတြက္ အသာရႏိုင္ၿပီး ဘီလ္ဘာအိုနဲ႔ ကန္ရမယ့္ ၁၇ ရက္ေန႔ပြဲက ပိုၿပီးအေရးႀကီးေနပါတယ္။ အက္သလက္တီကိုကေတာ့ အိမ္ကြင္းမွာ အိုဆာဆူနာ၊ အေဝးကြင္းမွာ ဗယ္လာဒိုလစ္တို႔နဲ႔ ကစားရမွာျဖစ္လို႔ တန္းဆင္းအႏၲရာယ္ရွိေနတဲ့ ဗယ္လာဒိုလစ္ပြဲကိုပဲ အာ႐ုံစိုက္ရမွာျဖစ္ၿပီး ရီးရဲလ္ထက္ပိုၿပီး ပြဲေခ်ာင္တယ္လို႔ ဆိုရမွာပါ။