ဘာစီလိုနာကွင်းမှာ အမာစားခေါင်းဆောင်းနဲ့ ချပ်ဝတ်တန်ဆာတွေလိုလိမ့်မယ်လို့ ဆိုလိုက်တဲ့ဂတ်တူဆို

photo-gettyimages

photo-gettyimages

ဘာစီလိုနာနဲ့ဒုတိယအကျော့အတွက် သူ့အသင်းဟာ အမာစားခေါင်းဆောင်းနဲ့ ချပ်ဝတ်တန်ဆာတွေ ဝယ်ရလိမ့်မယ်လို့ နာပိုလီနည်းပြဂတ်တူဆိုက ပြောကြားလိုက်ပါတယ်။ နာပိုလီဟာ အိမ်ကွင်းက ပထမအကျော့ပွဲစဉ်မှာ မာတန်းစ်ရဲ့ပထမပိုင်းသွင်းဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘာစီလိုနာဘက်က ဂရစ်ဇ်မန်းရဲ့ချေပဂိုးကို ခွင့်ပြုလိုက်ရပြီး သရေရလဒ်နဲ့အတူ အဝေးဂိုးတစ်ဂိုးပါ ပေးလိုက်ရပါတယ်။

photo-gettyimages

ဒါကြောင့် နာပိုလီဟာ ဘာစီလိုနာအိမ်ကွင်း နူးကမ့်က ဒုတိယအကျော့မှာလည်း ဂိုးသွင်းနိုင်ဖို့ လိုအပ်သွားပြီး နောက်တစ်ဆင့်တက်နိုင်ဖို့အတွက်ဆိုရင် ခက်ခက်ခဲခဲကြိုးပမ်းရတော့မှာပါ။ ဒါပေမဲ့ ဂတ်တူဆိုကတော့ မတ်လ ၁၈ ရက်နေ့ကစားမယ့် နူးကမ့်က တိုက်ပွဲအတွက် သူ့အသင်းဟာ အဆင်သင့်ဖြစ်နေကြောင်း ဆိုလိုက်ပြီး  ဘာစီလိုနာကို နောက်ကောက်ချနိုင်မယ့် တကယ့်အခွင့်အရေးရှိနေတယ်လို့လည်း ယုံကြည်နေပါတယ်။

photo-gettyimages

”ဖဲကစားနေတာတောင်မဟုတ်ဘဲ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ကစားနေတာဖြစ်လို့ ကျွန်တော်တို့အတွက် ဘာမှ မပြီးဆုံးသေးပါဘူး။ ဖြတ်ကျော်ရမယ့်အခက်အခဲတွေကို ကျွန်တေ်ာတို့ သိပါတယ်။ ကျွန်တော်တို့ဟာ အမာစားခေါင်းဆောင်းနဲ့ ချပ်ဝတ်တန်ဆာတွေ ဝယ်ယူရပါလိမ့်မယ်။ လိုအပ်တဲ့တန်ဆာပလာတွေ အားလုံးယူပြီး နောက်ပွဲကို ကစားသွားမှာပါ။ ဘာမှမပြီးဆုံးသေးပါဘူး”လို့ ဂတ်တူဆိုက  ဘာစီလိုနာနဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။

[Zawgyi]

ဘာစီလိုနာကြင္းမွာ အမာစားေခါင္းေဆာင္းနဲ႔ ခ်ပ္၀တ္တန္ဆာေတြလိုလိမ့္မယ္လုိ႔ ဆိုလိုက္တဲ့ဂတ္တူဆို

ဘာစီလိုနာနဲ႔ဒုတိယအေက်ာ့အတြက္ သူ႔အသင္းဟာ အမာစားေခါင္းေဆာင္းနဲ႔ ခ်ပ္၀တ္တန္ဆာေတြ ၀ယ္ရလိမ့္မယ္လို႔ နာပိုလီနည္းျပဂတ္တူဆုိက ေျပာၾကားလိုက္ပါတယ္။ နာပုိလီဟာ အိမ္ကြင္းက ပထမအေက်ာ့ပြဲစဥ္မွာ မာတန္း္စ္ရဲ႕ပထမပိုင္းသြင္းဂိုးနဲ႔ စတင္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ဘာစီလိုုနာဘက္က ဂရစ္ဇ္မန္းရဲ႕ေခ်ပဂိုးကို ခြင့္ျပဳလုိက္ရၿပီး သေရရလဒ္နဲ႔အတူ အေ၀းဂိုးတစ္ဂိုးပါ ေပးလိုက္ရပါတယ္။

ဒါေၾကာင့္ နာပိုလီဟာ ဘာစီလိုနာအိမ္ကြင္း ႏူးကမ့္က ဒုတိယအေက်ာ့မွာလည္း ဂိုးသြင္းႏိုင္ဖုိ႔ လုိအပ္သြားၿပီး ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔အတြက္ဆိုရင္ ခက္ခက္ခဲခဲႀကိဳးပမ္းရေတာ့မွာပါ။ ဒါေပမဲ့ ဂတ္တူဆိုကေတာ့ မတ္လ ၁၈ ရက္ေန႔ကစားမယ့္ ႏူးကမ့္က တိုက္ပြဲအတြက္ သူ႔အသင္းဟာ အဆင္သင့္ျဖစ္ေနေၾကာင္း ဆုိလုိက္ၿပီး  ဘာစီလိုနာကို ေနာက္ေကာက္ခ်ႏိုင္မယ့္ တကယ့္အခြင့္အေရးရွိေနတယ္လုိ႔လည္း ယုံၾကည္ေနပါတယ္။

”ဖဲကစားေနတာေတာင္မဟုတ္ဘဲ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ကစားေနတာျဖစ္လို႔ ကၽြန္ေတာ္တုိ႔အတြက္ ဘာမွ မၿပီးဆုံးေသးပါဘူး။ ျဖတ္ေက်ာ္ရမယ့္အခက္အခဲေတြကို ကၽြန္ေတ္ာတို႔ သိပါတယ္။ ကၽြန္ေတာ္တုိ႔ဟာ အမာစားေခါင္းေဆာင္းနဲ႔ ခ်ပ္၀တ္တန္ဆာေတြ ၀ယ္ယူရပါလိမ့္မယ္။ လိုအပ္တဲ့တန္ဆာပလာေတြ အားလုံးယူၿပီး ေနာက္ပြဲကို ကစားသြားမွာပါ။ ဘာမွမၿပီးဆုံးေသးပါဘူး”လို႔ ဂတ္တူဆုိက  ဘာစီလိုနာနဲ႔ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့တာပါ။