
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာစီလိုနာအသင်းဟာ ယခုနှစ် နွေဈေးကွက် မပိတ်သိမ်းမီ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေရာ ယူနိုက်အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကာဗာနီနဲ့ ဘာစီလိုနာဟာ သဘောတူညီမှုရရှိခဲ့ပေမယ့် ယူနိုက်တက်ဘက်က ထွက်ခွာခွင့် မပေးလိုတာကြောင့် ဝါရင့်တိုက်စစ်မှူးကြီးဟာ ယူနိုက်တက်မှာပဲ ဆက်ရှိပါမယ်။
ဘာစီလိုနာအသင်းရဲ့ နည်းပြကိုးမန်းက ယခုနှစ် နွေဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် တစ်ဦး ထပ်မံ ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုတာကြောင့် ဘာစီလိုနာအသင်းဟာ ဈေးကွက်အတွင်းမှာ တိုက်စစ်မှူးသစ် တစ်ဦး ရှာပုံတော် ဖွင့်နေခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ယနေ့မနက် အစောပိုင်းမှာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။
ကာဗာနီဟာ လက်ရှိ ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂သိန်းနီးပါး ရရှိနေသူ ဖြစ်ပြီး ၊ နောက်ရာသီမှာ အသင်းကနေ ထွက်ခွာမှာပါ။
စီရော်နယ်ဒို ရောက်ရှိလာတာကြောင့် ကာဗာနီဟာ ဂျာစီ နံပါတ်လည်း ပြောင်းလဲဝတ်ဆင်ပါမယ်။
ဝါရင့်တိုက်စစ်မှူးကြီးရဲ့ အခန်းကဏ္ဏဟာ မှေးမှိန်လာဖွယ်ရှိနေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဘာစီလိုနာက ချိတ်ဆက်ခဲ့ပေမယ့် ယူနိုက်တက်မှာ ဆက်ရှိမယ့် ကာဗာနီ