ဘာကာမှာ မက်ဆီနဲ့ အတူယှဉ်တွဲဖို့ အဂူရိုကို ဆွေးနွေးကမ်းလှမ်းနေပြီ

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းဟာ အဂူရိုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် အဂူရိုရဲ့ အေးဂျင့်အဖွဲ့နဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ကာ နှစ်ဦးနှစ်ဖက်ကြားမှာ သဘောတူညီမှု ရဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

အသက် ၃၂နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် အဂူရိုဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကာလရှည် ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတစ်ဦး ဖြစ်တာကြောင့် သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ပြောင်းရွှေ့ကြေး ပေးချေစရာ မလိုဘဲ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။

အဂူရိုဟာလာလီဂါ အတွေ့အကြုံရင့် တိုက်စစ်မှူးတစ်ဦး ဖြစ်ကာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကစားသမား ဖြစ်ကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပြီး

ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေကလည်း အဂူရိုကို ကြိုဆိုကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားကြပါတယ်။

လက်ရှိမှာ အဂူရိုကို ခေါ်ယူဖို့ အတွက် စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်း ၊ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်း ၊ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းတို့က ဘာစီလိုနာအသင်းနဲ့ အပြိုင် စိတ်ဝင်စားနေကြပါတယ်။

ဒါပေမယ့် အဂူရိုကတော့ သူ့ရဲ့ နိုင်ငံ လက်ရွေးစင် အသင်းဖော် မက်ဆီရှိတဲ့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေကြောင်း နီးစပ်သူတွေက ပြောဆိုပါတယ်။

ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲ ပြဿနာရှိနေတဲ့ ဘာစီလိုနာဟာ အဂူရိုကို အလွတ်ခေါ်ယူနိုင်မယ်ဆိုရင်အဲဒီအနေအထားဟာ မက်ဆီကိုအသင်းမှာ ဆက်နေဖို့အတွက်လည်း စည်းရုံးနိုင်မှုတစ်ခုဖြစ်မယ်လို့ ယူဆနေပါတယ်။

တစ်ချက်ခုတ် နှစ်ချက်ပြတ် အနေအထားကြောင့် တခြားအသင်းတွေထက် ဘာကာဘက်က လက်ဦးမှုရယူချင်နေတာပါ။

မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၃၈၇ ပွဲကစားပေးပြီး ၂၅၈ ဂိုးအထိသွင်းယူကာ ကလပ်သမိုင်းမှာ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် စံချိန်တင်ထားတဲ့ အဂူရိုဟာ အီတီဟတ်မှာ ၁၀ နှစ်ကြာကစားပေးထားတာဖြစ်ပါတယ်။

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘာကာမွာ မက္ဆီနဲ႔ အတူယွဥ္တြဲဖို႔ အဂူရိုကို ေဆြးေႏြးကမ္းလွမ္းေနၿပီ

ဘာစီလိုနာအသင္းဟာ အဂူရိုကို အလြတ္ ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို့ အတြက္ အဂူရိုရဲ့ ေအးဂ်င့္အဖြဲ႕နဲ႔ ေဆြးေႏြးမွုေတြ ဆက္တိုက္ ျပဳလုပ္ခဲ့ကာ ႏွစ္ဦးႏွစ္ဖက္ၾကားမွာ သေဘာတူညီမွု ရဖို့ နီးစပ္ေနၿပီ ျဖစ္ေၾကာင္း သိရပါတယ္။

အသက္ ၃၂ႏွစ္အရြယ္ အာဂ်င္တီးနား လက္ေရြးစင္ အဂူရိုဟာ ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ ကာလရွည္ ကစားခဲ့တဲ့ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမယ့္ ကစားသမားတစ္ဦး ျဖစ္တာေၾကာင့္ သူ႔ကို ေခၚယူခ်င္တဲ့ အသင္းေတြဟာ ေျပာင္းေရႊ႕ေၾကး ေပးေခ်စရာ မလိုဘဲ ေခၚယူခြင့္ရမွာ ျဖစ္ပါတယ္။

အဂူရိုဟာလာလီဂါ အေတြ႕အၾကဳံရင့္ တိုက္စစ္မွူးတစ္ဦး ျဖစ္ကာ ဘာစီလိုနာအသင္းရဲ့ တိုက္စစ္မွူး လိုအပ္ခ်က္နဲ႔ ကိုက္ညီတဲ့ ကစားသမား ျဖစ္ေၾကာင္း ေဘာလုံးေရးရာ ကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကၿပီး ဘာစီလိုနာအသင္းရဲ့ ပရိသတ္ေတြကလည္း အဂူရိုကို ႀကိဳဆိုေၾကာင္း လူမွုကြန္ရက္ေပၚမွာ ေရးသားထားၾကပါတယ္။

လက္ရွိမွာ အဂူရိုကို ေခၚယူဖို့ အတြက္ စီးရီးေအကလပ္ ဂ်ဴဗင္တပ္စ္အသင္း ၊ ပရီးမီးယားလိဂ္ကလပ္ ခ်ယ္လ္ဆီးအသင္း ၊ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းတို့က ဘာစီလိုနာအသင္းနဲ႔ အၿပိဳင္ စိတ္ဝင္စားေနၾကပါတယ္။

ဒါေပမယ့္ အဂူရိုကေတာ့ သူ႔ရဲ့ နိုင္ငံ လက္ေရြးစင္ အသင္းေဖာ္ မက္ဆီရွိတဲ့ ဘာစီလိုနာအသင္းထံ ေျပာင္းေရႊ႕ဖို့ ပိုမို စိတ္အားထက္သန္ေနေၾကာင္း နီးစပ္သူေတြက ေျပာဆိုပါတယ္။

ေငြေၾကးပိုင္းဆိုင္ရာ အခက္အခဲ ျပႆနာရိွေနတဲ့ ဘာစီလိုနာဟာ အဂူရိုကို အလြတ္ေခၚယူႏိုင္မယ္ဆိုရင္အဲဒီအေနအထားဟာ မက္ဆီကိုအသင္းမွာ ဆက္ေနဖို့အတြက္လည္း စည္း႐ုံးနိုင္မွုတစ္ခုျဖစ္မယ္လို့ ယူဆေနပါတယ္။တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ အေနအထားေၾကာင့္ တျခားအသင္းေတြထက္ ဘာကာဘက္က လက္ဦးမွဳရယူခ်င္ေနတာပါ။

မန္စီးတီးအတြက္ ၿပိဳင္ပြဲစုံ ၃၈၇ ပြဲကစားေပးၿပီး ၂၅၈ ဂိုးအထိသြင္းယူကာ ကလပ္သမိုင္းမွာ ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ စံခ်ိန္တင္ထားတဲ့ အဂူရိုဟာ အီတီဟတ္မွာ ၁၀ ႏွစ္ၾကာကစားေပးထားတာျဖစ္ပါတယ္။