ဘာစီလိုနာကြယ်ပွင့် မက်ဆီကို လာမယ့်ဇန်နဝါရီမှာ ခေါ်ယူဖို့ ထပ်မံကြိုးပမ်းဖွယ်ရှိနေတဲ့ မန်စီးတီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပြန်လည်ခေါ်ယူဖို့ စီစဉ်လာတယ်လို့ သိရပါတယ်။

စီးတီးဟာ အာဂျင်တီးနားသားကို နွေရာသီတုန်းကလည်း ခေါ်ယူဖို့ ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းက မက်ဆီကိုစာချုပ်ဖျက်သိမ်းကြေးတောင်းဆိုပြီး တားမြစ်ခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ စီးတီးဟာ လာမယ့်နွေရာသီမှာ အလွတ်နဲ့ထွက်ခွာခွင့်ရနေတဲ့ မက်ဆီကို ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ The Sun သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ သတင်းတွေအရ စီးတီးအသင်းဟာ ဘော်လွန်းဒီအော်ဆု ၆ ကြိမ်ရှင် မက်ဆီကို ပေါင်သန်း ၅၀ လောက်နဲ့ ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း ဘာစီလိုနာအသင်းဟာ အကြွေးပေါင်သန်း ၄၄၀ နဲ့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ကိုဗစ်မတိုင်ခင်က ဘာစီလိုနာအသင်းဟာ ဝင်ငွေပေါင် ၉၄၀ သန်းရှိနေပေမယ့် လက်ရှိအချိန်မှာတော့ ပေါင် ၇၄၆ သန်းသာဝင်ငွေရှိတော့သလို ကစားသမားတွေကိုလစာပေးချေရမှုက ၈၀ % အထိ ရှိလာခဲ့ပါတယ်။

စီးတီးနည်းပြ ဂွါဒီယိုလာကလည်း ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်နေတဲ့ မက်ဆီကို အရခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ စီးတီးတာဝန်ရှိသူတွေကလည်း ဘာစီလိုနာအလိုရှိနေတဲ့ တပည့်ဟောင်းကို အရခေါ်ယူဖို့ပြင်ဆင်နေပြီး ချန်ပီယံလိဂ်အောင်မြင်မှုရယူဖို့ အလိုရှိနေပါတယ်။

စီးတီးကို မက်ဆီပြောင်းဖြစ်ခဲ့ပါက နည်းပြဟောင်း ဂွါဒီယိုလာအပြင် အာဂျင်တီးနားအသင်းဖော် အဂူရိုနဲ့လည်းပြန်လည်ပေါင်းဆုံဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာစီလိုနာၾကယ္ပြင့္ မက္ဆီကို လာမယ့္ဇန္န၀ါရီမွာ ေခၚယူဖို႔ ထပ္မံၾကိဳးပမ္းဖြယ္ရွိေနတဲ့ မန္စီးတီး

မန္စီးတီးအသင္းဟာ ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီကို လာမယ့္ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ ျပန္လည္ေခၚယူဖို႔ စီစဥ္လာတယ္လို႔ သိရပါတယ္။

စီးတီးဟာ အာဂ်င္တီးနားသားကို ေႏြရာသီတုန္းကလည္း ေခၚယူဖို႔ ခ်ိတ္ဆက္ခဲ့ေသးတာျဖစ္ပါတယ္။ ဒါေပမယ့္ ဘာစီလိုနာအသင္းက မက္ဆီကိုစာခ်ဳပ္ဖ်က္သိမ္းေၾကးေတာင္းဆုိျပီး တားျမစ္ခဲ့ပါတယ္။

ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ စီးတီးဟာ လာမယ့္ေႏြရာသီမွာ အလြတ္နဲ႔ထြက္ခြာခြင့္ရေနတဲ့ မက္ဆီကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာပဲ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ The Sun သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ သတင္းေတြအရ စီးတီးအသင္းဟာ ေဘာ္လြန္းဒီေအာ္ဆု ၆ ၾကိမ္ရွင္ မက္ဆီကို ေပါင္သန္း ၅၀ ေလာက္နဲ႔ ေခၚယူဖို႔ ျပင္ဆင္လာတယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာလည္း ဘာစီလိုနာအသင္းဟာ အေၾကြးေပါင္သန္း ၄၄၀ နဲ႔ ရုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။ ကိုဗစ္မတိုင္ခင္က ဘာစီလိုနာအသင္းဟာ ၀င္ေငြေပါင္ ၉၄၀ သန္းရွိေနေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ေပါင္ ၇၄၆ သန္းသာ၀င္ေငြရွိေတာ့သလို ကစားသမားေတြကိုလစာေပးေခ်ရမႈက ၈၀ % အထိ ရွိလာခဲ့ပါတယ္။

စီးတီးနည္းျပ ဂြါဒီယိုလာကလည္း ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အဆင္မေျပျဖစ္ေနတဲ့ မက္ဆီကို အရေခၚယူဖို႔ ျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။ စီးတီးတာ၀န္ရွိသူေတြကလည္း ဘာစီလိုနာအလိုရွိေနတဲ့ တပည့္ေဟာင္းကို အရေခၚယူဖို႔ျပင္ဆင္ေနျပီး ခ်န္ပီယံလိဂ္ေအာင္ျမင္မႈရယူဖို႔ အလိုရွိေနပါတယ္။

စီးတီးကို မက္ဆီေျပာင္းျဖစ္ခဲ့ပါက နည္းျပေဟာင္း ဂြါဒီယိုလာအျပင္ အာဂ်င္တီးနားအသင္းေဖာ္ အဂူရိုနဲ႔လည္းျပန္လည္ေပါင္းဆံုဖြယ္ရွိေနပါတယ္။