
Photo Credit
Photo Credit
ချဲလ်ဆီးအသင်းရဲ့ လူငယ်ကြယ်ပွင့်လေးမေဆင်မောင့်ဟာ သူ့ရဲ့ပထမရာသီမှာပဲ ချဲလ်ဆီးစီနီယာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခွင့်ရရှိနေတာက သူတို့အတွက် အံသြစရာကိစ္စမဟုတ်ကြောင်း နယ်သာလန်ရှိ သူ့ရဲ့ အသင်းဖော်ဟောင်း ၂ ဦးကပြောပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ဘာစီလိုနာ (သို့) ရီးရဲလ် အသင်းကို မေဆင်မောင့်က ပြောင်းရွှေ့သွားနိုင်တယ်လို့လည်း သူတို့ကဆိုပါတယ်။
Photo Credit ; Getty Images
မောင့်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီမှာ အငှားသွားရောက် ကစားခဲ့ရပြီး ၂၀၁၇-၁၈ ရာသီကတော့ ဗစ်တက်ဆီအသင်းမှာ အငှားကစားသမားအဖြစ်၂၉ ပွဲ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ၁၃ ဂိုးသွင်းယူပေးခဲ့ပါတယ်။ မောင့်ရဲ့အသင်းဖော်ဟောင်း နှစ်ဦးဖြစ်တဲ့ မစ်ချယ်ဗန်ဘာဂန်နဲ့ သောမတ်စ်ဘရန်းစ်တို့ဟာ အဝတ်လဲခန်းထဲမှာ မောင့်ရဲ့ ခြေစွမ်းကောင်းတွေကို လေးစားအားကျနေခဲ့တာ ဖြစ်ပါတယ်။
Photo Credit
ဗန်ဘာဂန်က ဟီရန်ဗင်းအသင်းကိုပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပြီး တချို့သောအချက်အလက်တွေကြောင့် မောင့်ဟာ စပိန်ထိပ်သီးကလပ်အသင်း ၂ သင်းရဲ့ တစ်သင်းသင်းမှာပိုပြီး အံဝင်ခွင်ကျဖြစ်မယ်လို့ ယုံကြည်နေပါတယ်။ ဗန်ဘာဂန်က “ကျွန်တော်ချဲလ်ဆီးပွဲတွေကို မကြာခဏကြည့်ဖြစ်တာ မေဆင်မောင့်ကြောင့်ပါ။ သူက အခွင့်အရေးရရှိတာနဲ့ အကောင်းဆုံးအသုံးချနိုင်တဲ့သူပါ။ ပြီးတော့ သူကအင်္ဂလန်လက်ရွေးစင်အသင်းကကမ်းလှမ်းခြင်းခံရသူပါ”
Photo Credit
”ဒီဖြစ်ရပ်ကကျွန်တော့်ကိုအံသြစေတာတာ့ မဟုတ်ပါဘူး။ မေဆင်က လုံးဝကိုထိပ်တန်းရောက်မယ့် ကစားသမားပါ။ ပရီးမီးယားလိဂ်မှာ သူက ပြည့်စုံတဲ့ကစားသမားတစ်ဦးဖြစ်ပါလိမ့်မယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ကစားသမားဘဝကို ဘာစီလိုနာ (သို့) ရီးရဲလ်မက်ဒရစ်မှာ မြင်တွေ့ချင်ပါတယ်။ အဲဒီအသင်းတွေမှာ မောင့်က ပိုပြီးအံဝင်လိမ့်မယ်လို့ ထင်ပါတယ်“လို့ ပြောကြားသွားခဲ့ပါတယ်။ ဘရန်းစ်ကတော့ လက်ရှိမှာ ဗစ်တက်စ်ဆီကနေ ဇဝိုလီအသင်းကို အငှားသွားရောက် ကစားနေပါတယ်။
Photo Credit
သူကအတွေ့အကြုံနည်းမှုပြဿနာတွေနဲ့ရင်ဆိုင်နေရချိန်မှာ မောင့်ကတော့ အရည်အသွေးတွေ ဆက်လက်တိုးတက်နေပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပါတယ်။ ဒါပေမဲ့ ဘရန့်စ်က မောင့်အပေါ် မနာလိုဝန်တိုခြင်းမျိုးမရှိဘဲ သူငယ်ချင်းဖြစ်သူရဲ့ခြေစွမ်းတိုးတက်မှုတွေကို အားပေးကြိုဆိုခဲ့သူ ဖြစ်ပါတယ်။
Photo Credit
Zawgyi
ဘာစီလိုနာနဲ႔ ရီးရဲလ္အသင္းေတြမွာလည္း ေမဆင္ေမာင့္ အံ၀င္ႏုိင္တယ္လုိ႔ ဆို
ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ေလးေမဆင္ေမာင့္ဟာ သူ႕ရဲ႕ပထမရာသီမွာပဲ ခ်ဲလ္ဆီးစီနီယာအသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ ပါဝင္ကစားခြင့္ရရွိေနတာက သူတို႔အတြက္ အံၾသစရာကိစၥမဟုတ္ေၾကာင္း နယ္သာလန္ရွိ သူ႕ရဲ႕ အသင္းေဖာ္ေဟာင္း ၂ ဦးကေျပာပါတယ္။ ဒါ့အျပင္ အနာဂတ္မွာ ဘာစီလိုနာ (သို႔) ရီးရဲလ္ အသင္းကို ေမဆင္ေမာင့္က ေျပာင္းေရႊ႕သြားနိုင္တယ္လို႔လည္း သူတို႔ကဆိုပါတယ္။
ေမာင့္ဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံရွစ္ကလပ္ ဒါဘီေကာင္တီမွာ အငွားသြားေရာက္ ကစားခဲ့ရၿပီး ၂၀၁၇-၁၈ ရာသီကေတာ့ ဗစ္တက္ဆီအသင္းမွာ အငွားကစားသမားအျဖစ္၂၉ ပြဲ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ၁၃ ဂိုးသြင္းယူေပးခဲ့ပါတယ္။ ေမာင့္ရဲ႕အသင္းေဖာ္ေဟာင္း ႏွစ္ဦးျဖစ္တဲ့ မစ္ခ်ယ္ဗန္ဘာဂန္နဲ႔ ေသာမတ္စ္ဘရန္းစ္တို႔ဟာ အဝတ္လဲခန္းထဲမွာ ေမာင့္ရဲ႕ ေျခစြမ္းေကာင္းေတြကို ေလးစားအားက်ေနခဲ့တာ ျဖစ္ပါတယ္။
ဗန္ဘာဂန္က ဟီရန္ဗင္းအသင္းကိုေျပာင္းေရႊ႕သြားခဲ့ၿပီျဖစ္ၿပီး တခ်ဳိ႕ေသာအခ်က္အလက္ေတြေၾကာင့္ ေမာင့္ဟာ စပိန္ထိပ္သီးကလပ္အသင္း ၂ သင္းရဲ႕ တစ္သင္းသင္းမွာပိုၿပီး အံဝင္ခြင္က်ျဖစ္မယ္လို႔ ယံုၾကည္ေနပါတယ္။ ဗန္ဘာဂန္က “ကၽြန္ေတာ္ခ်ဲလ္ဆီးပြဲေတြကို မၾကာခဏၾကည့္ျဖစ္တာ ေမဆင္ေမာင့္ေၾကာင့္ပါ။ သူက အခြင့္အေရးရရွိတာနဲ႔ အေကာင္းဆံုးအသံုးခ်ႏိုင္တဲ့သူပါ။ ၿပီးေတာ့ သူကအဂၤလန္လက္ေရြးစင္အသင္းကကမ္းလွမ္းျခင္းခံရသူပါ”
”ဒီျဖစ္ရပ္ကကၽြန္ေတာ့္ကိုအံၾသေစတာတာ့ မဟုတ္ပါဘူး။ ေမဆင္က လံုးဝကိုထိပ္တန္းေရာက္မယ့္ ကစားသမားပါ။ ပရီးမီးယားလိဂ္မွာ သူက ျပည့္စံုတ့ဲကစားသမားတစ္ဦးျဖစ္ပါလိမ့္မယ္။ ေနာက္ဆံုးမွာေတာ့ သူ႕ရဲ႕ကစားသမားဘဝကို ဘာစီလိုနာ (သို႔) ရီးရဲလ္မက္ဒရစ္မွာ ျမင္ေတြ႕ခ်င္ပါတယ္။ အဲဒီအသင္းေတြမွာ ေမာင့္က ပိုၿပီးအံဝင္လိမ့္မယ္လို႔ ထင္ပါတယ္“လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ဘရန္းစ္ကေတာ့ လက္ရွိမွာ ဗစ္တက္စ္ဆီကေန ဇ၀ိုလီအသင္းကို အငွားသြားေရာက္ ကစားေနပါတယ္။
သူကအေတြ႕အၾကံဳနည္းမႈျပႆနာေတြနဲ႔ရင္ဆိုင္ေနရခ်ိန္မွာ ေမာင့္ကေတာ့ အရည္အေသြးေတြ ဆက္လက္တိုးတက္ေနၿပီး အဂၤလန္လက္ေရြးစင္အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရရွိေနပါတယ္။ ဒါေပမဲ့ ဘရန္႔စ္က ေမာင့္အေပၚ မနာလိုဝန္တုိျခင္းမ်ိဳးမရွိဘဲ သူငယ္ခ်င္းျဖစ္သူရဲ႕ေျခစြမ္းတိုးတက္မႈေတြကို အားေပးၾကိဳဆိုခဲ့သူ ျဖစ္ပါတယ္။