ဘာစီလိုနာဘက်က ခေါ်ယူချင်လာရင် အဆင်သင့်ဖြစ်နေအောင်လို့ စာချုပ်သစ်ချုပ်ဆိုရေးကိစ္စ အူဘာမီယန်း ရပ်တန့်ထား

Photo Credit

Photo Credit

အာဆင်နယ်အသင်းတိုက်စစ်မှူးအူဘာမီယန်းဟာ ဘာစီလိုနာအသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်းရှိ မရှိသိရအောင်လို့ စောင့်ဆိုင်းတဲ့အနေနဲ့ အာဆင်နယ်အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုတွေကို ရပ်တန့်ထားတယ်လို့ သိရပါတယ်။

Photo Credit

ဂါဘွန်လက်ရွေးစင် အူဘာမီယန်းဟာ ၂၀၁၈ ဇန်နဝါရီလက ဒေါ့မွန်ကနေ အာဆင်နယ်ကို ရောက်လာပြီးချိန်ကတည်းက ခြေစွမ်းပြဂိုးမြူးနေသူဖြစ်ပြီး ယခုရာသီမှာလည်း ဆက်လက်ခြေစွမ်းပြနေကာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ပွဲမှာ ၉ဂိုးသွင်းယူထားပါတယ်။

Photo Credit

ယခုအခါ စပိန်သတင်းစာ SPORT က အူဘာမီယန်းအနေနဲ့ ဘာစီလိုနာအသင်းက သူ့ကို ခေါ်ယူမလားဆိုတာ သိရအောင်လို့ အာဆင်နယ်နဲ့စာချုပ်သစ်ချုပ်ဆိုရေးကို ရွှေ့ဆိုင်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အမ်မရီကလည်း ယခုရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိစေဖို့ အူဘာမီယန်းကို အသင်းမှာဆက်ထိန်းထားချင်နေပါတယ်။

Photo Credit

အာဆင်နယ်အသင်းဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရပြီး အဆင့် ၄နေရာက စီးတီးနဲ့ ၈မှတ်အထိကွာဟနေကာ စနေနေ့မှာ ဆောက်သမ်တန်နဲ့အိမ်ကွင်းပွဲကစားရမှာဖြစ်ပါတယ်။

Photo Credit

အူဘာမီယန်းဟာ ကွင်းလယ်လူ ဇာခါ အသင်းခေါင်းဆောင်ရာထူးကနေ ရုပ်သိမ်းခြင်းခံခဲ့ရပြီးနောက် အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခံထားရပြီး အမ်မရီက အသင်းဖော်တွေရဲ့လေးစားမှုခံရခြင်း၊ အတွေ့အကြုံရင့်ကျက်မှုတွေကြောင့် အူဘာမီယန်းကို အသင်းခေါင်းဆောင်ရာထူးပေးအပ်ခဲ့တာဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။

Photo Credit

အာဆင်နယ်ဟာ ဆောက်သမ်တန်နဲ့ကစားပြီးရင် ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဖရန့်ဖတ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲပြီးရင်တော့ နောဝစ်ချ်နဲ့ ပရီးမီးယားလိဂ်ပွဲကစားရမှာဖြစ်ပါတယ်။

Photo Credit

ဘာစီလိုနာအသင်းကလည်း အသက် ၃၂နှစ်အရွယ်ရှိ အဓိကတိုက်စစ်မှူး ဆွာရက်ဇ်ရဲ့နေရာမှာ ရေရှည်အစားထိုးဖို့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူမယ်လို့ အတည်ပြုကြေညာထားပြီး အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို အဓိကပစ်မှတ်အဖြစ် ထားရှိနေပါတယ်။

Photo Credit

Zawgyi

ဘာစီလုိနာဘက္က ေခၚယူခ်င္လာရင္ အဆင္သင့္ျဖစ္ေနေအာင္လုိ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးကိစၥ အူဘာမီယန္း ရပ္တန္႔ထား

အာဆင္နယ္အသင္းတုိက္စစ္မွဴးအူဘာမီယန္းဟာ ဘာစီလုိနာအသင္းက သူ႕ကို ေခၚယူဖို႔ စိတ္၀င္စားျခင္းရွိ မရွိ သိရေအာင္လုိ႔ ေစာင့္ဆုိင္းတ့ဲအေနနဲ႔ အာဆင္နယ္အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆုိေရးေဆြးေႏြးမႈေတြကို ရပ္တန္႔ထား တယ္လုိ႔ သိရပါတယ္။ ဂါဘြန္လက္ေရြးစင္ အူဘာမီယန္းဟာ ၂၀၁၈ ဇန္န၀ါရီလက ေဒါ့မြန္ကေန အာဆင္နယ္ကို ေရာက္လာၿပီးခ်ိန္ကတည္းက ေျခစြမ္းျပဂုိးျမဴးေနသူျဖစ္ၿပီး ယခုရာသီမွာလည္း ဆက္လက္ေျခစြမ္းျပေနကာ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၄ပဲြမွာ ၉ဂိုးသြင္းယူထားပါတယ္။

ယခုအခါ စပိန္သတင္းစာ SPORT က အူဘာမီယန္းအေနနဲ႔ ဘာစီလုိနာအသင္းက သူ႕ကို ေခၚယူမလားဆုိတာ သိရေအာင္လုိ႔ အာဆင္နယ္နဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆုိေရးကို ေရႊ႕ဆုိင္းထားတယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။ အာဆင္နယ္အသင္း နည္းျပ အမ္မရီကလည္း ယခုရာသီမွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိေစဖို႔ အူဘာမီယန္းကို အသင္းမွာဆက္ထိန္းထားခ်င္ ေနပါတယ္။

အာဆင္နယ္အသင္းဟာ ယခုရာသီမွာ ပုံမွန္ေျခစြမ္းရရွိဖုိ႔ ႐ုန္းကန္ေနရၿပီး အဆင့္ ၄ေနရာက စီးတီးနဲ႔ ၈မွတ္အထိကြာ ဟေနကာ စေနေန႔မွာ ေဆာက္သမ္တန္နဲ႔အိမ္ကြင္းပြဲကစားရမွာျဖစ္ပါတယ္။ အူဘာမီယန္းဟာ ကြင္းလယ္လူ ဇာခါ အသင္း ေခါင္းေဆာင္ရာထူးကေန ႐ုပ္သိမ္းျခင္းခံခဲ့ရၿပီးေနာက္ အသင္းေခါင္းေဆာင္သစ္အျဖစ္ ခန္႔အပ္ခံထားရၿပီး အမ္မရီက အသင္းေဖာ္ေတြရဲ႕ေလးစားမႈခံရျခင္း၊ အေတြ႕အႀကံဳရင့္က်က္မႈေတြေၾကာင့္ အူဘာမီယန္းကို အသင္း ေခါင္းေဆာင္ရာထူးေပးအပ္ခဲ့တာျဖစ္ေၾကာင္း ရွင္းလင္းခဲ့ပါတယ္။

အာဆင္နယ္ဟာ ေဆာက္သမ္တန္နဲ႔ကစားၿပီးရင္ ယူ႐ိုပါလိဂ္ပြဲစဥ္အျဖစ္ ဖရန္႔ဖတ္နဲ႔ ရင္ဆုိင္ရမွာျဖစ္ၿပီး အဲဒီပြဲၿပီးရင္ေတာ့ ေနာ၀စ္ခ်္နဲ႔ ပရီးမီးယားလိဂ္ပြဲကစားရမွာျဖစ္ပါတယ္။ ဘာစီလုိနာအသင္းကလည္း အသက္ ၃၂ႏွစ္အရြယ္ရွိ အဓိက တုိက္စစ္မွဴး ဆြာရက္ဇ္ရဲ႕ေနရာမွာ ေရရွည္အစားထိုးဖို႔ တိုက္စစ္မွဴးတစ္ဦး ေခၚယူမယ္လုိ႔ အတည္ျပဳေၾကညာထားၿပီး အင္တာမီလန္တုိက္စစ္မွဴး ေလာ္တာ႐ိုမာတီနက္ဇ္ကို အဓိကပစ္မွတ္အျဖစ္ ထားရွိေနပါတယ္။