
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြီးခဲ့တဲ့စနေနေ့က လာလီဂါပွဲစဉ်(၈)အဖြစ် ဘာစီလိုနာအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ အက်သလက်တီကိုအသင်းက (၂-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီး နည်းပြဆီမြွန်နီက သူတို့အသင်းက ပိုကောင်းလို့အနိုင်ရတာမဟုတ်ဘဲ ဘာစီလိုနာမှာ မက်ဆီမရှိတော့တာက အခုပွဲအတွက်အဆုံးအဖြတ်ဖြစ်စေခဲ့တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက အက်သလက်တီကိုနည်းပြအဖြစ် ဆီမြွန်နီစတင်ဆောင်ရွက်ခဲ့တဲ့အချိန်ကစလို့ လာလီဂါမှာ ဘာစီလိုနာအသင်းနဲ့တွေ့တိုင်းရုန်းကန်ခဲ့ရပြီး ဒီရာသီမတိုင်ခင်အထိ ပွဲပေါင်း(၁၉)ပွဲကစားခဲ့တာမှာ ပြီးခဲ့တဲ့ရာသီတုန်းကအိမ်ကွင်းမှာ(၁-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့တစ်ပွဲသာရှိခဲ့ပါတယ်။
ဘာစီလိုနာနဲ့ဆုံတွေ့ခဲ့တဲ့ လာလီဂါနောက်ဆုံး(၃)ပွဲမှာ အက်သလက်တီကိုအသင်း (၁-၀)၊ (၀-၀)၊ (၂-၀)ဂိုးရလဒ်တွေထွက်ပေါ်ခဲ့တာကြောင့် ဒါက လာလီဂါမှာ ဘာစီလိုနာအသင်းကို ပထမဆုံးအကြိမ်အဖြစ် (၃)ပွဲဆက်ဂိုးမပေးခဲ့ရတာပဲဖြစ်ပါတယ်။
အက်သလက်တီကိုနဲ့ပွဲမှာ ဘာစီလိုနာအသင်းဘောလုံးပိုင်ဆိုင်မှု (၇၀.၄%)အထိရှိခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းတဲ့အကြိမ်က တစ်ပွဲလုံးမှ(၉)ကြိမ်သာရှိခဲ့တာပါ။
ဘာစီလိုနာအသင်းမှာ မက်ဆီကစားနေတဲ့ကာလအတွင်း အက်သလက်တီကိုနဲ့ လာလီဂါပွဲပေါင်း(၃၀)ဆုံတွေ့ခဲ့ပြီး (၂၆)ဂိုးသွင်းခဲ့တာကြောင့် ဆီဗီလာ(၃ဝဂိုး)၊ ဗလင်စီယာ(၂၇ဂိုး)တို့ပြီးရင် လာလီဂါမှာ မက်ဆီဂိုးအများဆုံးသွင်းခဲ့တဲ့တတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီကာလအတွင်း PSG အသင်းကို မက်ဆီ ပြောင်းရွှေ့သွားပြီးတဲ့နောက်မှာတော့ ဘာစီလိုနာအသင်း ရုန်းကန်နေရပြီး အက်သလက်တီကိုနဲ့ပွဲအပါအဝင် ပြိုင်ပွဲစုံ(၂)ပွဲဆက်ရှုံးနိမ့်ခဲ့သလို နောက်ဆုံး(၅)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့တဲ့အထိ ရလဒ်တွေဆိုးရွားနေပါတယ်။
ဆီမြွန်နီက “အခုပွဲက မက်ဆီမရှိတော့တဲ့ ဘာစီလိုနာအသင်းနဲ့ ကျွန်တော်တို့ ပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရတာပါ။
ဘာစီလိုနာမှာ မက်ဆီမရှိတော့တာက အရင်ပွဲတွေတုန်းကထက် ကြီးမားတဲ့အပြောင်းအလဲဖြစ်စေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဆီမြွန်နီဟာ အက်သလက်တီကိုနည်းပြဘဝ ဘာစီလိုနာနဲ့ဆုံတွေ့ခဲ့တဲ့လာလီဂါပွဲပေါင်း(၂၀)မှာ ဒုတိယမြောက်နိုင်ပွဲရယူခဲ့လို့ ကျေနပ်စရာဖြစ်ရပေမယ့် ရှုံးပွဲတွေ့ခဲ့တဲ့ ဘာစီလိုနာနည်းပြရော်နယ်လ်ကိုးမန်းကတော့ ဖိအားတွေပိုများနေပြီး ရာထူးကအထုတ်ခံရဖို့ ပိုရေပန်းစားနေပြီဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဘာစီလိုနာမွာ မက္ဆီမရွိေတာ့တာက သူတို႔အသင္းႏိုင္ပြဲအတြက္အဓိက်တဲ့အခ်က္ျဖစ္တယ္လို႔ ဆီႁမြန္နီသုံးသပ္
ၿပီးခဲ့တဲ့စေနေန႔က လာလီဂါပြဲစဥ္(၈)အျဖစ္ ဘာစီလိုနာအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ အက္သလက္တီကိုအသင္းက (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး နည္းျပဆီႁမြန္နီက သူတို႔အသင္းက ပိုေကာင္းလို႔အႏိုင္ရတာမဟုတ္ဘဲ ဘာစီလိုနာမွာ မက္ဆီမရွိေတာ့တာက အခုပြဲအတြက္အဆုံးအျဖတ္ျဖစ္ေစခဲ့တယ္လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္၊ ဒီဇင္ဘာလက အက္သလက္တီကိုနည္းျပအျဖစ္ ဆီႁမြန္နီစတင္ေဆာင္႐ြက္ခဲ့တဲ့အခ်ိန္ကစလို႔ လာလီဂါမွာ ဘာစီလိုနာအသင္းနဲ႔ေတြ႕တိုင္း႐ုန္းကန္ခဲ့ရၿပီး ဒီရာသီမတိုင္ခင္အထိ ပြဲေပါင္း(၁၉)ပြဲကစားခဲ့တာမွာ ၿပီးခဲ့တဲ့ရာသီတုန္းကအိမ္ကြင္းမွာ(၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့တစ္ပြဲသာရွိခဲ့ပါတယ္။
ဘာစီလိုနာနဲ႔ဆုံေတြ႕ခဲ့တဲ့ လာလီဂါေနာက္ဆုံး(၃)ပြဲမွာ အက္သလက္တီကိုအသင္း (၁-၀)၊ (၀-၀)၊ (၂-၀)ဂိုးရလဒ္ေတြထြက္ေပၚခဲ့တာေၾကာင့္ ဒါက လာလီဂါမွာ ဘာစီလိုနာအသင္းကို ပထမဆုံးအႀကိမ္အျဖစ္ (၃)ပြဲဆက္ဂိုးမေပးခဲ့ရတာပဲျဖစ္ပါတယ္။ အက္သလက္တီကိုနဲ႔ပြဲမွာ ဘာစီလိုနာအသင္းေဘာလုံးပိုင္ဆိုင္မႈ (၇၀.၄%)အထိရွိခဲ့ေပမယ့္ ဂိုးေပါက္ကန္သြင္းတဲ့အႀကိမ္က တစ္ပြဲလုံးမွ(၉)ႀကိမ္သာရွိခဲ့တာပါ။
ဘာစီလိုနာအသင္းမွာ မက္ဆီကစားေနတဲ့ကာလအတြင္း အက္သလက္တီကိုနဲ႔ လာလီဂါပြဲေပါင္း(၃၀)ဆုံေတြ႕ခဲ့ၿပီး (၂၆)ဂိုးသြင္းခဲ့တာေၾကာင့္ ဆီဗီလာ(၃ဝဂိုး)၊ ဗလင္စီယာ(၂၇ဂိုး)တို႔ၿပီးရင္ လာလီဂါမွာ မက္ဆီဂိုးအမ်ားဆုံးသြင္းခဲ့တဲ့တတိယေျမာက္အသင္းအျဖစ္ မွတ္တမ္းဝင္ေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီကာလအတြင္း PSG အသင္းကို မက္ဆီ ေျပာင္းေ႐ႊ႕သြားၿပီးတဲ့ေနာက္မွာေတာ့ ဘာစီလိုနာအသင္း ႐ုန္းကန္ေနရၿပီး အက္သလက္တီကိုနဲ႔ပြဲအပါအဝင္ ၿပိဳင္ပြဲစုံ(၂)ပြဲဆက္ရႈံးနိမ့္ခဲ့သလို ေနာက္ဆုံး(၅)ပြဲမွာ (၁)ပြဲသာအႏိုင္ရခဲ့တဲ့အထိ ရလဒ္ေတြဆိုး႐ြားေနပါတယ္။
ဆီႁမြန္နီက “အခုပြဲက မက္ဆီမရွိေတာ့တဲ့ ဘာစီလိုနာအသင္းနဲ႔ ကြၽန္ေတာ္တို႔ ပထမဆုံးအႀကိမ္ရင္ဆိုင္ခဲ့ရတာပါ။ ဘာစီလိုနာမွာ မက္ဆီမရွိေတာ့တာက အရင္ပြဲေတြတုန္းကထက္ ႀကီးမားတဲ့အေျပာင္းအလဲျဖစ္ေစပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဆီႁမြန္နီဟာ အက္သလက္တီကိုနည္းျပဘဝ ဘာစီလိုနာနဲ႔ဆုံေတြ႕ခဲ့တဲ့လာလီဂါပြဲေပါင္း(၂၀)မွာ ဒုတိယေျမာက္ႏိုင္ပြဲရယူခဲ့လို႔ ေက်နပ္စရာျဖစ္ရေပမယ့္ ရႈံးပြဲေတြ႕ခဲ့တဲ့ ဘာစီလိုနာနည္းျပေရာ္နယ္လ္ကိုးမန္းကေတာ့ ဖိအားေတြပိုမ်ားေနၿပီး ရာထူးကအထုတ္ခံရဖို႔ ပိုေရပန္းစားေနၿပီျဖစ္ပါတယ္။