ဘာစီလိုနာရဲ့ဂန္ထဝင်နံပါတ်(၁၀)ကို မထင်မှတ်ဘဲဝတ်ဆင်ခွင့်ရသွားပြီဖြစ်တဲ့ အန်ဆုဖာတီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းရဲ့ဆယ်ကျော်သက်ကစားသမား အန်ဆုဖာတီဟာ PSG အသင်းကို နာမည်ကျော်ကစားသမားဟောင်းမက်ဆီ ပြောင်းရွှေ့သွားပြီးတဲ့နောက် လစ်လပ်နေတဲ့ ဂန္ထဝင်ကျောနံပါတ်(၁၀)ဂျာစီပိုင်ရှင်သစ်အဖြစ် အံ့အားသင့်စရာကောင်းလောက်အောင် ရွေးချယ်သတ်မှတ်ခံခဲ့ရပါတယ်။

ဘာစီလိုနာအသင်းမှာ (၁၇)နှစ်ကြာကစားခဲ့သူ မက်ဆီဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ကိစ္စအဆင်မပြေဖြစ်ခဲ့တာကြောင့် သြဂုတ်လအစပိုင်းမှာ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကိုပြောင်းရွှေ့ခဲ့ပြီး

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေအရ မက်ဆီနေရာမှာအစားထိုးဖို့ ထိပ်တန်းကစားသမားတစ်ဦးခေါ်ယူဖို့ မဖြစ်နိုင်တဲ့အတွက် နံပါတ်(၁၀)ဂျာစီကို အနားပေးလောက်တယ်ဆိုတဲ့ ခန့်မှန်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် သတင်းတချို့ကတော့ ဘာစီလိုနာအသင်းဟာ ကျောနံပါတ်(၁၀)ပိုင်ရှင်သစ်အဖြစ် ကော်တင်ဟိုကို ပေးဖို့ရှိတယ်လို့ ဖော်ပြခဲ့ပေမယ့် အခုအချိန်မှာ ဘယ်သူမှမထင်မှတ်လောက်အောင် အန်ဆုဖာတီကို နံပါတ်(၁၀)ဂျာစီပေးခဲ့တာပဲဖြစ်ပါတယ်။

အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ အန်ဆုဖာတီဟာ လာမာစီယာအကယ်ဒမီကနေထွက်ပေါ်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက်စတင်ပွဲထွက်ခွင့်ရချိန်မှာပဲ စံချိန်မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၉၊ သြဂုတ်လ(၂၅)ရက်တုန်းက ဘက်တစ်အသင်းကို (၅-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့လာလီဂါပွဲမှာ လူစားဝင်အဖြစ် ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပြီး

အဲဒီအချိန်မှာ အန်ဆုဖာတီရဲ့အသက်က (၁၆)နှစ်၊ (၂၉၈)ရက်သာရှိသေးလို့ ဗင့်စ်မာတီနက်ဇ်(၁၉၄၁ခုနှစ်)နောက်ပိုင်း အသင်းသမိုင်းတစ်လျောက် ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အဲဒီနှစ်၊ သြဂုတ်လထဲမှာပဲ အိုဆာဆူနာနဲ့ကစားခဲ့တဲ့လာလီဂါပွဲမှာ ဘာစီလိုနာကစားသမားဘဝ ပထမဆုံးဂိုးသွင်းယူခဲ့ပြီး အသက်(၁၆)နှစ်၊ (၃၀၄)ရက်နဲ့ အသင်းသမိုင်းတစ်လျောက် အသက်အငယ်ဆုံးဂိုးသွင်းသူ၊ လာလီဂါသမိုင်းမှာ တတိယမြောက်အသက်အငယ်ဆုံးကစားသမားစတဲ့စံချိန်တွေ ပိုင်ဆိုင်ခဲ့တာပါ။

ဒ့ါအပြင် အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းသမိုင်းတစ်လျောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံးကစားသမား(၁၆နှစ်၊ ၃၂၁ရက်)၊ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျောက်

အသက်အငယ်ဆုံးဂိုးသွင်းသူ (၁ရနှစ်၊ ၄ဝရက်)၊ လာလီဂါပွဲတစ်ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တဲ့အသက်အငယ်ဆုံးကစားသမားစတဲ့စံချိန်တွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါတင်မကဘဲ ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက ယူကရိန်းနဲ့ပွဲမှာ စပိန်အသင်းအတွက် ဂိုးသွင်းယူခဲ့တာကြောင့် အသက်(၁၇)နှစ်၊ (၃၁၁)ရက်နဲ့ လက်ရွေးစင်အသင်းမှာ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

ဘာစီလိုနာအသင်းက “အန်ဆုဖာတီဟာ ရာသီသစ်မှာ ကျောနံပါတ်သစ်ဝတ်ဆင်ခွင့်ရရှိခဲ့ပါပြီ။

အရင်က နံပါတ်(၂၂)၊ (၁၇)တွေဝတ်ဆင်ခဲ့ပြီး အခုအချိန်မှာ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ရော်နယ်လ်ဒင်ဟို၊ ရီဗယ်လ်ဒိုတို့ ဝတ်ဆင်ခဲ့တဲ့ နံပါတ်(၁၀)ဂျာစီကို ဝတ်ဆင်ကစားသွားမှာပါ။

အသက်(၁၈)နှစ်သာရှိသေးပေမယ့် အန်ဆုဖာတီဟာ ဘာစီလိုနာနဲ့စပိန်ကစားသမားဘဝမှာ စံချိန်မှတ်တမ်းကောင်းတွေအများကြီး ပိုင်ဆိုင်ခဲ့ပြီး စံချိန်များစွာပိုင်ရှင်ကစားသမားတစ်ဦးဟာ အခုဆိုရင် ဂန္ထဝင်နံပါတ်(၁၀)ပိုင်ရှင်ဖြစ်လာပါပြီ”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းသမိုင်းမှာ ကျောနံပါတ်(၁၀)ကို နှစ်အကြာဆုံးဝတ်ဆင်ကစားခဲ့သူဖြစ်ခဲ့တဲ့အပြင် အသင်းလိုက်သာမက တစ်ဦးချင်းမှာပါ အောင်မြင်မှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာကြောင့်

နံပါတ်(၁၀)ပိုင်ရှင်သစ် အန်ဆုဖာတီလည်း မက်ဆီရဲ့ခြေရာကို လိုက်နင်းနိုင်မလားဆိုတာကတော့ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာစီလိုနာရဲ႕ဂႏၴဝင္နံပါတ္(၁၀)ကို မထင္မွတ္ဘဲဝတ္ဆင္ခြင့္ရသြားၿပီျဖစ္တဲ့ အန္ဆုဖာတီ

ဘာစီလိုနာအသင္းရဲ႕ဆယ္ေက်ာ္သက္ကစားသမား အန္ဆုဖာတီဟာ PSG အသင္းကို နာမည္ေက်ာ္ကစားသမားေဟာင္းမက္ဆီ ေျပာင္းေ႐ႊ႕သြားၿပီးတဲ့ေနာက္ လစ္လပ္ေနတဲ့ ဂႏၴဝင္ေက်ာနံပါတ္(၁၀)ဂ်ာစီပိုင္ရွင္သစ္အျဖစ္ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ေ႐ြးခ်ယ္သတ္မွတ္ခံခဲ့ရပါတယ္။ ဘာစီလိုနာအသင္းမွာ (၁၇)ႏွစ္ၾကာကစားခဲ့သူ မက္ဆီဟာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ကိစၥအဆင္မေျပျဖစ္ခဲ့တာေၾကာင့္ ၾသဂုတ္လအစပိုင္းမွာ ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းကိုေျပာင္းေ႐ႊ႕ခဲ့ၿပီး ဘာစီလိုနာအသင္းဟာ ဘ႑ာေရးအခက္အခဲေတြအရ မက္ဆီေနရာမွာအစားထိုးဖို႔ ထိပ္တန္းကစားသမားတစ္ဦးေခၚယူဖို႔ မျဖစ္ႏိုင္တဲ့အတြက္ နံပါတ္(၁၀)ဂ်ာစီကို အနားေပးေလာက္တယ္ဆိုတဲ့ ခန႔္မွန္းသတင္းေတြထြက္ေပၚခဲ့ပါတယ္။

ဒါ့အျပင္ သတင္းတခ်ိဳ႕ကေတာ့ ဘာစီလိုနာအသင္းဟာ ေက်ာနံပါတ္(၁၀)ပိုင္ရွင္သစ္အျဖစ္ ေကာ္တင္ဟိုကို ေပးဖို႔ရွိတယ္လို႔ ေဖာ္ျပခဲ့ေပမယ့္ အခုအခ်ိန္မွာ ဘယ္သူမွမထင္မွတ္ေလာက္ေအာင္ အန္ဆုဖာတီကို နံပါတ္(၁၀)ဂ်ာစီေပးခဲ့တာပဲျဖစ္ပါတယ္။ အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ အန္ဆုဖာတီဟာ လာမာစီယာအကယ္ဒမီကေနထြက္ေပၚခဲ့တဲ့ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းအတြက္စတင္ပြဲထြက္ခြင့္ရခ်ိန္မွာပဲ စံခ်ိန္မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့သူျဖစ္ပါတယ္။ ၂၀၁၉၊ ၾသဂုတ္လ(၂၅)ရက္တုန္းက ဘက္တစ္အသင္းကို (၅-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့လာလီဂါပြဲမွာ လူစားဝင္အျဖစ္ ပထမဆုံးပြဲထြက္ခြင့္ရခဲ့ၿပီး အဲဒီအခ်ိန္မွာ အန္ဆုဖာတီရဲ႕အသက္က (၁၆)ႏွစ္၊ (၂၉၈)ရက္သာရွိေသးလို႔ ဗင့္စ္မာတီနက္ဇ္(၁၉၄၁ခုႏွစ္)ေနာက္ပိုင္း အသင္းသမိုင္းတစ္ေလ်ာက္ ဒုတိယေျမာက္အသက္အငယ္ဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

အဲဒီႏွစ္၊ ၾသဂုတ္လထဲမွာပဲ အိုဆာဆူနာနဲ႔ကစားခဲ့တဲ့လာလီဂါပြဲမွာ ဘာစီလိုနာကစားသမားဘဝ ပထမဆုံးဂိုးသြင္းယူခဲ့ၿပီး အသက္(၁၆)ႏွစ္၊ (၃၀၄)ရက္နဲ႔ အသင္းသမိုင္းတစ္ေလ်ာက္ အသက္အငယ္ဆုံးဂိုးသြင္းသူ၊ လာလီဂါသမိုင္းမွာ တတိယေျမာက္အသက္အငယ္ဆုံးကစားသမားစတဲ့စံခ်ိန္ေတြ ပိုင္ဆိုင္ခဲ့တာပါ။ ဒ့ါအျပင္ အန္ဆုဖာတီဟာ ဘာစီလိုနာအသင္းသမိုင္းတစ္ေလ်ာက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အသက္အငယ္ဆုံးကစားသမား(၁၆ႏွစ္၊ ၃၂၁ရက္)၊ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလ်ာက္ အသက္အငယ္ဆုံးဂိုးသြင္းသူ (၁ရႏွစ္၊ ၄ဝရက္)၊ လာလီဂါပြဲတစ္ပြဲမွာ (၂)ဂိုးသြင္းယူခဲ့တဲ့အသက္အငယ္ဆုံးကစားသမားစတဲ့စံခ်ိန္ေတြလည္း ပိုင္ဆိုင္ခဲ့ပါတယ္။

ဒါတင္မကဘဲ ၿပီးခဲ့တဲ့ႏွစ္၊ စက္တင္ဘာလတုန္းက ယူကရိန္းနဲ႔ပြဲမွာ စပိန္အသင္းအတြက္ ဂိုးသြင္းယူခဲ့တာေၾကာင့္ အသက္(၁၇)ႏွစ္၊ (၃၁၁)ရက္နဲ႔ လက္ေ႐ြးစင္အသင္းမွာ အသက္အငယ္ဆုံးဂိုးသြင္းသူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါေသးတယ္။ ဘာစီလိုနာအသင္းက “အန္ဆုဖာတီဟာ ရာသီသစ္မွာ ေက်ာနံပါတ္သစ္ဝတ္ဆင္ခြင့္ရရွိခဲ့ပါၿပီ။ အရင္က နံပါတ္(၂၂)၊ (၁၇)ေတြဝတ္ဆင္ခဲ့ၿပီး အခုအခ်ိန္မွာ ဂႏၴဝင္ကစားသမားေတြျဖစ္တဲ့ မက္ဆီ၊ ေရာ္နယ္လ္ဒင္ဟို၊ ရီဗယ္လ္ဒိုတို႔ ဝတ္ဆင္ခဲ့တဲ့ နံပါတ္(၁၀)ဂ်ာစီကို ဝတ္ဆင္ကစားသြားမွာပါ။

အသက္(၁၈)ႏွစ္သာရွိေသးေပမယ့္ အန္ဆုဖာတီဟာ ဘာစီလိုနာနဲ႔စပိန္ကစားသမားဘဝမွာ စံခ်ိန္မွတ္တမ္းေကာင္းေတြအမ်ားႀကီး ပိုင္ဆိုင္ခဲ့ၿပီး စံခ်ိန္မ်ားစြာပိုင္ရွင္ကစားသမားတစ္ဦးဟာ အခုဆိုရင္ ဂႏၴဝင္နံပါတ္(၁၀)ပိုင္ရွင္ျဖစ္လာပါၿပီ”လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ မက္ဆီဟာ ဘာစီလိုနာအသင္းသမိုင္းမွာ ေက်ာနံပါတ္(၁၀)ကို ႏွစ္အၾကာဆုံးဝတ္ဆင္ကစားခဲ့သူျဖစ္ခဲ့တဲ့အျပင္ အသင္းလိုက္သာမက တစ္ဦးခ်င္းမွာပါ ေအာင္ျမင္မႈအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာေၾကာင့္ နံပါတ္(၁၀)ပိုင္ရွင္သစ္ အန္ဆုဖာတီလည္း မက္ဆီရဲ႕ေျခရာကို လိုက္နင္းႏိုင္မလားဆိုတာကေတာ့ . . .