

အာဆင်နယ်ဟာ အိမ်ကွင်းအမ်းမရိတ်စ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့သရေကျပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၄မှတ်အကွာ အဆင့်-၅နေရာမှာ ဆက်လက်ရပ်တည်ခဲ့ရတယ်။ပြီးခဲ့တဲ့ပွဲစဉ်မှာ ရှက်ဖီးကိုရှုံးထားတဲ့ ဂန်းနားတွေအတွက် ၂ပွဲဆက်နိုင်ပွဲပျောက်ခဲ့ခြင်းပါ။ဒီပွဲဟာ အငြင်းပွားစရာအချို့နဲ့ တင်းမာမှုတွေရှိခဲ့ပေမယ့် အာဆင်နယ်ဟာ ၉ မိနစ်အတွင်းမှာတင် ၂ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီးမှ အမှတ်ခွဲယူခဲ့ရတာက အံ့အားသင့်စရာဖြစ်ခဲ့တယ်။

အိမ်ရှင်အသင်းရသွားတဲ့ ဦးဆောင်ဂိုး ၂ဂိုးလုံးဟာ ထောင့်ကန်ဘောတွေကဖြစ်နေတာ၊ပဲလေ့စ်အတွက် ပထမချေပဂိုးကို VAR ကြည့်ပြီး ပင်နယ်တီပေးခဲ့တာဖြစ်ပေမယ့် ၈၂မိနစ်မှာ အာဆင်နယ်သွင်းယူခဲ့တဲ့ အနိုင်ဂိုးကိုတော့ VAR ကြည့်ပြီး ချမ်ဘာ ပြစ်ဒဏ်ကျူးလွန်တယ်လို့ သတ်မှတ်ခဲ့တာတွေဟာ ဒီပွဲရဲ့ပြဇာတ်ဆန်တဲ့အချိုးအကွေ့တွေလို့ ဆိုရမှာပါ။ဘာပဲဖြစ်ဖြစ် အိမ်ကွင်းမှာ အာဆင်နယ် ၁မှတ်သာရခဲ့ရတဲ့ အဓိက အကြောင်း ၃ရပ်ကိုတော့ sportskeeda ဝက်ဘ်ဆိုက်က ဒီလိုသုံးသပ်ပြထားပါတယ်။

၁။ VAR ရဲ့ နာကျင်စရာနဲ့ကြည်နူးစရာ
ဗွီဒီယိုအကူဒိုင်နည်းပညာ(VAR) ဟာ ဘောလုံးလောကကို စတင်မိတ်ဆက်လာစဉ်ကတည်းက အယူအဆအမျိုးမျိုးနဲ့ အငြင်းပွားစရာတွေဖန်တီးခဲ့ပါတယ်။ကြည်နူးဝမ်းမြောက်စရာတွေရော နာကျင်စရာတွေကိုပါ သယ်ဆောင်လာခဲ့ပါတယ်။တနင်္ဂနွေညပွဲစဉ်မှာလည်း အဲဒီလိုခံစားမှုမျိုးကို ပေါ်ပေါက်စေခဲ့ပါတယ်။ဒီညမှာ VAR ဆုံးဖြတ်ချက် ၂ကြိမ်လုံးရဲ့ထိုးနှက်မှုခံခဲ့ရတာကတော့ အာဆင်နယ်ပါပဲ။ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အခြားအကြောင်းအရာလေးတွေရှိပါသေးတယ်။ပွဲချိန်အစောပိုင်းမှာ ဇာဟာကို ချမ်ဘာအဝင်ကြမ်းပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးဘဲ အိုင်ဗရီကို့စ်တိုက်စစ်မှူးကိုတောင် အဝါကတ်ပြလိုက်သေးတယ်။

ဒါပေမဲ့ ရုပ်သံအနှေးပြကွက်တွေမှာ အင်္ဂလန်နောက်ခံလူဟာ မလိုအပ်ဘဲခြေထောက်ဆန့်ထုတ်လိုက်တာ ထင်ရှားနေပါတယ်။ပြီးတော့ အာဆင်နယ်ကိုအမှတ်ပြည့်ရစေမယ့် အနိုင်ဂိုးဟာ VAR ရဲ့ ရယ်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ပျက်စီးသွားခဲ့ရပါတယ်။ပဲလေ့စ်ဂိုးဧရိယာထဲမှာ ရှုပ်ယှက်ခတ်နေတဲ့အနေအထားမှာ လာကာဇက်တီပေးတာကနေ ဆိုကရာတစ်က ဂိုးသွင်းနိုင်ခဲ့တယ်။ဒါပေမဲ့ VAR ကြည့်နေတဲ့ လူကြီးမင်းတွေက ချမ်ဘာရဲ့အနေအထားက အာဆင်နယ်အတွက် ဂိုးရအောင်အရေးသာမှုဖြစ်စေခဲ့တယ်။ပဲလေ့စ်ကစားသမားတွေရဲ့ ဟန့်တားနိုင်စွမ်းအပေါ်အင်္ဂလန်သား အနှောင့်အယှက်ပေးခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။တကယ်တော့ ချမ်ဘာကလဲနေခဲ့တာပါ။ကစားကွင်းနဲ့အဝေးတစ်နေရာမှာ မော်နီတာကြည့်နေတဲ့လူတစ်စုက ကွင်းထဲကဒိုင်ရဲ့ဆုံးဖြတ်ချက်ကိုလွှမ်းမိုးနေတာဟာ ယုတ္တိတော့မတန်လှပါဘူး။

၂။ ပဲလေ့စ်ရဲ့ဒုတိယပိုင်းနည်းစနစ်ဗျူဟာကို မလွန်ဆန်နိုင်ခဲ့တဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ပွဲကိုကောင်းမွန်စွာ စတင်နိုင်ခဲ့သလို အခွင့်အရေးတွေလည်းရခဲ့တယ်။အထူးသဖြင့် ဦးဆောင်ဂိုး ၂ဂိုး ခပ်စောစောရခဲ့တာကြောင့် အနိုင်ရဖို့ သေချာသလောက်ဖြစ်ခဲ့တာပါ။၃၂ မိနစ်မှာ ပင်နယ်တီကနေ ချေပဂိုးတစ်ဂိုးပြန်ပေးလိုက်ရတဲ့တိုင်အောင်ပေါ့။ဒါပေမဲ့ လင်းယုန်တွေဟာ ဒုတိယပိုင်းမှာ ပုံစံပြောင်းလဲပြီး တိုက်ပွဲဝင်လာခဲ့တယ်။ကွင်းလယ်မှာ ဘောလုံးအပေးအယူတွေ ကြိမ်ဖန်များစွာလုပ်ပြီး အစောပိုင်းက ဆီဘယ်လော့စ်၊ဂန်ဒူဇီနဲ့ရှာကာတို့နေရာတွေကို ကန့်သတ်လိုက်တယ်။ဘောလုံးကိုင်ပြီး ပြိုင်ဘက်ကွင်းလယ်လူတွေ အခွင့်အရေးမရအောင်ထိန်းချုပ်လိုက်တယ်။အာဆင်နယ်ရဲ့ ပေးပို့မှုနဲ့ကစားဟန်စည်းချက်ပျက်သွားခဲ့တယ်။ပြီးတော့ အာဆင်နယ်ခံစစ်အနောက်ပိုင်းကို ပြေးလွှားထိုးဖောက်မှုတွေ အများကြီးလုပ်လာခဲ့တယ်။

ဒီပရိယာယ်ကြောင့် မက်အာသာဟာ ပုံစံမမှန်ဘဲခံစစ်အစွန်ရောက်နေတဲ့ ရှာကာကိုကျော်ဖြတ်ပြီး သိပ်ကြည့်လို့ကောင်းတဲ့ ဖြတ်တင်ဘောဖန်တီးပေးနိုင်ခဲ့ရာကနေ ပဲလေ့စ် ချေပဂိုးရသွားခဲ့တာပါ။နောက်ဆုံးမှာ ပရိသတ်တွေရဲ့လှောင်ပြောင်မှုခံနေရပြီး ပုံမှန်အနေအထားမရတော့တဲ့ ရှာကာဟာ လူစားလဲခံရတဲ့အထိဖြစ်ခဲ့ရတယ်။တကယ်တော့ ပြီးခဲ့တဲ့ရာသီတွေကတည်းက ပဲလေ့စ်ဟာ နည်းစနစ်ပိုင်းပါးနပ်မှု၊ဆုံးဖြတ်ချက်မှန်ကန်မှု၊အမိန့်နာခံမှု စတဲ့ ဂုဏ်သတင်းတွေနဲ့ကျော်ကြားခဲ့တာပါ။ ဒီအရာအားလုံးဟာ ရွိုင်းဟော့ဆန်အတွက် ကံကောင်းစွာနဲ့ပဲ ဒီနေ့ပွဲမှာရောက်ရှိလာခဲ့ပြီး အမ်းမရိတ်စ်ကနေ ၁မှတ်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

၃။ တည်ကန်ဘောတွေနဲ့ခြိမ်းခြောက်နိုင်ရုံကလွဲလို့
ပဲလေ့စ်ဟာ ပြိုင်ဘက်ကိုရုပ်ပိုင်းဆိုင်ရာ ခပ်ကြမ်းကြမ်းတုံ့ပြန်မှု၊လှည့်စားမှုတွေနဲ့ နာမည်ကျော်တဲ့ အသင်းတစ်သင်းပါ။နောက်ပိုင်းမှာ တည်ကန်ဘောတွေကို သူတိုရဲ့ကာကွယ်နိုင်စွမ်းက အတော်လေးမြင့်မားလာခဲ့တယ်။ဒါပေမဲ့ ဒီပွဲမှာတော့ တည်ကန်ဘောကနေ ဂန်းနားတွေတိုက်စစ်ဆင်လာချိန်မှာ မထူးခြားတဲ့ပုံစံမျိုးတွေနဲ့ ကြိမ်ဖန်များစွာငြိမ်သက်နေခဲ့တယ်။ထောင့်ကန်ဘောကနေ အာဆင်နယ်ရသွားတဲ့ ပထမဂိုးမှာ ဂိုးသမားဟန်နက်ဆေး အပြစ်မကင်းခဲ့ဘူး။သူ မလိုအပ်ဘဲ၊တစ်နည်းအားဖြင့် မသေချာဘဲ ထွက်ပုတ်တာကြောင့် ဘောလုံးဟာခပ်မြင့်မြင့်ရောက်သွားပြီး ရှာကာခေါင်းတိုက်ချပေးတာကနေ ဆိုကရာတစ်က ကန်သွင်းသွားခဲ့တာပါ။

နောက်တစ်မိနစ်အကြာမှာ ပဲလေ့စ်ရဲ့နှေးကွေးနေတဲ့ခံစစ်ကို ဒေးဗစ်လုဇ်ကကျော်ဖြတ်ပြီး ကန်သွင်းသွားခဲ့တယ်။ဘရာဇီးသားဟာ လူကပ်နေသူတွေရဲ့နောက်ကိုရောက်နေပြီး လာကာဇက်တီခေါင်းတိုက်ချပေးတာကနေ အချိန်ကိုက်ပိတ်သွင်းသွားခဲ့တာပါ။အဲဒီလိုပဲ ထောင့်ကန်ဘောကနေ ပဲလေ့စ်နောက်တစ်ဂိုးပေးရဖို့ နီးစပ်ခဲ့ပေမယ့် ဆိုကရာတစ်ရဲ့ဂိုးကို VAR ခွင့်မပြုခဲ့တာကြောင့် သက်သာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ အဲဒီလို တည်ကန်ဘောတွေနဲ့ ပထမပိုင်းမှာ လာကာဇက်တီရဲ့အခွင့်အရေးတစ်ကြိမ်ကလွဲလို့ အာဆင်နယ်ဟာ ပဲလေ့စ်ရဲ့ထုထည်ကြီးမားတဲ့ခံစစ်ကို ကျော်ဖြတ်ဖို့ခက်ခဲခဲ့တာပါ။
(zawgyi)
အာဆင္နယ္ဟာ အိမ္ကြင္းအမ္းမရိတ္စ္မွာ ခရစၥတယ္ပဲေလ့စ္နဲ႔သေရက်ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ ၄မွတ္အကြာ အဆင့္-၅ေနရာမွာ ဆက္လက္ရပ္တည္ခဲ့ရတယ္။ၿပီးခဲ့တဲ့ပြဲစဥ္မွာ ရွက္ဖီးကိုရံႈးထားတဲ့ ဂန္းနားေတြအတြက္ ၂ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ျခင္းပါ။ဒီပြဲဟာ အျငင္းပြားစရာအခ်ိဳ႔နဲ႔ တင္းမာမႈေတြရွိခဲ့ေပမယ့္ အာဆင္နယ္ဟာ ၉ မိနစ္အတြင္းမွာတင္ ၂ဂိုးျပတ္ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ အမွတ္ခြဲယူခဲ့ရတာက အံ့အားသင့္စရာျဖစ္ခဲ့တယ္။အိမ္ရွင္အသင္းရသြားတဲ့ ဦးေဆာင္ဂိုး ၂ဂိုးလံုးဟာ ေထာင့္ကန္ေဘာေတြကျဖစ္ေနတာ၊ပဲေလ့စ္အတြက္ ပထမေခ်ပဂိုးကို VAR ၾကည့္ၿပီး ပင္နယ္တီေပးခဲ့တာျဖစ္ေပမယ့္ ၈၂မိနစ္မွာ အာဆင္နယ္သြင္းယူခဲ့တဲ့ အႏိုင္ဂိုးကိုေတာ့ VAR ၾကည့္ၿပီး ခ်မ္ဘာ ျပစ္ဒဏ္က်ဴးလြန္တယ္လို႔ သတ္မွတ္ခဲ့တာေတြဟာ ဒီပြဲရဲ႕ျပဇာတ္ဆန္တဲ့အခ်ိဳးအေကြ႔ေတြလို႔ ဆိုရမွာပါ။ဘာပဲျဖစ္ျဖစ္ အိမ္ကြင္းမွာ အာဆင္နယ္ ၁မွတ္သာရခဲ့ရတဲ့ အဓိက အေၾကာင္း ၃ရပ္ကိုေတာ့ sportskeeda ၀က္ဘ္ဆိုက္က ဒီလိုသံုးသပ္ျပထားပါတယ္။
၁။ VAR ရဲ႕ နာက်င္စရာနဲ႔ၾကည္ႏူးစရာ
ဗီြဒီယိုအကူဒိုင္နည္းပညာ(VAR) ဟာ ေဘာလံုးေလာကကို စတင္မိတ္ဆက္လာစဥ္ကတည္းက အယူအဆအမ်ိဳးမ်ိဳးနဲ႔ အျငင္းပြားစရာေတြဖန္တီးခဲ့ပါတယ္။ၾကည္ႏူး၀မ္းေျမာက္စရာေတြေရာ နာက်င္စရာေတြကိုပါ သယ္ေဆာင္လာခဲ့ပါတယ္။တနဂၤေႏြညပြဲစဥ္မွာလည္း အဲဒီလိုခံစားမႈမ်ိဳးကို ေပၚေပါက္ေစခဲ့ပါတယ္။ဒီညမွာ VAR ဆံုးျဖတ္ခ်က္ ၂ႀကိမ္လံုးရဲ႕ထိုးႏွက္မႈခံခဲ့ရတာကေတာ့ အာဆင္နယ္ပါပဲ။ဒါေပမဲ့ စိတ္၀င္စားစရာေကာင္းတဲ့ အျခားအေၾကာင္းအရာေလးေတြရွိပါေသးတယ္။ပြဲခ်ိန္အေစာပိုင္းမွာ ဇာဟာကို ခ်မ္ဘာအ၀င္ၾကမ္းေပမယ့္ ကြင္းလယ္ဒိုင္က ပင္နယ္တီမေပးဘဲ အိုင္ဗရီကို႔စ္တိုက္စစ္မွဴးကိုေတာင္ အ၀ါကတ္ျပလိုက္ေသးတယ္။ဒါေပမဲ့ ရုပ္သံအေႏွးျပကြက္ေတြမွာ အဂၤလန္ေနာက္ခံလူဟာ မလိုအပ္ဘဲေျခေထာက္ဆန္႔ထုတ္လိုက္တာ ထင္ရွားေနပါတယ္။ၿပီးေတာ့ အာဆင္နယ္ကိုအမွတ္ျပည့္ရေစမယ့္ အႏိုင္ဂိုးဟာ VAR ရဲ႕ ရယ္စရာေကာင္းတဲ့ ဆံုးျဖတ္ခ်က္ေၾကာင့္ ပ်က္စီးသြားခဲ့ရပါတယ္။ပဲေလ့စ္ဂိုးဧရိယာထဲမွာ ရႈပ္ယွက္ခတ္ေနတဲ့အေနအထားမွာ လာကာဇက္တီေပးတာကေန ဆိုကရာတစ္က ဂိုးသြင္းႏိုင္ခဲ့တယ္။ဒါေပမဲ့ VAR ၾကည့္ေနတဲ့ လူႀကီးမင္းေတြက ခ်မ္ဘာရဲ႕အေနအထားက အာဆင္နယ္အတြက္ ဂိုးရေအာင္အေရးသာမႈျဖစ္ေစခဲ့တယ္။ပဲေလ့စ္ကစားသမားေတြရဲ႕ ဟန္႔တားႏိုင္စြမ္းအေပၚအဂၤလန္သား အေႏွာင့္အယွက္ေပးခဲ့တယ္လို႔ ဆံုးျဖတ္ခဲ့ၾကတယ္။တကယ္ေတာ့ ခ်မ္ဘာကလဲေနခဲ့တာပါ။ကစားကြင္းနဲ႔အေ၀းတစ္ေနရာမွာ ေမာ္နီတာၾကည့္ေနတဲ့လူတစ္စုက ကြင္းထဲကဒိုင္ရဲ႕ဆံုးျဖတ္ခ်က္ကိုလႊမ္းမိုးေနတာဟာ ယုတိၱေတာ့မတန္လွပါဘူး။
၂။ ပဲေလ့စ္ရဲ႕ဒုတိယပိုင္းနည္းစနစ္ဗ်ဴဟာကို မလြန္ဆန္ႏိုင္ခဲ့တဲ့ အာဆင္နယ္
အာဆင္နယ္ဟာ ပြဲကိုေကာင္းမြန္စြာ စတင္ႏိုင္ခဲ့သလို အခြင့္အေရးေတြလည္းရခဲ့တယ္။အထူးသျဖင့္ ဦးေဆာင္ဂိုး ၂ဂိုး ခပ္ေစာေစာရခဲ့တာေၾကာင့္ အႏိုင္ရဖို႔ ေသခ်ာသေလာက္ျဖစ္ခဲ့တာပါ။၃၂ မိနစ္မွာ ပင္နယ္တီကေန ေခ်ပဂိုးတစ္ဂိုးျပန္ေပးလိုက္ရတဲ့တိုင္ေအာင္ေပါ့။ဒါေပမဲ့ လင္းယုန္ေတြဟာ ဒုတိယပိုင္းမွာ ပံုစံေျပာင္းလဲၿပီး တိုက္ပြဲ၀င္လာခဲ့တယ္။ကြင္းလယ္မွာ ေဘာလံုးအေပးအယူေတြ ႀကိမ္ဖန္မ်ားစြာလုပ္ၿပီး အေစာပိုင္းက ဆီဘယ္ေလာ့စ္၊ဂန္ဒူဇီနဲ႔ရွာကာတို႔ေနရာေတြကို ကန္႔သတ္လိုက္တယ္။ေဘာလံုးကိုင္ၿပီး ၿပိဳင္ဘက္ကြင္းလယ္လူေတြ အခြင့္အေရးမရေအာင္ထိန္းခ်ဳပ္လိုက္တယ္။အာဆင္နယ္ရဲ႕ ေပးပို႔မႈနဲ႔ကစားဟန္စည္းခ်က္ပ်က္သြားခဲ့တယ္။ၿပီးေတာ့ အာဆင္နယ္ခံစစ္အေနာက္ပိုင္းကို ေျပးလႊားထိုးေဖာက္မႈေတြ အမ်ားႀကီးလုပ္လာခဲ့တယ္။ဒီပရိယာယ္ေၾကာင့္ မက္အာသာဟာ ပံုစံမမွန္ဘဲခံစစ္အစြန္ေရာက္ေနတဲ့ ရွာကာကိုေက်ာ္ျဖတ္ၿပီး သိပ္ၾကည့္လို႔ေကာင္းတဲ့ ျဖတ္တင္ေဘာဖန္တီးေပးႏိုင္ခဲ့ရာကေန ပဲေလ့စ္ ေခ်ပဂိုးရသြားခဲ့တာပါ။ေနာက္ဆံုးမွာ ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈခံေနရၿပီး ပံုမွန္အေနအထားမရေတာ့တဲ့ ရွာကာဟာ လူစားလဲခံရတဲ့အထိျဖစ္ခဲ့ရတယ္။တကယ္ေတာ့ ၿပီးခဲ့တဲ့ရာသီေတြကတည္းက ပဲေလ့စ္ဟာ နည္းစနစ္ပိုင္းပါးနပ္မႈ၊ဆံုးျဖတ္ခ်က္မွန္ကန္မႈ၊အမိန္႔နာခံမႈ စတဲ့ ဂုဏ္သတင္းေတြနဲ႔ေက်ာ္ၾကားခဲ့တာပါ။ ဒီအရာအားလံုးဟာ ရြိဳင္းေဟာ့ဆန္အတြက္ ကံေကာင္းစြာနဲ႔ပဲ ဒီေန႔ပြဲမွာေရာက္ရွိလာခဲ့ၿပီး အမ္းမရိတ္စ္ကေန ၁မွတ္ယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။
၃။ တည္ကန္ေဘာေတြနဲ႔ၿခိမ္းေျခာက္ႏိုင္ရံုကလြဲလို႔
ပဲေလ့စ္ဟာ ၿပိဳင္ဘက္ကိုရုပ္ပိုင္းဆိုင္ရာ ခပ္ၾကမ္းၾကမ္းတံု႔ျပန္မႈ၊လွည့္စားမႈေတြနဲ႔ နာမည္ေက်ာ္တဲ့ အသင္းတစ္သင္းပါ။ေနာက္ပိုင္းမွာ တည္ကန္ေဘာေတြကို သူတိုရဲ႕ကာကြယ္ႏိုင္စြမ္းက အေတာ္ေလးျမင့္မားလာခဲ့တယ္။ဒါေပမဲ့ ဒီပြဲမွာေတာ့ တည္ကန္ေဘာကေန ဂန္းနားေတြတိုက္စစ္ဆင္လာခ်ိန္မွာ မထူးျခားတဲ့ပံုစံမ်ိဳးေတြနဲ႔ ႀကိမ္ဖန္မ်ားစြာၿငိမ္သက္ေနခဲ့တယ္။ေထာင့္ကန္ေဘာကေန အာဆင္နယ္ရသြားတဲ့ ပထမဂိုးမွာ ဂိုးသမားဟန္နက္ေဆး အျပစ္မကင္းခဲ့ဘူး။သူ မလိုအပ္ဘဲ၊တစ္နည္းအားျဖင့္ မေသခ်ာဘဲ ထြက္ပုတ္တာေၾကာင့္ ေဘာလံုးဟာခပ္ျမင့္ျမင့္ေရာက္သြားၿပီး ရွာကာေခါင္းတိုက္ခ်ေပးတာကေန ဆိုကရာတစ္က ကန္သြင္းသြားခဲ့တာပါ။ေနာက္တစ္မိနစ္အၾကာမွာ ပဲေလ့စ္ရဲ႕ေႏွးေကြးေနတဲ့ခံစစ္ကို ေဒးဗစ္လုဇ္ကေက်ာ္ျဖတ္ၿပီး ကန္သြင္းသြားခဲ့တယ္။ဘရာဇီးသားဟာ လူကပ္ေနသူေတြရဲ႕ေနာက္ကိုေရာက္ေနၿပီး လာကာဇက္တီေခါင္းတိုက္ခ်ေပးတာကေန အခ်ိန္ကိုက္ပိတ္သြင္းသြားခဲ့တာပါ။အဲဒီလိုပဲ ေထာင့္ကန္ေဘာကေန ပဲေလ့စ္ေနာက္တစ္ဂိုးေပးရဖို႔ နီးစပ္ခဲ့ေပမယ့္ ဆိုကရာတစ္ရဲ႕ဂိုးကို VAR ခြင့္မျပဳခဲ့တာေၾကာင့္ သက္သာခဲ့တာျဖစ္ပါတယ္။ဒါေပမဲ့ အဲဒီလို တည္ကန္ေဘာေတြနဲ႔ ပထမပိုင္းမွာ လာကာဇက္တီရဲ႕အခြင့္အေရးတစ္ႀကိမ္ကလြဲလို႔ အာဆင္နယ္ဟာ ပဲေလ့စ္ရဲ႕ထုထည္ႀကီးမားတဲ့ခံစစ္ကို ေက်ာ္ျဖတ္ဖို႔ခက္ခဲခဲ့တာပါ။