ဘာစီလိုနာနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲကို လွဲချော်ဖို့ရှိနေတဲ့ နေမာ

PSG အသင်းရဲ့ အဓိကတိုက်စစ်မှူးနေမာဟာ ဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာနဲ့ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲကို လွဲချော်မယ့်အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။

နေမာဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပြင်သစ်ဖလားပွဲစဉ်အဖြစ် ကိန်းအသင်းနဲ့ကစားခဲ့တဲ့ပွဲ ဒုတိယပိုင်း (၆၄)မိနစ်မှာ ဘယ်ဘက်ခြေထောက်ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဘာပေနဲ့ လူစားလဲခံခဲ့ရပါတယ်။ အဲဒီပွဲမှာ PSG အသင်းက မွိုက်စ်ကိန်းရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အဓိက တိုက်စစ်မှူးနေမာ ဒဏ်ရာရခဲ့တာကြောင့် ပေးဆပ်မှု ကြီးမားခဲ့တယ်လို့ပြောရမှာပါ။

PSG အသင်းဟာ လာမယ့်တစ်ပတ်အင်္ဂါနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ အဝေးကွင်းပွဲစဉ် သွားရောက်ကစားရမှာဖြစ်တာကြောင့် အဲဒီပွဲမတိုင်ခင် နေမာ ဒဏ်ရာက အချိန်မီပြန်လည်သက်သာလာဖို့ နည်းပြပိုချက်တီနိုက မျှော်လင့်နေပါတယ်။ နေမာဟာ PSG ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုရင် ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏရင်ဆိုင်ခဲ့ရပြီး အဓိကပွဲစဉ်တချို့ကို လွဲချော်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။

PSG အသင်းကို စတင်ပြောင်းရွှေ့ခဲ့တဲ့ ၂၀၁၇-၁၈ ရာသီတုန်းက ခြေချောင်းရိုးကျိုးတဲ့ဒဏ်ရာကြောင့် နေမာဟာ (၃)လလောက်အနားယူခဲ့ရသလို PSG အသင်းကလည်း ရီးယဲလ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ ၂၀၁၉ ဇန်နဝါရီလမှာ ဒဏ်ရာကြောင့်ပဲ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့ပြီး PSG အသင်းက အိမ်ကွင်းမှာ (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ရှုံးထွက်(၁၆)သင်းအဆင့်ကပဲ လှည့်ပြန်ခဲ့ရဖူးတာဖြစ်ပါတယ်။

နေမာရဲ့ဒဏ်ရာအခြေအနေအပေါ် PSG အသင်းက စိုးရိမ်နေပေမယ့် အသင်းဖော်ဖြစ်တဲ့ မွိုက်စ်ကိန်းကတော့ နေမာရဲ့ ဒဏ်ရာက အရမ်းဆိုးရွားတဲ့အနေအထား မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ မွိုက်စ်ကိန်းက “အခြေအနေ အားလုံးကောင်းပါတယ်။ နေမာဟာ လာမယ့်ပွဲကို ကစားဖို့ အသင့်ဖြစ်နေပါပြီ”လို့ ပြောခဲ့တာပါ။

PSG အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်က ၂၀၁၆-၁၇၊ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉ ရာသီတွေမှာ ရှုံးထွက်(၁၆)သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ မှတ်တမ်းဆိုးလည်းရှိတာကြောင့် ပိုချက်တီနိုအနေနဲ့ အဲဒီမှတ်တမ်းဆိုးကို ပြန်လည်မပိုင်ဆိုင်ရအောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာနဲ႔ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္ဖို႔ရွိေနတဲ့ ေနမာ

PSG အသင္းရဲ႕ အဓိကတိုက္စစ္မႉးေနမာဟာ ဒဏ္ရာျပႆနာေၾကာင့္ ဘာစီလိုနာနဲ႔ကစားမယ့္ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့ပြဲကို လြဲေခ်ာ္မယ့္အေနအထားနဲ႔ ရင္ဆိုင္ေနရပါၿပီ။ ေနမာဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က ျပင္သစ္ဖလားပြဲစဥ္အျဖစ္ ကိန္းအသင္းနဲ႔ကစားခဲ့တဲ့ပြဲ ဒုတိယပိုင္း (၆၄)မိနစ္မွာ ဘယ္ဘက္ေျခေထာက္ႂကြက္သားဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဘာေပနဲ႔ လူစားလဲခံခဲ့ရပါတယ္။ အဲဒီပြဲမွာ PSG အသင္းက မြိဳက္စ္ကိန္းရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရခဲ့ေပမယ့္ အဓိက တိုက္စစ္မႉးေနမာ ဒဏ္ရာရခဲ့တာေၾကာင့္ ေပးဆပ္မႈ ႀကီးမားခဲ့တယ္လို႔ေျပာရမွာပါ။ PSG အသင္းဟာ လာမယ့္တစ္ပတ္အဂၤါေန႔မွာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ဘာစီလိုနာအသင္းနဲ႔ အေဝးကြင္းပြဲစဥ္ သြားေရာက္ကစားရမွာျဖစ္တာေၾကာင့္ အဲဒီပြဲမတိုင္ခင္ ေနမာ ဒဏ္ရာက အခ်ိန္မီျပန္လည္သက္သာလာဖို႔ နည္းျပပိုခ်က္တီႏိုက ေမွ်ာ္လင့္ေနပါတယ္။

ေနမာဟာ PSG ကစားသမားဘဝတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာဆိုရင္ ဒဏ္ရာျပႆနာေတြနဲ႔ မၾကာခဏရင္ဆိုင္ခဲ့ရၿပီး အဓိကပြဲစဥ္တခ်ိဳ႕ကို လြဲေခ်ာ္ခဲ့ဖူးတဲ့ အျဖစ္အပ်က္ေတြလည္း ရွိခဲ့ပါတယ္။ PSG အသင္းကို စတင္ေျပာင္းေ႐ႊ႕ခဲ့တဲ့ ၂၀၁၇-၁၈ ရာသီတုန္းက ေျခေခ်ာင္း႐ိုးက်ိဳးတဲ့ဒဏ္ရာေၾကာင့္ ေနမာဟာ (၃)လေလာက္အနားယူခဲ့ရသလို PSG အသင္းကလည္း ရီးယဲလ္ကို ရႈံးနိမ့္ၿပီး ခ်န္ပီယံလိဂ္(၁၆)သင္းအဆင့္ကေန ထြက္ခဲ့ရပါတယ္။ ၂၀၁၉ ဇန္နဝါရီလမွာ ဒဏ္ရာေၾကာင့္ပဲ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္ခဲ့ၿပီး PSG အသင္းက အိမ္ကြင္းမွာ (၃-၁)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့လို႔ ရႈံးထြက္(၁၆)သင္းအဆင့္ကပဲ လွည့္ျပန္ခဲ့ရဖူးတာျဖစ္ပါတယ္။ ေနမာရဲ႕ဒဏ္ရာအေျခအေနအေပၚ PSG အသင္းက စိုးရိမ္ေနေပမယ့္ အသင္းေဖာ္ျဖစ္တဲ့ မြိဳက္စ္ကိန္းကေတာ့ ေနမာရဲ႕ ဒဏ္ရာက အရမ္းဆိုး႐ြားတဲ့အေနအထား မရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ မြိဳက္စ္ကိန္းက “အေျခအေန အားလုံးေကာင္းပါတယ္။ ေနမာဟာ လာမယ့္ပြဲကို ကစားဖို႔ အသင့္ျဖစ္ေနပါၿပီ”လို႔ ေျပာခဲ့တာပါ။

PSG အသင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိတက္ေရာက္ႏိုင္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ကို ရႈံးနိမ့္ခဲ့လို႔ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီမတိုင္ခင္က ၂၀၁၆-၁၇၊ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉ ရာသီေတြမွာ ရႈံးထြက္(၁၆)သင္းအဆင့္ကေန လွည့္ျပန္ခဲ့ရတဲ့ မွတ္တမ္းဆိုးလည္းရွိတာေၾကာင့္ ပိုခ်က္တီႏိုအေနနဲ႔ အဲဒီမွတ္တမ္းဆိုးကို ျပန္လည္မပိုင္ဆိုင္ရေအာင္ ႀကိဳးစားရမွာပဲျဖစ္ပါတယ္။