M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းဟာ ကြာသပတေးနေ့ ကာဒစ်အသင်းနဲ့ ပွဲစဥ်ကို တာဝန်ယူကိုင်တွယ်သွားဖို့ရှိပေမယ့် အသင်းက သူ့နေရာ အစားထိုးနိုင်မယ့် နည်းပြတွေကို ရှာဖွေနေကြောင်း ESPN သတင်းဌာနအရ သိရပါတယ်။
ကိုးမန်းရဲ့ နည်းပြရာထူးဟာ ဘိုင်ယန်မြူးနစ်ကို ( ၃-၀ ) အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်အပါအဝင် တနင်္လာနေ့က နူးကမ့့်မှာ ဂရန်နာဒါကို ( ၁-၁ ) သရေကျခဲ့တဲ့ လာလီဂါပွဲစဥ်အပြီးမှာ ပိုမိုစိုးရိမ်ရတဲ့အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။
သတင်းတွေအရ ဘာစီလိုနာ ဥက္ကဌ ယိုအန် လာပေါ်တာဟာ ဂရန်နာဒါနဲ့ ပွဲစဥ်အပြီးမှာ အသင်းဘုတ်အဖွဲ့ဝင်တွေနဲ့ ( ၁ ) နာရီကြာ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ကိုးမန်းရဲ့ ဘာစီလိုနာနည်းပြ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမယ့် ရွေးချယ်စရာနည်းပြ ခက်ခဲနေတာကြောင့် လာပေါ်တာအတွက် ကာဒစ်နဲ့ပွဲစဥ်မတိုင်မီ ကိုးမန်းကို ထုတ်ပယ်ဖို့ အခက်အခဲရှိနေပါတယ်။
ဥက္ကဌက ရာသီကုန်ထိ တာဝန်ယူမယ့် ယာယီနည်းပြ ခန့်အပ်ဖို့မရှိပဲ အသင်းရဲ့ အနာဂတ်အတွက် ပဲ့ကိုင်ပေးမယ့်သူကိုသာ အလိုရှိနေတာဖြစ်ပါတယ်။
ယခုနွေရာသီအတွင်း ဘာစီလိုနာအသင်းကို အကြံပေးအနေနဲ့ ပြန်လည်ရောက်ရှိလာတဲ့ ဂျောဒီ ခရိုက်က ဘယ်လ်ဂျီယံ နည်းပြ ရောဘတ်တိုမာတီးနက်ကို ဦးစားေပး စဥ်းစားထားပြီး ကာတာကလပ် Al-Sadd နည်းပြ ဇာဗီကိုလည်း နောက်ထပ်ပစ်မှတ်အနေနဲ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
နောက်ပြီး အသင်းနဲ့ သမိုင်းကြောင်း အစဥ်အလာရှိတဲ့ နောက်ထပ်နည်းပြတစ်ဦးကိုလည်း ထည့်သွင်းစဥ်းစားထားတယ်လို့ သိရပါတယ်။
ဘာဆာ ဒုတိယ ဥက္ကဌ Eduard Romeuက အသင်းအနေနဲ့ အသားတင် ကြွေးမြီ ယူရို ( ၁.၃၅ ) ဘီလီယံကျန်ရှိနေပြီး ေငွကြေးပြဿနာတွေ ရင်ဆိုင်နေရပေမယ့် ရော်နယ်ကိုးမန်းကို လျော်ကြေးပေးဖို့ ပြဿနာမရှိကြောင်း ပြီးခဲ့တဲ့ အပတ်က ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဂရန်နာဒါနဲ့ သရေကျခဲ့ပြီးနောက် ( ၄ ) ပွဲမှာ ( ၈ ) မှတ် ရယူနိုင်ခဲ့ပြီး ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိ ရပ်တည်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဘာစီလိုနာက ရော်နယ်ကိုးမန်နေရာ အစားထိုးဖို့ လျာထားတဲ့ နည်းပြစာရင်း
ကိုးမန်းရဲ့ နည်းပြရာထူးဟာ ဘိုင်ယန်မြူးနစ်ကို ( ၃-၀ ) အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် တနင်္လာနေ့က နူးကမ့်မှာ ဂရန်နာဒါကို ( ၁-၁ ) သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ ပိုမိုစိုးရိမ်ရတဲ့အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။