
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပချိန်မှာ ပုရိသတွေအတွက် အားပေးချင်စရာ အလှပဂေး အားကစားမယ်များစွာ ရှိလာပါတယ်။
အဲဒီထဲက ခပ်လန်းလန်းအားကစားမယ်လေးကတော့ ဘရာဇီးလ် ဘောလုံးအသင်းကို ကိုယ်စားပြုတဲ့ Giovana Queiroz ပါပဲ။
၂၀၀၃ ခုနှစ် ဘရာဇီးလ်မှာ မွေးတဲ့သူမဟာ နောက်တော့ အမေရိကန်ကိုပြောင်းခဲ့ပါတယ်။
အဲဒီနောက်တော့ စပိန်ကိုရောက်သွားပြန်ပါတယ်။
ပြောင်းတဲ့နိုင်ငံတိုင်းမှာ လက်ရွေးစင်အဖြစ်ထူးချွန်တဲ့ ဘောလုံးမယ်လေးဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ် အလှပဂေးလေးဟာ နိုင်ငံသုံးခုစလုံးကို ကိုယ်စားပြုခွင့်ရပါတယ်။
U17 ကိုယ်စားပြုကစားသမားတွေထဲမှာ US U17 ၊ Brazil U17 ၊ Spain U17 သုံးသင်းလုံးကို ကိုယ်စားပြုကစားဖူးတဲ့ မိန်းကလေးပါ။
သူမဟာ ဘာစီလိုနာကလပ်မှာတော့ ကျောနံပါတ် ၂၉ ဝတ်ဆင်ကစားပါတယ်။
Giovana ကို ရော်နယ်ဒိုမ လို့ ခေါ်တာက ဂိုးတွေအများကြီး သွင်းထားလို့ မဟုတ်ပါဘူး။
အပိုအလိုမရှိဘဲ ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်နဲ့ ကျော့မော့နေတဲ့ စတိုင်လ်၊ လှပတဲ့ကောက်ကြောင်းနဲ့ အားကစားသမားတစ်ဦးရဲ့ ရှင်းလင်းလှတဲ့ မက်မောစရာ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပုံစံကြောင့်ပါ။
သူမအတွက် ကြီးမားတဲ့ အောင်မြင်မှုကတော့ မနှစ်က အမျိုးသမီး ချန်ပီယံလိဂ်ဆုဖလားကြီးကို ပူပူနွေးနွေးဆွတ်ခူးထားတာပဲ ဖြစ်ပါတယ်။
Giovana ရဲ့ အစ်ကို ကလည်း ဘောလုံးသမားပါပဲ။
သူကတော့ ရီးရဲလ်မက်ဒရစ် လူငယ်အသင်းအတွက် ကစားခဲ့ဖူးပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဘာစီလိုနာက စီရော်နယ်ဒိုလို မိန်းကလေး