
Photo Credit
Photo Credit ; Getty Images
သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အဓိကတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ၄ဦးပါစာရင်းပြုစုထားပြီး ဇန်နဝါရီလအတွင်း အသက် ၃၃နှစ်ပြည့်တော့မယ့် ဆွာရက်ဇ်လည်း ၂၀၂၀ နွေရာသီမှာ အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေပါတယ်။
Photo Credit ; Getty Images
ဒီအတွက်ကြောင့် ဘာစီလိုနာအသင်းဟာ ဥရောပနာမည်ကြီးတိုက်စစ်မှူးတချို့ကို စာရင်းပြုစုထားပြီး မက်ဆီ၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီတို့ရဲ့တိုက်စစ်ကို ထပ်မံအင်အားဖြည့်တင်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။
Photo Credit
စပိန်သတင်းစာ Mundo Deportivo ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေ၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ ယူနိုက်တက်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်နဲ့ အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်တို့ကို ပစ်မှတ်ထားနေပေမယ့် လီဗာပူးကြယ်ပွင့် ဖာမီနိုကိုတော့ မထည့်သွင်းထားကြောင်း သိရပါတယ်။
Photo Credit
သူတို့ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူးတွေအားလုံးက ဘာစီလိုနာတိုက်စစ်ကို နှစ်ပေါင်းအတန်ကြာဦးဆောင်နိုင်လိမ့်မယ်လို့ အသင်းတာဝန်ရှိသူတွေက ယုံကြည်နေပြီး ဘရာဇီးလက်ရွေးစင် ဖာမီနိုကတော့ ဥရုဂွေးလက်ရွေးစင် ဆွာရက်ဇ်ထက် အသက် ၄နှစ်ပဲ ပိုငယ်ပါတယ်။
Photo Credit ; Getty Images
အဲဒီစာရင်းထဲမှာ ပြင်သစ်လက်ရွေးစင် ဘာပေက ဘာစီလိုနာအသင်းရဲ့အလိုချင်ဆုံးတိုက်စစ်မှူးဖြစ်ပေမယ့် နူးကမ့်အခြေစိုက်အသင်းအနေနဲ့ သူ့ကို ပီအက်စ်ဂျီအသင်းကနေ ခေါ်ထုတ်နိုင်ဖို့ဆိုရင် မြင့်မားတဲ့ပြောင်းရွှေ့ကြေး အသုံးပြုရဖို့ရှိနေပါတယ်။
Photo Credit
ဒါ့အပြင် ဘာစီလိုနာအသင်း ပစ်မှတ်ထားနေတဲ့တခြားကစားသမားတွေကလည်း သူတို့ရဲ့သက်ဆိုင်ရာကလပ်တွေမှာ အဓိကကစားသမားတွေအဖြစ် ရပ်တည်နေလို့ ဘယ်သူ့ကိုပဲခေါ်ခေါ် မြင့်မားတဲ့ပြောင်းရွှေ့ကြေး ပေးချေရဖွယ်ရှိနေပါတယ်။
Photo Credit
အင်္ဂလန်လက်ရွေးစင် ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ တစ်ပတ်လုပ်ခ ပေါင် ၂သိန်းတန် ၄နှစ်စာချုပ်ချုပ်ဆိုထားပေမယ့် ဖာမီနိုနဲ့ယှဉ်ရင်တော့ ဘာစီလိုနာအသင်းအတွက် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ရေးက ပိုမိုဖြစ်နိုင်ခြေရှိနေပါတယ်။
Photo Credit ; AFP / Getty Images
ဘာစီလိုနာအသင်းဟာ ၂၀၁၈ ဇန်နဝါရီလက ကွင်းလယ်လူကော်တင်ညိုကို လီဗာပူးအသင်းဆီကနေ ပေါင် ၁၄၅ သန်းနဲ့ခေါ်ယူခဲ့စဉ်က ၂၀၂၀ မတိုင်ခင် နောက်ထပ်လီဗာပူးကစားသမားကို ခေါ်ယူရင် ပရီမီယံပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၀၀ ပေးရမယ်ဆိုတဲ့အချက်လည်း သဘောတူညီခဲ့ရပါတယ်။
Photo Credit ; Getty Images
ဒီ ၄ယောက်ထဲမှာ ခေါ်ဖို့ အဖြစ်နိုင်ဆုံးကစားသမားကတော့ အာဂျင်တီးနားလက်ရွေးစင် မာတီနက်ဇ်ဖြစ်ပြီး ဆွာရက်ဟာ လီဗာပူးကနေ ရောက်လာပြီးနောက် အသင်းအတွက် ၂၅၅ ပွဲမှာ ၁၈၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၉၆ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။
Photo Credit
Zawgyi
ဘာစီလုိနာရဲ႕တုိက္စစ္မွဴးရွာပုံေတာ္မွာ ဖာမီႏိုပါ၀င္မလာဘဲ ရက္ရွ္ဖို႔ဒ္ပါ၀င္လာၿပီး ဘာေပက အလိုခ်င္ဆုံးျဖစ္ေန
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာအသင္းဟာ အဓိကတုိက္စစ္မွဴး လူး၀စ္ဆြာရက္ဇ္ရဲ႕ေနရာမွာ အစားထုိးဖို႔အတြက္ ၄ဦးပါစာရင္းျပဳစုထားၿပီး ဇန္န၀ါရီလအတြင္း အသက္ ၃၃ႏွစ္ျပည့္ေတာ့မယ့္ ဆြာရက္ဇ္လည္း ၂၀၂၀ ေႏြရာသီမွာ အသင္းနဲ႔ လမ္းခြဲဖြယ္ရွိေနပါတယ္။
ဒီအတြက္ေၾကာင့္ ဘာစီလုိနာအသင္းဟာ ဥေရာပနာမည္ႀကီးတုိက္စစ္မွဴးတခ်ိဳ႕ကို စာရင္းျပဳစုထားၿပီး မက္ဆီ၊ ဂရစ္ဇ္မန္း၊ ဒမ္ဘီလီတို႔ရဲ႕တုိက္စစ္ကို ထပ္မံအင္အားျဖည့္တင္းဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။
စပိန္သတင္းစာ Mundo Deportivo ရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာအသင္းဟာ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ဘာေပ၊ စပါးတုိက္စစ္မွဴး ဟယ္ရီကိန္း၊ ယူႏိုက္တက္တုိက္စစ္မွဴးရက္ရွ္ဖုိ႔ဒ္နဲ႔ အင္တာမီလန္တုိက္စစ္မွဴး ေလာ္တာ႐ိုမာတီနက္ဇ္တို႔ကို ပစ္မွတ္ထားေနေပမယ့္ လီဗာပူးၾကယ္ပြင့္ ဖာမီႏိုကိုေတာ့ မထည့္သြင္းထားေၾကာင္း သိရပါတယ္။
သူတုိ႔ပစ္မွတ္ထားေနတ့ဲ တိုက္စစ္မွဴးေတြအားလုံးက ဘာစီလုိနာတုိက္စစ္ကို ႏွစ္ေပါင္းအတန္ၾကာဦးေဆာင္ႏိုင္လိမ့္မယ္လုိ႔ အသင္းတာ၀န္ရွိသူေတြက ယုံၾကည္ေနၿပီး ဘရာဇီးလက္ေရြးစင္ ဖာမီႏိုကေတာ့ ဥ႐ုေဂြးလက္ေရြးစင္ ဆြာရက္ဇ္ထက္ အသက္ ၄ႏွစ္ပဲ ပိုငယ္ပါတယ္။
အဲဒီစာရင္းထဲမွာ ျပင္သစ္လက္ေရြးစင္ ဘာေပက ဘာစီလုိနာအသင္းရဲ႕အလိုခ်င္ဆုံးတုိက္စစ္မွဴးျဖစ္ေပမယ့္ ႏူးကမ့္အေျခစုိက္အသင္းအေနနဲ႔ သူ႕ကို ပီအက္စ္ဂ်ီအသင္းကေန ေခၚထုတ္ႏုိင္ဖို႔ဆိုရင္ ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကး အသုံးျပဳရဖုိ႔ရွိေနပါတယ္။
ဒါ့အျပင္ ဘာစီလုိနာအသင္း ပစ္မွတ္ထားေနတဲ့တျခားကစားသမားေတြကလည္း သူတုိ႔ရဲ႕သက္ဆုိင္ရာကလပ္ေတြမွာ အဓိကကစားသမားေတြအျဖစ္ ရပ္တည္ေနလို႔ ဘယ္သူ႕ကိုပဲေခၚေခၚ ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကး ေပးေခ်ရဖြယ္ရွိေနပါတယ္။
အဂၤလန္လက္ေရြးစင္ ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ တစ္ပတ္လုပ္ခ ေပါင္ ၂သိန္းတန္ ၄ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားေပမယ့္ ဖာမီႏိုနဲ႔ယွဥ္ရင္ေတာ့ ဘာစီလုိနာအသင္းအတြက္ ရက္ရွ္ဖုိ႔ဒ္ကို ေခၚယူႏုိင္ေရးက ပိုမိုျဖစ္ႏိုင္ေျခရွိေနပါတယ္။
ဘာစီလုိနာအသင္းဟာ ၂၀၁၈ ဇန္န၀ါရီလက ကြင္းလယ္လူေကာ္တင္ညိဳကို လီဗာပူးအသင္းဆီကေန ေပါင္ ၁၄၅ သန္းနဲ႔ေခၚယူခဲ့စဥ္က ၂၀၂၀ မတုိင္ခင္ ေနာက္ထပ္လီဗာပူးကစားသမားကို ေခၚယူရင္ ပရီမီယံေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၁၀၀ ေပးရမယ္ဆုိတဲ့အခ်က္လည္း သေဘာတူညီခဲ့ရပါတယ္။
ဒီ ၄ေယာက္ထဲမွာ ေခၚဖုိ႔ အျဖစ္ႏုိင္ဆုံးကစားသမားကေတာ့ အာဂ်င္တီးနားလက္ေရြးစင္ မာတီနက္ဇ္ျဖစ္ၿပီး ဆြာရက္ဟာ လီဗာပူးကေန ေရာက္လာၿပီးေနာက္ အသင္းအတြက္ ၂၅၅ ပြဲမွာ ၁၈၃ ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၉၆ ႀကိမ္အထိ ျပဳလုပ္ေပးထားပါတယ္။