ဘာစီလိုနာကစားသမားဘဝအဆုံးသပ်သွားနိုင်တဲ့မေးခွန်းကို ဖြေဆိုသွားနိုင်တဲ့ ထရင်ကာအို
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာစီလိုနာကစားသမား ထရင်ကာအိုကတော့ ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ဖီရန်ဗားရို့စ်နဲ့ပွဲအတွက် အသင်းရဲ့ပွဲကြို အွန်လိုင်းသတင်းစာရှင်းပွဲကို တက်ရောက်ခဲ့ပါတယ်။ အသက်၂၀အရွယ်ပေါ်တူဂီတောင်ပံကစားသမားလေးဟာ ဘာစီလိုနာအတွက် ဥရောပပြိုင်ပွဲမှာ ၂ ပွဲသာပါဝင်ကစားခွင့်ရရှိထားပြီး အင်္ဂါနေ့က ဖီရန်ဗားရို့စ်နဲ့ ချန်ပီယံလိဂ်ပွဲမကန်ခင် သတင်းစာရှင်းလင်းပွဲမှာ ဂျာနယ်လစ်အမျိုးသမီးရဲ့ လျှပ်တစ်ပြက် မေးမြန်းမှုကိုလည်း အတော်သတိထားပြီး ဖြေကြားခဲ့ရပါသေးတယ်။
သူမရဲ့မေးခွန်းက အဖြေမတက်ရင်သူ့ရဲ့ ဘာစီလိုနာကစားသမားဘဝအဆုံးသပ်သွားနိုင်တဲ့မေးခွန်းပါ။ မေးခွန်းက ပေါ်တူဂီ နိုင်ငံလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်ဒိုနဲ့ ကလပ်အသင်းက အသင်းခေါင်းဆောင် မက်ဆီတို့အနက် ဘယ်သူက ပိုကောင်းလဲလို့ မေးခွန်းမေးမြန်းလိုက်တာပါပဲ…
“မက်ဆီ နဲ့ ရော်နယ်ဒိုတို့ ၂ ဦးက ကွဲပြားခြားနားတဲ့ကစားသမားတွေပါ။ သူတို့ ၂ ဦးစလုံးက ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားတွေပါ။ ဘယ်သူပိုကောင်းတယ်လို့တော့ မပြောလိုပါဘူး”လို့ ထရင်ကာအိုက ပြောကြားခဲ့ပါတယ်။ ထရင်ကာအိုဟာ အလာဗက်စ်အသင်းနဲ့ပွဲမှာ အသင်းအတွက်ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပေမယ့် ပွဲထွက်ကစားသမားအဖြစ်တော့ ကစားခွင့်မရသေးပါဘူး။
သူဟာ ပြီးခဲ့တဲ့နွေကမှ ပေါ်တူဂီကလပ် ဘရာဂါကနေ ယူရို၃၁သန်းနဲ့ နူးကမ့်ကိုရောက်ရှိလာခဲ့သူဖြစ်ပါတယ်။
အသင်းကိုရောက်ရှိလာချိန်မှာ လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရ ပေမယ့် ပြီးခဲ့တဲ့ အိုဆာဆူနာကို ၄ဂိုးပြတ်နိုင်တဲ့ပွဲမှာ နာရီဝက်ခန့်ကစားခွင့်ရခဲ့ပြီး မက်ဆီရဲ့ သွင်းဂိုးရရှိအောင် ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။
ဒါကြောင့် ဘာစီလိုနာကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် သူကတော့ နူးကမ့်မှာပဲပျော်နေတယ်လို့ ဆိုခဲ့ပါတယ်။
“ကျွန်တော် ဘာစီလိုနာမှာ ပျော်နေပါတယ်။ ဒီမှာ ကျွန်တော့်အိပ်မက်တွေဖြစ်လာအောင် လုပ်ဆောင်သွားမှာပါ။ ဆောင်းရာသီဈေးကွက်ကို ကျွန်တော်စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့မှာ လုံလောက်တဲ့လူအင်အားရှိပါတယ်။ ဒီမှာ ရှိနေတဲ့ကစားသမားတိုင်းက ပွဲတိုင်းကစားချင်ကြပါတယ်။ ဒါပေမဲ့ အဲ့တာကနည်းပြရွေးချယ်ရမှာပါ။ …
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi