ဘာစီလိုနာကို ကားလို့စ်ဗီလာ အငှားနဲ့ရောက်ဖို့များနေ

PC ; Internet

လာမယ့်ဇန်နဝါရီဈေးကွက်မှာ လာလီဂါကိုပြောင်းရွှေ့ကစားဖွယ်ရှိတယ်လို့ မေဂျာလိဂ်ကလပ်လော့စ်အိန်ဂျယ်လိစ်တိုက်စစ်မှူး ကားလို့စ်ဗီလာက ဖွင့်ဟလိုက်ပါတယ်။အသက် ၃၀ အရွယ်မက္ကဆီကိုတိုက်စစ်မှူးဟာ ၂၀၁၁ ခုနှစ်မှာ အာဆင်နယ်ကနေ လာလီဂါကလပ် ဆိုစီဒက်ကိုပြောင်းရွှေ့ပြီး စပိန်မြေမှာ ၇ ရာသီကြာကျင်လည်ခဲ့ဖူးပါတယ်။အဲဒီကာလအတွင်း ဆိုစီဒက်အတွက် လာလီဂါ ၆၆ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်ဇန်နဝါရီမှာ မေဂျာလိဂ်ကလပ်လော့စ်အိန်ဂျယ်လိစ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

PC ; Internet

လော့စ်အိန်ဂျယ်လိစ်အတွက် ၆၆ပွဲမှာ ၅၃ဂိုးသွင်းယူပေးထားတဲ့ ကားလို့စ်ဗီလာဟာ ၂၀၁၉ခုနှစ် မေဂျာလိဂ်ရွှေဖိနပ်ဆုကို သွင်းဂိုး ၃၄ဂိုးနဲ့ဆွတ်ခူးထားသူပါ။ဒါ့အပြင် မေဂျာလိဂ်တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးစံချိန်ရှင်၊တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှု အများဆုံး(၄၉ဂိုး)စံချိန်ရှင် ဆိုတဲ့မှတ်တမ်းကောင်းတွေကိုလည်း စိုက်ထူနိုင်ခဲ့ပါတယ်။သူနဲ့သတင်းထွက်နေတာကတော့ လာလီဂါချန်ပီယံဘာစီလိုနာဖြစ်ပြီး တစ်ရာသီအငှားနဲ့ရောက်လာဖို့ရှိနေတယ်လို့ မီဒီယာတွေကရေးနေကြတာပါ။

PC ; Internet

ကာယကံရှင်ကိုယ်တိုင်ကလည်း “တကယ့်ကိုနီးစပ်မှုရှိနေပါတယ်။ မက်ဆီနဲ့အတူ ၄လလောက်ကစားပြီး လော့စ်အိန်ဂျယ်လိစ်ကိုပြန်မယ်ဆိုတာကို မဖြစ်နိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ပါဘူး။ သင်ယူမယ်၊ပြီးတော့အိမ်ပြန်မယ်” လို့ နယူးယော့ခ်တိုင်းစ်သတင်းစာနဲ့ အင်တာဗျူးမှာပြောဆိုထားပါတယ်။

PC ; Internet

ဒါဟာ ၂၀၁၈ ကမ္ဘာ့ဖလားနောက်ပိုင်း ဝေးကွာနေခဲ့တဲ့ လက်ရွေးအသင်းတံခါးကိုခေါက်ဖို့ ကားလို့စ်ဗီလာရဲ့ကြိုးစားမှုလားဆိုတာ စိတ်ဝင်စားစရာကောင်းသလို ဂရေ့ဇ်မန်းအသင်းနဲ့အံမဝင်သေးတာ၊တိုက်စစ်မှာဒဏ်ရာပြသနာတွေနဲ့ရင်ဆိုင်နေရတာ စတဲ့အခက်အခဲတွေရှိနေတာကြောင့် ဘာစီလိုနာကလည်း အငှားနဲ့ခေါ်ယူသွားမလားဆိုတာ စောင့်ကြည့်ချင်စရာဖြစ်နေပါတယ်။

(zawgyi)

လာမယ့္ဇန္န၀ါရီေစ်းကြက္မွာ လာလီဂါကိုေျပာင္းေရႊ႔ကစားဖြယ္ရွိတယ္လို႔ ေမဂ်ာလိဂ္ကလပ္ေလာ့စ္အိန္ဂ်ယ္လိစ္တိုက္စစ္မွဴး ကားလို႔စ္ဗီလာက ဖြင့္ဟလိုက္ပါတယ္။အသက္ ၃၀ အရြယ္မကၠဆီကိုတိုက္စစ္မွဴးဟာ ၂၀၁၁ ခုႏွစ္မွာ အာဆင္နယ္ကေန လာလီဂါကလပ္ ဆိုစီဒက္ကိုေျပာင္းေရႊ႔ၿပီး စပိန္ေျမမွာ ၇ ရာသီၾကာက်င္လည္ခဲ့ဖူးပါတယ္။အဲဒီကာလအတြင္း ဆိုစီဒက္အတြက္ လာလီဂါ ၆၆ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္္ဇန္န၀ါရီမွာ ေမဂ်ာလိဂ္ကလပ္ေလာ့စ္အိန္ဂ်ယ္လိစ္ကို ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။ေလာ့စ္အိန္ဂ်ယ္လိစ္အတြက္ ၆၆ပြဲမွာ ၅၃ဂိုးသြင္းယူေပးထားတဲ့ ကားလို႔စ္ဗီလာဟာ ၂၀၁၉ခုႏွစ္ ေမဂ်ာလိဂ္ေရႊဖိနပ္ဆုကို သြင္းဂိုး ၃၄ဂိုးနဲ႔ဆြတ္ခူးထားသူပါ။ဒါ့အျပင္ ေမဂ်ာလိဂ္တစ္ရာသီအတြင္း သြင္းဂိုးအမ်ားဆံုးစံခ်ိန္ရွင္၊တစ္ရာသီအတြင္း ဂိုးပါ၀င္ပတ္သက္မႈ အမ်ားဆံုး(၄၉ဂိုး)စံခ်ိန္ရွင္ ဆိုတဲ့မွတ္တမ္းေကာင္းေတြကိုလည္း စိုက္ထူႏိုင္ခဲ့ပါတယ္။သူနဲ႔သတင္းထြက္ေနတာကေတာ့ လာလီဂါခ်န္ပီယံဘာစီလိုနာျဖစ္ၿပီး တစ္ရာသီအငွားနဲ႔ေရာက္လာဖို႔ရွိေနတယ္လို႔ မီဒီယာေတြကေရးေနၾကတာပါ။ကာယကံရွင္ကိုယ္တိုင္ကလည္း “တကယ့္ကိုနီးစပ္မႈရွိေနပါတယ္။ မက္ဆီနဲ႔အတူ ၄လေလာက္ကစားျပီး ေလာ့စ္အိန္ဂ်ယ္လိစ္ကိုျပန္မယ္ဆိုတာကို မျဖစ္ႏိုင္ဘူးလို႔ ဘယ္သူမွမေျပာႏိုင္ပါဘူး။ သင္ယူမယ္၊ျပီးေတာ့အိမ္ျပန္မယ္” လို႔ နယူးေယာ့ခ္တိုင္းစ္သတင္းစာနဲ႔ အင္တာဗ်ဴးမွာေျပာဆိုထားပါတယ္။ဒါဟာ ၂၀၁၈ ကမာၻ႔ဖလားေနာက္ပိုင္း ေ၀းကြာေနခဲ့တဲ့ လက္ေရြးအသင္းတံခါးကိုေခါက္ဖို႔ ကားလို႔စ္ဗီလာရဲ႕ႀကိဳးစားမႈလားဆိုတာ စိတ္၀င္စားစရာေကာင္းသလို ဂေရ႕ဇ္မန္းအသင္းနဲ႔အံမ၀င္ေသးတာ၊တိုက္စစ္မွာဒဏ္ရာျပသနာေတြနဲ႔ရင္ဆိုင္ေနရတာ စတဲ့အခက္အခဲေတြရွိေနတာေၾကာင့္ ဘာစီလိုနာကလည္း အငွားနဲ႔ေခၚယူသြားမလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာျဖစ္ေနပါတယ္။