ဘာစီလိုနာတို့ ဖလားမလိုချင်လို့ သရေပွဲတွေဆင်နွှဲနေတာလား?

မနေ့ညက ကျင်းပခဲ့တဲ့ လီဗန်တေးအသင်းနဲ့ ဘာစီလိုနာအသင်းတိုရဲ့ပွဲမှာ ဘာစီလိုနာက ပထမပိုင်းမှာပဲ (၂)ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသားကို ဦးဆောင်ထားတာကြောင့်

ဘာစီလိုနာတို့ အနိုင်ရ ပြီလို့ ထင်မှတ်ခဲ့ရပေမယ့် ပြိုင်ဘက်အသင်းရဲ့ ဂိုးတွေကို ပြန်လည်ခွင့်ပြုပေးခဲ့ရပြီး ပွဲအပြီးမှာတော့ တစ်ဖက်ကို (၃)ဂိုးစီနဲ့ သရေပွဲအဖြစ်သာ ပြီးဆုံးခဲ့ရ ပါတယ်။

အဲဒီပွဲမတိုင်ခင်မှာ အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ၂မှတ်၊ ရီးရဲလ်နဲ့ ရမှတ်တူနေတဲ့ အနေအထားမှာရှိနေတဲ့ ဘာစီလိုနာဟာ

အခုတော့ လီဗန်တေးကို အဝေးကွင်းမှာ သရေသာကစားနိုင်ခဲ့လို့ အမှတ်ပေးဇယားကိုဦးဆောင်ပြီး ကျန်အသင်းတွေကို ဖိအားပေးနိုင်မယ့် အခွင့်အရေးကောင်းလက်လွှတ်ခဲ့ရပါတယ်။

ပွဲစဉ်မှာ မက်ဆီ နဲ့ ပီဒရီတို့က ဦးဆောင်ဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၂ ဂိုးဆက်တိုက် ချေပဂိုးပေးခဲ့ရတာကြောင့် ပြန်လိုက် ကစားခဲ့ရပါတယ်။

အဲဒီနောက်ပွဲကစားချိန် ၆၄ မိနစ်မှာ ဒမ်ဘီလီကဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၈၃ မိနစ်မှာ လီယွန်က ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။

အခုအခြေအနေဟာ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ အက်သလက်တီကိုအသင်းအတွက် အကောင်းဆုံး အခွင့်အရေးတစ်ခုပါပဲ။

ဒီညမှာ ရီးရဲလ်ဆိုစီဒက်ကို ဧည့်ခံကစားသွားရမယ့် အက်သလက်တီကိုအနေနဲ့ အနိုင်ရလဒ်တစ်ခုကိုသာ ယူဆောင်နိုင်ခဲ့မယ်ဆိုရင်

စုစုပေါင်း ရမှတ်(၈၀)အထိ ရရှိသွားမှာဖြစ်သလို ဒုတိယနေရာက ဘာစီလိုနာကိုလည်း (၄)မှတ်အထိ ဖြတ်တောက်နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က ဂရန်နာဒါကိုသာ အနိုင်ယူလိုက်မယ်ဆိုရင်တော့ အက်သလက်တီကိုဟာ ဘာစီလိုနာထက် မြို့ခံအသင်းကိုသာ သတိထားရတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာကွင်းလယ်လူဘက်ကွက်စ်ကတော့ သူတို့အသင်းရဲ့ အမှတ်ပေးဖလားမျှော်လင့်ချက်တွေ အဆုံးသတ်သွားပြီလို့ ထင်မှတ်ခံစားရကြောင်း ပွဲအပြီးမှာ ဝန်ခံပြောဆိုထားပါတယ်။

zawgyi

ဘာစီလိုနာတို႔ ဖလားမလိုခ်င္လို႔ သေရပြဲေတြဆင္ႏႊဲေနတာလား?

မေန႔ညက က်င္းပခဲ့တဲ့ လီဗန္ေတးအသင္းနဲ႔ ဘာစီလိုနာအသင္းတိုရဲ႕ပြဲမွာ ဘာစီလိုနာက ပထမပိုင္းမွာပဲ (၂)ဂိုးျပတ္နဲ႔ ျပတ္ျပတ္သားသားကို ဦးေဆာင္ထားတာေၾကာင့္ ဘာစီလိုနာတို႔ အႏိုင္ရ ၿပီလို႔ ထင္မွတ္ခဲ့ရေပမယ့္ ၿပိဳင္ဘက္အသင္းရဲ႕ ဂိုးေတြကို ျပန္လည္ခြင့္ျပဳေပးခဲ့ရၿပီး ပြဲအၿပီးမွာေတာ့ တစ္ဖက္ကို (၃)ဂိုးစီနဲ႔ သေရပြဲအျဖစ္သာ ၿပီးဆုံးခဲ့ရ ပါတယ္။

အဲဒီပြဲမတိုင္ခင္မွာ အမွတ္ေပးဇယားကိုဦးေဆာင္ေနတဲ့ အက္သလက္တီကိုမက္ဒရစ္နဲ႔ ၂မွတ္၊ ရီးရဲလ္နဲ႔ ရမွတ္တူေနတဲ့ အေနအထားမွာရွိေနတဲ့ ဘာစီလိုနာဟာ အခုေတာ့ လီဗန္ေတးကို အေဝးကြင္းမွာ သေရသာကစားႏိုင္ခဲ့လို႔ အမွတ္ေပးဇယားကိုဦးေဆာင္ၿပီး က်န္အသင္းေတြကို ဖိအားေပးႏိုင္မယ့္ အခြင့္အေရးေကာင္းလက္လႊတ္ခဲ့ရပါတယ္။

ပြဲစဥ္မွာ မက္ဆီ နဲ႔ ပီဒရီတို႔က ဦးေဆာင္ဂိုး ၂ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ၂ ဂိုးဆက္တိုက္ ေခ်ပဂိုးေပးခဲ့ရတာေၾကာင့္ ျပန္လိုက္ ကစားခဲ့ရပါတယ္။အဲဒီေနာက္ပြဲကစားခ်ိန္ ၆၄ မိနစ္မွာ ဒမ္ဘီလီကဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ပြဲကစားခ်ိန္ ၈၃ မိနစ္မွာ လီယြန္က ေခ်ပဂိုး ျပန္လည္ သြင္းယူႏိုင္ခဲ့ပါတယ္။

အခုအေျခအေနဟာ အမွတ္ေပးဇယားထိပ္မွာ ဦးေဆာင္ေနတဲ့ အက္သလက္တီကိုအသင္းအတြက္ အေကာင္းဆုံး အခြင့္အေရးတစ္ခုပါပဲ။ ဒီညမွာ ရီးရဲလ္ဆိုစီဒက္ကို ဧည့္ခံကစားသြားရမယ့္ အက္သလက္တီကိုအေနနဲ႔ အႏိုင္ရလဒ္တစ္ခုကိုသာ ယူေဆာင္ႏိုင္ခဲ့မယ္ဆိုရင္ စုစုေပါင္း ရမွတ္(၈၀)အထိ ရရွိသြားမွာျဖစ္သလို ဒုတိယေနရာက ဘာစီလိုနာကိုလည္း (၄)မွတ္အထိ ျဖတ္ေတာက္ႏိုင္မွာျဖစ္ပါတယ္။

ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္က ဂရန္နာဒါကိုသာ အႏိုင္ယူလိုက္မယ္ဆိုရင္ေတာ့ အက္သလက္တီကိုဟာ ဘာစီလိုနာထက္ ၿမိဳ႕ခံအသင္းကိုသာ သတိထားရေတာ့မွာျဖစ္ပါတယ္။ ဘာစီလိုနာကြင္းလယ္လူဘက္ကြက္စ္ကေတာ့ သူတို႔အသင္းရဲ႕ အမွတ္ေပးဖလားေမွ်ာ္လင့္ခ်က္ေတြ အဆုံးသတ္သြားၿပီလို႔ ထင္မွတ္ခံစားရေၾကာင္း ပြဲအၿပီးမွာ ဝန္ခံေျပာဆိုထားပါတယ္။