
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီနှင့် စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိတော့ကြောင်း ဘာစီလိုနာအသင်းကမနေ့တုန်းက အတည်ပြုကြေညာလိုက်ပါတယ်။
ဘာစီလိုနာအသင်းက စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်ခဲ့ပေမယ့်လည်း လာလီဂါအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းများနှင့် ဘဏ္ဍာရေးအခြေအနေကြောင့် မက်ဆီနှင့် လက်တွဲနိုင်ခြင်းမရှိတော့ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့ပါတယ်။
တိုက်စစ်မှူး မက်ဆီ တစ်ယောက် ဘာစီလိုနာအသင်းတွင် ဆက်ရှိတော့မှာမဟုတ်ဆိုပြီး ဘာစီလိုနာအသင်းက ကြေညာခဲ့ပြီးနောက် နူးကမ့်ကွင်း၏ ဝင်ပေါက်အနီးတွင် ပရိသတ်တွေစုရုံးခဲ့ကြပြီး ပရိသတ်အချို့ကတော့ ဝမ်းနည်း ငိုကြွေးခဲ့ကြပါတယ်။
မက်ဆီက “သတင်းကြားပြီးပြီးချင်း ကျွန်တော့်ရဲ့ မိသားစု တစ်စုလုံး ငိုခဲ့ကြပါတယ်။
ကလေးတွေက ဘာစီလိုနာမြို့ကနေ မပြောင်းချင်ကြပါဘူး။
သူတို့က ကျောင်းတင် ပြောင်းရမှာ မဟုတ်ဘဲနဲ့ သူတို့ချစ်တဲ့ သူငယ်ချင်းတွေကိုပါ ခွဲရမှာလေ။
ဒီတော့ သူတို့ ဒီနေရာကို မစွန့်ခွာချင်ကြပါဘူး။”
“ကျွန်တော်ကတော့ အမြင့်ဆုံး အဆင့်အတန်းမျိုးမှာ ယှဉ်ပြိုင် ကစားချင်ပါသေးတယ်။
ကျွန်တော် ဆုဖလားတွေ ရယူချင်ပါသေးတယ်။
ချန်ပီယံလိဂ်ဖလားကို ရအောင် ကြိုးစားချင်ပါတယ်။”
“ဖလားရတာ ၊ ဖလားမရတာက တစ်ပိုင်းပါ။
ကြိုးစားအားထုတ်မှု ရှိဖို့ ကတော့ လိုအပ်ပါတယ်။
ကျွန်တော်တို့တွေဟာ အမြဲတမ်း ကြိုးစား အားထုတ်ဖို့ လိုတယ်လို့ ခံယူထားပါတယ်။
ရောမမြို့ ၊ လီဗာပူးမြို့ ၊ လစ္စဘွန်းမြို့တို့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မျိုးတွေ ထပ်ပြီး မဖြစ်လာအောင် ကြိုးစားချင်ပါတယ်။
ဒီအဖြစ်အပျက်တွေကပဲ ကျွန်တော့်ကို ဘာစီလိုနာအသင်း ကနေ ထွက်ခွာဖို့ စဉ်းစားစေတဲ့ အကြောင်းပြချက်တွေ ဖြစ်ခဲ့တာပါ”ဆိုပြီး ပြောထားပါတယ်။
အပြောင်းအလဲများတဲ့ ဘောလုံးလောကမှာ ဘာစီလိုနာ ပရိသတ်တွေအတွက် အလွမ်းနေ့ရက်တွေ ရှည်ပါအုံးမယ်။




M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi




ဘာစီလိုနာနဲ႔ လမ္းခြဲရတဲ့အေပၚ မက္ဆီရဲ႕ ေျပာစကား
အသင္းေခါင္းေဆာင္ တိုက္စစ္မႉး မက္ဆီႏွင့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ျခင္းမရွိေတာ့ေၾကာင္း ဘာစီလိုနာအသင္းကမေန႔တုန္းက အတည္ျပဳေၾကညာလိုက္ပါတယ္။
ဘာစီလိုနာအသင္းက စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ စီစဥ္ခဲ့ေပမယ့္လည္း လာလီဂါအဖြဲ႕ခ်ဳပ္ရဲ႕ စည္းမ်ဥ္းမ်ားႏွင့္ ဘ႑ာေရးအေျခအေနေၾကာင့္ မက္ဆီႏွင့္ လက္တြဲႏိုင္ျခင္းမရွိေတာ့ေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပခဲ့ပါတယ္။




တိုက္စစ္မႉး မက္ဆီ တစ္ေယာက္ ဘာစီလိုနာအသင္းတြင္ ဆက္ရွိေတာ့မွာမဟုတ္ဆိုၿပီး ဘာစီလိုနာအသင္းက ေၾကညာခဲ့ၿပီးေနာက္ ႏူးကမ့္ကြင္း၏ ဝင္ေပါက္အနီးတြင္ ပရိသတ္ေတြစု႐ုံးခဲ့ၾကၿပီး ပရိသတ္အခ်ိဳ႕ကေတာ့ ၀မ္းနည္း ငိုေႂကြးခဲ့ၾကပါတယ္။
မက္ဆီက “သတင္းၾကားၿပီးၿပီးခ်င္း ကြၽန္ေတာ့္ရဲ႕ မိသားစု တစ္စုလုံး ငိုခဲ့ၾကပါတယ္။ ကေလးေတြက ဘာစီလိုနာၿမိဳ႕ကေန မေျပာင္းခ်င္ၾကပါဘူး။ သူတို႔က ေက်ာင္းတင္ ေျပာင္းရမွာ မဟုတ္ဘဲနဲ႔ သူတို႔ခ်စ္တဲ့ သူငယ္ခ်င္းေတြကိုပါ ခြဲရမွာေလ။ ဒီေတာ့ သူတို႔ ဒီေနရာကို မစြန႔္ခြာခ်င္ၾကပါဘူး။”
“ကြၽန္ေတာ္ကေတာ့ အျမင့္ဆုံး အဆင့္အတန္းမ်ိဳးမွာ ယွဥ္ၿပိဳင္ ကစားခ်င္ပါေသးတယ္။ ကြၽန္ေတာ္ ဆုဖလားေတြ ရယူခ်င္ပါေသးတယ္။ ခ်န္ပီယံလိဂ္ဖလားကို ရေအာင္ ႀကိဳးစားခ်င္ပါတယ္။”




“ဖလားရတာ ၊ ဖလားမရတာက တစ္ပိုင္းပါ။ ႀကိဳးစားအားထုတ္မႈ ရွိဖို႔ ကေတာ့ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ေတြဟာ အၿမဲတမ္း ႀကိဳးစား အားထုတ္ဖို႔ လိုတယ္လို႔ ခံယူထားပါတယ္။ ေရာမၿမိဳ႕ ၊ လီဗာပူးၿမိဳ႕ ၊ လစၥဘြန္းၿမိဳ႕တို႔မွာ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္မ်ိဳးေတြ ထပ္ၿပီး မျဖစ္လာေအာင္ ႀကိဳးစားခ်င္ပါတယ္။ ဒီအျဖစ္အပ်က္ေတြကပဲ ကြၽန္ေတာ့္ကို ဘာစီလိုနာအသင္း ကေန ထြက္ခြာဖို႔ စဥ္းစားေစတဲ့ အေၾကာင္းျပခ်က္ေတြ ျဖစ္ခဲ့တာပါ”ဆိုၿပီး ေျပာထားပါတယ္။ အေျပာင္းအလဲမ်ားတဲ့ ေဘာလုံးေလာကမွာ ဘာစီလိုနာ ပရိသတ္ေတြအတြက္ အလြမ္းေန႔ရက္ေတြ ရွည္ပါအုံးမယ္။