ဘာစီလိုနာနည်းပြဘ၀ ပထမဆုံးအရှုံးအတွက် ဒေါသထွက်နေတဲ့ ဇာဗီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့စနေညက အိမ်ကွင်းနူးကမ့်မှာ ဘက်တစ်ကို အရေးနိမ့်မှုကြောင့် ဘာစီလိုနာနည်းပြဘ၀ ပထမဆုံးရှုံးပွဲနဲ့ကြုံခဲ့ရတဲ့ ဇာဗီတစ်ယေက် ဒေါသထွက်နေပါတယ်။

အဲဒီမတိုင်ခင် နောက်ဆုံးလာလီဂါ ၂ ပွဲဆက်နိုင်ထားလို့ ဘက်တစ်နဲ့ပွဲမှာလည်း အဲဒီအရှိန်ကိုဆက်ထိန်းနိုင်မယ်လို့ ဘာစီလိုနာက မျှော်လင့်ခဲ့တာပါ။

ဒါပေမဲ့လည်း ဒီရာသီလာလီဂါမှာ သူတို့ရဲ့ ၄ ပွဲမြောက်အရှုံးနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။

အဲဒိပွဲအပြီး အင်တာဗျူးမှာ ဇာဗီက သူတို့အနေနဲ့ ခြေစွမ်းအရ အနည်းဆုံး ၁ မှတ်ရဖို့ ထိုက်တန်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဇာဗီဟာ အဲဒီပွဲမှာ ပေးလိုက်ရတဲ့ဂိုးအတွက် မကျေမနပ်ဖြစ်နေပြီး အဲဒီအကြောင်းနဲ့ပတ်သက်လို့ ဒေါသထွက်နေတယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။

”ကျွန်တော်တု့ိ ပိုပြီးထိုက်တန်ပါတယ်။ ဒီလိုပွဲကနေ တစ်ခုမှ မရခဲ့တာဟာ စိတ်ပျက်စရာပါ။ ပေးလိုက်ရတဲ့ဂိုးအတွက်ဆို အရမ်းကို ဒေါသထွက်ရပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီလိုပုံစံတွေကို ကျွန်တော်တို့ လေ့ကျင့်ထားလို့ပါ။

ကျွန်တော်တို့ ရှုံးနိမ့်ဖို့ မထိုက်တန်ပါဘူး”လို့ ၄၁ နှစ်အရွယ် ဇာဗီက ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

အခုဆိုရင် ဇာဗီရဲ့အသင်းဟာ လာလီဂါ ၁၅ ပွဲမှာ ၂၃ မှတ်သာရရှိမှုနဲ့ အမှတ်ပေးဇယားအဆင့် ၇ နေရာရောက်နေပြီး ထိပ်ဆုံးက ရီးရဲလ်နဲ့ ၁၆ မှတ်တောင်ကွာနေပါတယ်။

ဒါပေမဲ့ ဇာဗီဟာ သူ့ရဲ့ပထမဆုံးအရှုံးအတွက် စိတ်ပျက်နေချိန်မရလောက်အောင် ကြားရက်ချန်ပီယံလိဂ်မှာ ဘာစီလိုနာနဲ့အရေးကြီးပွဲက စောင့်ကြိုနေပါတယ်။

ဘာစီလိုနာဟာ ဂျာမန်မြေမှာသွားကစားရမယ့် အဲဒီပွဲမှာ အနိုင်ကန်ထားမှသာ တစ်ဖက်ကပွဲကို ကြည့်စရာမလိုပဲ နောက်တစ်ဆင့်တက်နိုင်မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာစီလိုနာနည္းျပဘ၀ ပထမဆုံးအရႈံးအတြက္ ေဒါသထြက္ေနတဲ့ ဇာဗီ

ၿပီးခဲ့တဲ့စေနညက အိမ္ကြင္းႏူးကမ့္မွာ ဘက္တစ္ကို အေရးနိမ့္မႈေၾကာင့္ ဘာစီလိုနာနည္းျပဘ၀ ပထမဆုံးရႈံးပြဲနဲ႔ႀကဳံခဲ့ရတဲ့ ဇာဗီတစ္ေယက္ ေဒါသထြက္ေနပါတယ္။

အဲဒီမတိုင္ခင္ ေနာက္ဆုံးလာလီဂါ ၂ ပြဲဆက္ႏိုင္ထားလို႔ ဘက္တစ္နဲ႔ပြဲမွာလည္း အဲဒီအရွိန္ကိုဆက္ထိန္းႏိုင္မယ္လို႔ ဘာစီလိုနာက ေမွ်ာ္လင့္ခဲ့တာပါ။

ဒါေပမဲ့လည္း ဒီရာသီလာလီဂါမွာ သူတို႔ရဲ႕ ၄ ပြဲေျမာက္အရႈံးနဲ႔သာ ႀကဳံေတြ႕ခဲ့ရပါတယ္။

အဲဒိပြဲအၿပီး အင္တာဗ်ဴးမွာ ဇာဗီက သူတို႔အေနနဲ႔ ေျခစြမ္းအရ အနည္းဆုံး ၁ မွတ္ရဖို႔ ထိုက္တန္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ဇာဗီဟာ အဲဒီပြဲမွာ ေပးလိုက္ရတဲ့ဂိုးအတြက္ မေက်မနပ္ျဖစ္ေနၿပီး အဲဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ေဒါသထြက္ေနတယ္ဆိုတာ ဝန္ခံခဲ့ပါတယ္။

”ကြၽန္ေတာ္တု႔ိ ပိုၿပီးထိုက္တန္ပါတယ္။ ဒီလိုပြဲကေန တစ္ခုမွ မရခဲ့တာဟာ စိတ္ပ်က္စရာပါ။ ေပးလိုက္ရတဲ့ဂိုးအတြက္ဆို အရမ္းကို ေဒါသထြက္ရပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုပုံစံေတြကို ကြၽန္ေတာ္တို႔ ေလ့က်င့္ထားလို႔ပါ။ ကြၽန္ေတာ္တို႔ ရႈံးနိမ့္ဖို႔ မထိုက္တန္ပါဘူး”လို႔ ၄၁ ႏွစ္အ႐ြယ္ ဇာဗီက ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာပါ။

အခုဆိုရင္ ဇာဗီရဲ႕အသင္းဟာ လာလီဂါ ၁၅ ပြဲမွာ ၂၃ မွတ္သာရရွိမႈနဲ႔ အမွတ္ေပးဇယားအဆင့္ ၇ ေနရာေရာက္ေနၿပီး ထိပ္ဆုံးက ရီးရဲလ္နဲ႔ ၁၆ မွတ္ေတာင္ကြာေနပါတယ္။

ဒါေပမဲ့ ဇာဗီဟာ သူ႔ရဲ႕ပထမဆုံးအရႈံးအတြက္ စိတ္ပ်က္ေနခ်ိန္မရေလာက္ေအာင္ ၾကားရက္ခ်န္ပီယံလိဂ္မွာ ဘာစီလိုနာနဲ႔အေရးႀကီးပြဲက ေစာင့္ႀကိဳေနပါတယ္။

ဘာစီလိုနာဟာ ဂ်ာမန္ေျမမွာသြားကစားရမယ့္ အဲဒီပြဲမွာ အႏိုင္ကန္ထားမွသာ တစ္ဖက္ကပြဲကို ၾကည့္စရာမလိုပဲ ေနာက္တစ္ဆင့္တက္ႏိုင္မွာပါ။