ဘာစီလိုနာမှာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကို ဖွင့်ဟလာတဲ့ မက်ဆီ

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက မိမိရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ကာ အသင်းမှာ ဆက်ကစားသွားမယ်လို့ အတည်ပြုလိုက်ပြီး ဒီဆုံးဖြတ်ချက်ရဲ့နောက်ကွယ်က အကြောင်းရင်းအဖြစ် ဘာစီလိုနာအသင်းနဲ့ တရားရုံးရောက်တဲ့အထိ အချေအတင်မဖြစ်လိုခြင်းကြောင့်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit

မက်ဆီက ဘုတ်အဖွဲ့နဲ့ ဖိအားဒဏ်ခံနေရတဲ့ အသင်းဥက္ကဋ္ဌ ဘာတိုမူတို့ကို နောက်တစ်ကြိမ် ပြင်းထန်စွာ ဝေဖန်ခဲ့ပေမယ့် အသင်းပြောင်းချင်တဲ့ကိစ္စကို တရားဝင်အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့သောကြာနေ့က ညနေပိုင်းက အတည်ပြုခဲ့ပါတယ်။

Photo Credit

အသက် ၃၃နှစ်အရွယ်ရှိ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက အစောပိုင်းမှာ ဘာစီလိုနာကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် အခုတော့ ယခုနွေရာသီအတွင်း အသင်းပြောင်းရွှေ့ဖို့ ကြိုးစားမှုကို နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်း မှတ်တမ်းတင်ထားတဲ့ အင်တာဗျူးကနေ ပြောသွားပါတယ်။

Photo Credit

Goal သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အဲဒီအင်တာဗျူးမှာ မက်ဆီက ”အသင်းကနေ ထွက်ခွာချင်တဲ့အကြောင်း ဇနီးနဲ့ ကလေးတွေကို အသိပေးလိုက်တော့ ဖြစ်ရပ်က တကယ့်ကို ဝမ်းနည်းစရာဖြစ်ခဲ့ပါတယ်။ တစ်မိသားစုလုံး ငိုကြွေးခဲ့ကြပြီး ကလေးတွေက ဘာစီလိုနာကနေ မထွက်ခွာချင်သလို ကျောင်းလည်း မပြောင်းချင်ကြပါဘူး”

Photo Credit

”ဒါပေမဲ့ ကျွန်တော်ကတော့ အမြင့်ဆုံးအဆင့်မှာ ဆုဖလားတွေအတွက် ယှဉ်ပြိုင်လိုခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ဒီအတိုင်းပါပဲ။ ချန်ပီယံလိဂ်က အရမ်းကိုခက်ခဲတဲ့ပြိုင်ပွဲဖြစ်လို့ ရှုံးနိုင်တယ်ဆိုတာ မှန်ပေမယ့် ကိုယ့်ဘက်က ပြိုင်နေဖို့တော့ လိုပါတယ်”

Photo Credit

”အနည်းဆုံးတော့ ရောမမှာလို(ရိုးမားကိုဂိုးပြတ်အရေးနိမ့်ခဲ့တာကို ဆိုလို)၊ အန်ဖီးလ်မှာလို(လီဗာပူးကို ဂိုးပြတ်အရေးနိမ့်ခဲ့တာကို ဆိုလို)နဲ့ လစ္စဘွန်းမှာလို(ဘိုင်ယန်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တာကို ဆိုလို)အဖြစ်ခံလို့မရပါဘူး။ အဲဒီဖြစ်ရပ်တွေကြောင့်ပဲ အသင်းကနေ ထွက်ခွာဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တာပါ”လို့ ပြောပါတယ်။

Photo Credit

ဒါ့အပြင် မက်ဆီက ဘာစီလိုနာအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရဖို့အတွက် ကလေးဘဝကတည်းက ကစားလာတဲ့ ဘာစီလိုနာကို တရားရုံးအထိ တက်ပြီး တရားရင်ဆိုင်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးကြောင်း ဆိုပါတယ်။

Photo Credit

”ဘာစီလိုနာကို ကျွန်တော် ချစ်မြတ်နိုးလို့ အသင်းကို တရားရုံးမှာ ရင်ဆိုင်ရတာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ ဘာစီလိုနာက ကျွန်တော် ရောက်လာချိန်ကတည်းက အရာအားလုံးပေးခဲ့တာဖြစ်ပြီး ဘာစီလိုနာက ကျွန်တော့်ဘဝပါ။ ကျွန်တော့်ဘဝကို ဒီမှာပဲ တည်ဆောက်ခဲ့တာပါ။ ဒီတော့ ကျွနတော့်စိတ်ထဲမှာ ဘာစီလိုနာနဲ့ တရားရုံးရောက်တဲ့အထိ အငြင်းပွားဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး”လို့ မက်ဆီက ဆက်ပြောပါတယ်။

Photo Credit

မက်ဆီဟာ အသင်းဥက္ကဋ္ဌ ဘာတိုမူကိုမူ ပြင်းထန်စွာ ဝေဖန်သွားခဲ့ပြီး ပေးထားတဲ့ ကတိမတည်သူအဖြစ် စွပ်စွဲခဲ့ပါတယ်။ ”ကျွန်တော့်အနေနဲ့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလို့ရတယ်လို့ သေချာပေါက်တွေးထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အသင်းဥက္ကဋ္ဌက ရာသီကုန်ဆုံးချိန်တိုင်း အသင်းမှာ ဆက်ကစား၊ မကစားဘူးလားဆိုတာ ကျွန်တော်ဆုံးဖြတ်နိုင်ခွင့်ရှိတယ်လို့ အမြဲပြောခဲ့လို့ပါ”

Photo Credit

”အခု သူတို့ပြောတာကတော့ အဲဒီအချက်က ဇွန်လ ၁၀ ရက်နေ့မတိုင်ခင်ပဲ အကျုံးဝင်တာတဲ့။ အဲဒီရက်ဆိုတာ ကိုဗစ်ကြောင့် ပွဲတွေ ပြန်စရတဲ့ လာလီဂါပွဲတွေ အရှိန်တက်ခါစပဲရှိပါသေးတယ်။ အဲဒီအတွက်ကြောင့်ပဲ အသင်းမှာ ဆက်ကစားဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။ ဥက္ကဋ္ဌက ကျွန်တော့်ရဲ့စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၇၀၀ ပေးချေနိုင်တဲ့အသင်းရှိမှ ထွက်ခွာနိုင်မယ်လို့ ပြောပါတယ်။ ဒါကြီးက ဘယ်လိုမှမဖြစ်နိုင်ပါဘူး”လို့ ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ဘာစီလုိနာမွာ ဆက္ကစားဖို႔ ဆုံးျဖတ္ခဲ့မႈရဲ႕ ေနာက္ကြယ္က အေၾကာင္းရင္းကို ဖြင့္ဟလာတဲ့ မက္ဆီ

ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီက မိမိရဲ႕ ဆႏၵနဲ႔ ဆန္႔က်င္ကာ အသင္းမွာ ဆက္ကစားသြားမယ္လုိ႔ အတည္ျပဳလုိက္ၿပီး ဒီဆုံးျဖတ္ခ်က္ရဲ႕ေနာက္ကြယ္က အေၾကာင္းရင္းအျဖစ္ ဘာစီလုိနာအသင္းနဲ႔ တရား႐ုံးေရာက္တဲ့အထိ အေခ်အတင္မျဖစ္လုိျခင္းေၾကာင့္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။

မက္ဆီက ဘုတ္အဖြဲ႕နဲ႔ ဖိအားဒဏ္ခံေနရတဲ့ အသင္းဥကၠ႒ ဘာတုိမူတုိ႔ကို ေနာက္တစ္ႀကိမ္ ျပင္းထန္စြာ ေ၀ဖန္ခဲ့ေပမယ့္ အသင္းေျပာင္းခ်င္တဲ့ကိစၥကို တရား၀င္အဆုံးသတ္လုိက္ၿပီျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ေသာၾကာေန႔က ညေနပိုင္းက အတည္ျပဳခဲ့ပါတယ္။

အသက္ ၃၃ႏွစ္အရြယ္ရွိ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီက အေစာပိုင္းမွာ ဘာစီလုိနာကေန ထြက္ခြာဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ အခုေတာ့ ယခုေႏြရာသီအတြင္း အသင္းေျပာင္းေရႊ႕ဖို႔ ႀကိဳးစားမႈကို ေနာက္ဆုတ္လုိက္ၿပီျဖစ္ေၾကာင္း မွတ္တမ္းတင္ထားတဲ့ အင္တာဗ်ဴးကေန ေျပာသြားပါတယ္။

Goal သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အဲဒီအင္တာဗ်ဴးမွာ မက္ဆီက ”အသင္းကေန ထြက္ခြာခ်င္တဲ့အေၾကာင္း ဇနီးနဲ႔ ကေလးေတြကို အသိေပးလုိက္ေတာ့ ျဖစ္ရပ္က တကယ့္ကို ၀မ္းနည္းစရာျဖစ္ခဲ့ပါတယ္။ တစ္မိသားစုလုံး ငိုေၾကြးခဲ့ၾကၿပီး ကေလးေတြက ဘာစီလုိနာကေန မထြက္ခြာခ်င္သလုိ ေက်ာင္းလည္း မေျပာင္းခ်င္ၾကပါဘူး”

”ဒါေပမဲ့ ကၽြန္ေတာ္ကေတာ့ အျမင့္ဆုံးအဆင့္မွာ ဆုဖလားေတြအတြက္ ယွဥ္ၿပိဳင္လုိခဲ့ၿပီး ခ်န္ပီယံလိဂ္မွာလည္း ဒီအတုိင္းပါပဲ။ ခ်န္ပီယံလိဂ္က အရမ္းကိုခက္ခဲတဲ့ၿပိဳင္ပြဲျဖစ္လုိ႔ ႐ံႈးႏိုင္တယ္ဆုိတာ မွန္ေပမယ့္ ကိုယ့္ဘက္က ၿပိဳင္ေနဖို႔ေတာ့ လိုပါတယ္”

”အနည္းဆုံးေတာ့ ေရာမမွာလုိ(႐ိုးမားကိုဂိုးျပတ္အေရးနိမ့္ခဲ့တာကို ဆုိလုိ)၊ အန္ဖီးလ္မွာလုိ(လီဗာပူးကို ဂိုးျပတ္အေရးနိမ့္ခဲ့တာကို ဆုိလုိ)နဲ႔ လစၥဘြန္းမွာလုိ(ဘုိင္ယန္ကုိ ဂိုးျပတ္အေရးနိမ့္ခဲ့တာကို ဆုိလုိ)အျဖစ္ခံလုိ႔မရပါဘူး။ အဲဒီျဖစ္ရပ္ေတြေၾကာင့္ပဲ အသင္းကေန ထြက္ခြာဖို႔ ကၽြန္ေတာ္ ဆုံးျဖတ္လုိက္တာပါ”လုိ႔ ေျပာပါတယ္။

ဒါ့အျပင္ မက္ဆီက ဘာစီလုိနာအသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ရဖို႔အတြက္ ကေလးဘ၀ကတည္းက ကစားလာတဲ့ ဘာစီလုိနာကို တရား႐ုံးအထိ တက္ၿပီး တရားရင္ဆုိင္ဖို႔ တစ္ခါမွ မစဥ္းစားခဲ့ဖူးေၾကာင္း ဆိုပါတယ္။ ”ဘာစီလုိနာကို ကၽြန္ေတာ္ ခ်စ္ျမတ္ႏိုးလုိ႔ အသင္းကို တရား႐ုံးမွာ ရင္ဆုိင္ရတာမ်ိဳး ဘယ္ေတာ့မွ လုပ္မွာမဟုတ္ပါဘူး။ ဘာစီလုိနာက ကၽြန္ေတာ္ ေရာက္လာခ်ိန္ကတည္းက အရာအားလုံးေပးခဲ့တာျဖစ္ၿပီး ဘာစီလိုနာက ကၽြန္ေတာ့္ဘ၀ပါ။ ကၽြန္ေတာ့္ဘ၀ကို ဒီမွာပဲ တည္ေဆာက္ခဲ့တာပါ။ ဒီေတာ့ ကၽြနေတာ့္စိတ္ထဲမွာ ဘာစီလုိနာနဲ႔ တရား႐ုံးေရာက္တဲ့အထိ အျငင္းပြားဖို႔ တစ္ခါမွ မစဥ္းစားခဲ့ဖူးပါဘူး”လုိ႔ မက္ဆီက ဆက္ေျပာပါတယ္။

မက္ဆီဟာ အသင္းဥကၠ႒ ဘာတုိမူကိုမူ ျပင္းထန္စြာ ေ၀ဖန္သြားခဲ့ၿပီး ေပးထားတဲ့ ကတိမတည္သူအျဖစ္ စြပ္စြဲခဲ့ပါတယ္။ ”ကၽြန္ေတာ့္အေနနဲ႔ အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာလုိ႔ရတယ္လုိ႔ ေသခ်ာေပါက္ေတြးထားတာပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အသင္းဥကၠ႒က ရာသီကုန္ဆုံးခ်ိန္တုိင္း အသင္းမွာ ဆက္ကစား၊ မကစားဘူးလားဆုိတာ ကၽြန္ေတာ္ဆုံးျဖတ္ႏိုင္ခြင့္ရွိတယ္လုိ႔ အၿမဲေျပာခဲ့လုိ႔ပါ”

”အခု သူတုိ႔ေျပာတာကေတာ့ အဲဒီအခ်က္က ဇြန္လ ၁၀ ရက္ေန႔မတိုင္ခင္ပဲ အက်ံဳး၀င္တာတဲ့။ အဲဒီရက္ဆိုတာ ကိုဗစ္ေၾကာင့္ ပြဲေတြ ျပန္စရတဲ့ လာလီဂါပြဲေတြ အရွိန္တက္ခါစပဲရွိပါေသးတယ္။ အဲဒီအတြက္ေၾကာင့္ပဲ အသင္းမွာ ဆက္ကစားဖုိ႔ ကၽြန္ေတာ္ ဆုံးျဖတ္ခဲ့တာပါ။ ဥကၠ႒က ကၽြန္ေတာ့္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ိုသန္း ၇၀၀ ေပးေခ်ႏိုင္တဲ့အသင္းရွိမွ ထြက္ခြာႏိုင္မယ္လုိ႔ ေျပာပါတယ္။ ဒါႀကီးက ဘယ္လုိမွမျဖစ္ႏိုင္ပါဘူး”လုိ႔ ေျပာပါတယ္။