ဘာစီလိုနာနည်းပြဇာဗီ ကို ထိုးနှက်လိုက်တဲ့ ပီဒရီရဲ့ဒဏ်ရာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းရဲ့ ခြေစွမ်းထက်လူငယ်ကွင်းလယ်လူ ပီဒရီဟာပေါင်ကြွက်သားဒဏ်ရာကြောင့် ၂၀၂၂ အထိအနားယူရတော့မှာဖြစ်ကြောင်းသိရပါတယ်။

မနေ့ကနိုဝင်ဘာ ၂၅ မှာမှအသက် ၁၉ နှစ်ပြည့်ခဲ့တဲ့ ပီဒရီ ဟာပြီးခဲ့တဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီကမှဘာစီလိုနာနဲ့အတူစတင်ပွဲထွက်ခဲ့ပေမယ့်

ခြေစွမ်းအရမ်းတိုးတက်လာလို့ ကလပ်မှာရော စပိန်လက်ရွေးစင်အသင်းမှာပါ ပုံမှန်ပွဲထွက်ခွင့်ရသူဖြစ်လာတာပါ။

သူဟာပြီးခဲ့တဲ့ ဧပြီလကဘာစီလိုနာနဲ့အတူ စပိန်ဘုရင့်ဖလားမှာဗိုလ်စွဲခဲ့ပြီးနောက် ယူရို ၂၀၂၀ မှာဆီမီးဖိုင်နယ်တက်ခဲ့တဲ့ စပိန်အသင်းမှာလည်းတောက်လျှောက်ပါဝင်ခဲ့ရပါတယ်။

ဒါ့အပြင်တိုကျိုအိုလံပစ်မှာလည်း စပိန်အသင်းနဲ့အတူပါဝင်ခဲ့ပြီး ဒုတိယငွေတံဆိပ်ဆုရယူခဲ့သေးလို့ ပြီးခဲ့တဲ့ရာသီမှာကလပ်နဲ့နိုင်ငံအတွက် ၇၃ ပွဲတောင်ကစားခဲ့ရတာပါ။

ဒါဟာလူငယ်တစ်ဦးအတွက်သိပ်ကိုများပြားလှတဲ့ပမာဏဖြစ်ပြီး တိုကျိုအိုလံပစ်အပြီး ၅ ရက်အကြာမှာဘာစီလိုနာနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းခဲ့ရသေးလို့ အနားယူချိန်အလုံအလောက်မရခဲ့ဘဲ ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်ပြီးရုန်းကန်ခဲ့ရပါတယ်။

ဒီဒဏ်တွေကြောင့် သူဟာဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ ၄ ပွဲသာကစားခဲ့ရပြီး စက်တင်ဘာလကတည်းကပေါင်ကြွက်သားထိခိုက်ခဲ့လို့ အနားယူနေရတာပါ။

သူ့ကိုဒီနှစ်ထဲမှာပြန်ကစားဖို့ ကလပ်ဘက်ကမျှော်လင့်ခဲ့သေးပေမယ့် ပြီးခဲ့တဲ့တစ်ပတ်က ပြန်လည်ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ရာမှာ ဒဏ်ရာကပြဿနာရှိနေသေးတဲ့အတွက် လာမယ့်၂၀၂၂ ဇန်နဝါရီရောက်မှသာပြန်ကစားနိုင်တော့မှာဖြစ်ပါတယ်။

သူဟာဒဏ်ရာရခဲ့ပြီးနောက် ကြံ့ခိုင်မှုအတွက်လေ့ကျင့်ခဲ့ရာမှာ ၂ ကြိမ်တိုင်တိုင်ပြဿနာရှိခဲ့တာဖြစ်ပါတယ်။

ပီဒရီဟာမကြာသေးခင်ကလည်း ဥရောပအကောင်းဆုံးလူငယ်ဆုဖြစ်တဲ့ Golden Boy ကိုရရှိထားသေးသူပါ။

သူအနားယူချိန်ကြာမြင့်တာဟာ ဘာစီလိုနာကိုပြန်လည်တည်ဆောက်နေတဲ့နည်းပြသစ်ဇာဗီ အတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ရပ်လည်းဖြစ်လာမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာစီလိုနာနည္းျပဇာဗီ ကို ထိုးႏွက္လိုက္တဲ့ ပီဒရီရဲ႕ဒဏ္ရာ

ဘာစီလိုနာအသင္းရဲ႕ ေျခစြမ္းထက္လူငယ္ကြင္းလယ္လူ ပီဒရီဟာေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ ၂၀၂၂ အထိအနားယူရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။ မေန႔ကႏိုဝင္ဘာ ၂၅ မွာမွအသက္ ၁၉ ႏွစ္ျပည့္ခဲ့တဲ့ ပီဒရီ ဟာၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ေဘာလုံးရာသီကမွဘာစီလိုနာနဲ႔အတူစတင္ပြဲထြက္ခဲ့ေပမယ့္ ေျခစြမ္းအရမ္းတိုးတက္လာလို႔ ကလပ္မွာေရာ စပိန္လက္ေ႐ြးစင္အသင္းမွာပါ ပုံမွန္ပြဲထြက္ခြင့္ရသူျဖစ္လာတာပါ။

သူဟာၿပီးခဲ့တဲ့ ဧၿပီလကဘာစီလိုနာနဲ႔အတူ စပိန္ဘုရင့္ဖလားမွာဗိုလ္စြဲခဲ့ၿပီးေနာက္ ယူ႐ို ၂၀၂၀ မွာဆီမီးဖိုင္နယ္တက္ခဲ့တဲ့ စပိန္အသင္းမွာလည္းေတာက္ေလွ်ာက္ပါဝင္ခဲ့ရပါတယ္။ ဒါ့အျပင္တိုက်ိဳအိုလံပစ္မွာလည္း စပိန္အသင္းနဲ႔အတူပါဝင္ခဲ့ၿပီး ဒုတိယေငြတံဆိပ္ဆုရယူခဲ့ေသးလို႔ ၿပီးခဲ့တဲ့ရာသီမွာကလပ္နဲ႔ႏိုင္ငံအတြက္ ၇၃ ပြဲေတာင္ကစားခဲ့ရတာပါ။

ဒါဟာလူငယ္တစ္ဦးအတြက္သိပ္ကိုမ်ားျပားလွတဲ့ပမာဏျဖစ္ၿပီး တိုက်ိဳအိုလံပစ္အၿပီး ၅ ရက္အၾကာမွာဘာစီလိုနာနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းခဲ့ရေသးလို႔ အနားယူခ်ိန္အလုံအေလာက္မရခဲ့ဘဲ ႀကံ့ခိုင္မႈပိုင္းနဲ႔ပတ္သက္ၿပီး႐ုန္းကန္ခဲ့ရပါတယ္။

ဒီဒဏ္ေတြေၾကာင့္ သူဟာဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ ၄ ပြဲသာကစားခဲ့ရၿပီး စက္တင္ဘာလကတည္းကေပါင္ႂကြက္သားထိခိုက္ခဲ့လို႔ အနားယူေနရတာပါ။ သူ႔ကိုဒီႏွစ္ထဲမွာျပန္ကစားဖို႔ ကလပ္ဘက္ကေမွ်ာ္လင့္ခဲ့ေသးေပမယ့္ ၿပီးခဲ့တဲ့တစ္ပတ္က ျပန္လည္ႀကံ့ခိုင္မႈေလ့က်င့္ခန္းေတြျပဳလုပ္ခဲ့ရာမွာ ဒဏ္ရာကျပႆနာရွိေနေသးတဲ့အတြက္ လာမယ့္၂၀၂၂ ဇန္နဝါရီေရာက္မွသာျပန္ကစားႏိုင္ေတာ့မွာျဖစ္ပါတယ္။

သူဟာဒဏ္ရာရခဲ့ၿပီးေနာက္ ႀကံ့ခိုင္မႈအတြက္ေလ့က်င့္ခဲ့ရာမွာ ၂ ႀကိမ္တိုင္တိုင္ျပႆနာရွိခဲ့တာျဖစ္ပါတယ္။ ပီဒရီဟာမၾကာေသးခင္ကလည္း ဥေရာပအေကာင္းဆုံးလူငယ္ဆုျဖစ္တဲ့ Golden Boy ကိုရရွိထားေသးသူပါ။ သူအနားယူခ်ိန္ၾကာျမင့္တာဟာ ဘာစီလိုနာကိုျပန္လည္တည္ေဆာက္ေနတဲ့နည္းျပသစ္ဇာဗီ အတြက္ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ရပ္လည္းျဖစ္လာမွာပါ။