ဘာကာနဲ့ပွဲမှာ ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပြီး စံချိန်တစ်ခုရခဲ့တဲ့ မန်ယူအငှားကစားသမားလေး

မန်ယူလူငယ်ကြယ်ပွင့်ပယ်လစ်စထရီဟာ အငှားသွားကန်နေတဲ့

ဂရန်နာဒါက သူ့ရဲ့ဒုတိယမြောက်ပွဲထွက်မှာတင် အသင်းအတွက်

ကြီးမားတဲ့သက်ရောက်မှု လုပ်နိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်ပတ်ကပဲ ပယ်လစ်စထရီဟာ ဂရန်နာဒါပွဲဦးထွက်ခဲ့ပြီး လက်စ်ပဲမက်စ်နဲ့ပွဲ

တစ်ယောက်လျော့ဖြစ်ခဲ့တဲ့သူ့အသင်းကို သရေရအောင် ကူညီပေးနိုင်ခဲ့တာပါ။

တနင်္ဂနွေညက ဘာစီလိုနာနဲ့(၃-၃)သရေဖြစ်ခဲ့တဲ့ အဝေးကွင်းပွဲမှာတော့ ပယ်လစ်စထရီဟာ

ဂရန်နာဒါအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ပထမပိုင်းမပြီးခင်မှာ ဂရန်နာဒါရခဲ့တဲ့ ပထမဂိုးဖြစ်တဲ့ ချေပဂိုးဟာ

ပယ်လစ်စထရီရဲ့ ဖြတ်တင်ဖန်တီးပေးမှုကပါ။

ဒုတိယပိုင်းပြန်စပြီး မိနစ် ၆၀ မှာလည်း ပယ်လစ်စထရီဟာ ဂရန်နာဒါအတွက်

၂-၁ ဖြစ်စေမယ့်ဂိုးကို သူကိုယ်တိုင်ပဲ သွင်းယူပေးနိုင်ခဲ့ပါတယ်။

အရင် အလာဗက်စ်မှာ နှစ်ကြိမ်အငှားလာကန်တုန်းက ဂိုးမရခဲ့တာကြောင့်

ဘာကာနဲ့ပွဲက ဂိုးဟာ ပယ်လစ်စထရီရဲ့ပထမဆုံးလာလီဂါဂိုးဖြစ်လာခဲ့တာပါ။

၃ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ၂၂ နှစ်အရွယ် ကစားသမားဟာ ၁ ဂိုးသွင်း၊

၁ ဂိုးဖန်တီးနိုင်ခဲ့လို့လည်း စံချိန်တစ်ခု ရသွားခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်က အီတူးနောက်ပိုင်း ဘာစီလိုနာနဲ့အဝေးကွင်းပွဲမှာ ၁ ဂိုးသွင်း၊

၁ ဂိုးဖန်တီးနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့တာပါ။

ပယ်လစ်စထရီဟာ ဥရုဂွေးလက်ရွေးစင်အသင်းကြီးမှာ ပုံမှန်ကစားခွင့်ရနေပေမယ့်

ကလပ်အသင်းမန်ယူမှာတော့ နေရာမရ ဖြစ်နေပါတယ်။

အဲဒါကြောင့်လည်း နောက်ထပ်တစ်ကြိမ်အဖြစ် အငှားထွက်ခဲ့ရတာပါ။