
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူးမက်ဆီဟာ ကလေးဘဝကတည်းက (၂၁)နှစ်ကြာကစားသမားဘဝဖြတ်သန်းခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ရုတ်တရက်လမ်းခွဲခဲ့တာနဲ့ပတ်သက်လို့ မနက်ဖြန်(တနင်္ဂနွေ)ကျရင် နူးကမ့်ကွင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီးဖြေရှင်းသွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့က ဘာစီလိုနာအသင်းဟာ သူတို့ရဲ့အဓိက,ကစားသမားမက်ဆီနဲ့ စာချုပ်ချုပ်တော့မှမဟုတ်ဘူးလို့ တရားဝင်ထုတ်ပြန်ခဲ့ပြီး အဲဒီသတင်းက ဘောလုံးလောကတစ်ခုလုံးအတွက် အံ့အားသင့်တုန်လှုပ်စရာဖြစ်ခဲ့ရပါတယ်။
မက်ဆီကို စာချုပ်သစ်မချုပ်ဖြစ်တာနဲ့ပတ်သက်လို့ သောကြာနေ့တုန်းက ဘာစီလိုနာဥက္ကဌလာပေါ်တာက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သလို အခု မက်ဆီကလည်းတနင်္ဂနွေနေ့ကျရင် သူကိုယ်တိုင် သတင်းစာရှင်းလင်းပွဲလုပ်သွားမှာဖြစ်တယ်လို့
နာမည်ကျော်အားကစားဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဖာဘရစ်ဇီယိုရိုမာနိုက အတည်ပြုခဲ့ပါတယ်။
မက်ဆီဟာ ဘာစီလိုနာနဲ့လမ်းခွဲပြီးအချိန်တော်တော်ကြာတဲ့အထိ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ဘာမှတရားဝင်ထုတ်ပြန်ကြေညာတာမျိုးမလုပ်သေးဘဲ လာပေါ်တာကတော့ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာ နောက်ထပ်(၂)နှစ်ဆက်ကစားဖို့ ဆန္ဒရှိခဲ့တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
အခုလောလောဆယ် မက်ဆီကို ခေါ်ယူဖို့အတွက် PSG အသင်းကရေပန်းစားနေပြီး အသင်းဥက္ကဌဖြစ်သူအယ်လ်ခီလိုင်ဖီဟာ မက်ဆီရဲ့ဖခင်ဟော်ဟဲမက်ဆီနဲ့ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးမှုတွေလုပ်နေတယ်လို့ သတင်းထွက်နေတာပါ။
ဘာစီလိုနာအသင်းဟာ သူတို့ရဲ့အဓိက,ကစားသမားမက်ဆီကို လက်လွှတ်လိုက်ရတဲ့အဓိကအကြောင်းရင်းထဲမှာ ဘဏ္ဍာရေးအခြေအနေဆိုးရွားနေတာက တစ်ချက်အပါအဝင်ဖြစ်ပြီး
ဘာစီလိုနာအသင်းက မက်ဆီကို (၅)နှစ်စာချုပ်ချုပ်ဆိုပြီးတော့ (၂)နှစ်အတွက်သာ လစာငွေပေးချေဖို့ကမ်းလှမ်းခဲ့သလို မက်ဆီကလည်း သဘောတူညီခဲ့ပေမယ့်
လာလီဂါအဖွဲ့ချုပ်ကတော့ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့မကိုက်ညီလို့ လက်မခံခဲ့တဲ့အတွက် ဘာစီလိုနာအသင်းဟာ မက်ဆီနဲ့လမ်းခွဲခဲ့ရတာလည်းဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဘာစီလိုနာနဲ့လမ်းခွဲလိုက်ရတဲ့အကြောင်းကို မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီးဖြေရှင်းသွားမယ့် မက်ဆီ