ဘာကာက သူ့အိပ်မက်အသင်းပါဆိုပြီး မန်ယူနဲ့သတင်းပြန်ထွက်နေတာကို အပြတ်ငြင်းတဲ့ဒီဂျောင်

ဘာစီလိုနာမှာ နှစ်ပေါင်းများစွာကြာအောင် ကစားမယ်လို့ ဒီဂျောင်က

ထပ်ပြောလိုက်လို့ နယ်သာလန်လက်ရွေးစင်ကို လက်မလျှော့ချင်သေးတဲ့

မန်ယူအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်သွားပါတယ်။

မန်ယူနည်းပြအဲရစ်တန်ဟက်ဟာ အိုးလ်ထရက်ဖို့ဒ်ကို

စရောက်လာကတည်းက သူ့တပည့်ဟောင်းကို ခေါ်ယူဖို့

အစွမ်းကုန်ကြိုးပမ်းခဲ့တာပါ။ ၂၅ နှစ်အရွယ် ကစားသမားကို သူပြန်လည်

တည်ဆောက်နေတဲ့မန်ယူရဲ့အစီအစဉ်ထဲမှာ အရေးပါဆုံးသူအဖြစ်

သတ်မှတ်ထားတာပါ။ ဒါပေမဲ့ ကစားသမားကိုယ်တိုင်က ဘာစီလိုနာမှာပဲ

ဆက်ရှိချင်တဲ့အတွက်ကြောင့် ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေမှာ

ဒီဂျောင်အတွက် မန်ယူရဲ့ကြိုးပမ်းမှုမှန်သမျှဟာ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။

အခုလည်း ဒီဂျောင်က ဘာစီလိုနာမှာ နှစ်ပေါင်းများစွာကြာကစားမယ့်

သူ့အစီအစဉ်ကို ဖွင့်ဟလိုက်တာပါ။ ”နူးကမ့်ကွင်းသစ်မှာ ကစားရမယ်လို့

ကျွန်တော်မျှော်လင့်ပါတယ်။ ဘာစီလိုနာဟာ ကျွန်တော့်ရဲ့အိပ်မက်တွေထဲက အသင်းပါ။

ဒါကြောင့် ဒီမှာ နှစ်ပေါင်းများစွာကြာဆက်ကစားဖို့ ကျွန်တော်စီစဉ်ထားပါတယ်”လို့

ဒီဂျောင်က ရုပ်သံတစ်ခုကို ပြောခဲ့ပါတယ်။ ဘာစီလိုနာဟာ နူးကမ့်ကွင်းကို

ပြန်လည်မွမ်းမံမို့ စီစဉ်ထားပြီး ဒီနှစ်နှောင်းပိုင်းမှာ စတင်အကောင်အထည်ဖော်မှာဖြစ်ကာ

စီမံကိန်းက ၂၀၂၆ အထိကြာမှာပါ။ လာမယ့်နွေမှာ ကက်စမဲရိုးနဲ့အတူတွဲကစားမယ့်

ကွင်းလယ်လူတစ်ယောက်ရှာဖွေနေတဲ့ တန်ဟက်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်သွားပါတယ်။

ဒီဂျောင်ဟာ အခုရာသီရောက်မှ ဇာဗီရဲ့အသင်းမှာ ပိုနေရာရလာပြီး

ပြိုင်ပွဲအရပ်ရပ် ၃၂ ပွဲကစားပေးထားတာပါ။

zawgyi

ဘာကာက သူ႔အိပ္မက္အသင္းပါဆိုၿပီး မန္ယူနဲ႔သတင္းျပန္ထြက္ေနတာကို အျပတ္ျငင္းတဲ့ဒီေဂ်ာင္

ဘာစီလိုနာမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ကစားမယ္လို႔ ဒီေဂ်ာင္က

ထပ္ေျပာလိုက္လို႔ နယ္သာလန္လက္ေ႐ြးစင္ကို လက္မေလွ်ာ့ခ်င္ေသးတဲ့

မန္ယူအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္သြားပါတယ္။

မန္ယူနည္းျပအဲရစ္တန္ဟက္ဟာ အိုးလ္ထရက္ဖို႔ဒ္ကို

စေရာက္လာကတည္းက သူ႔တပည့္ေဟာင္းကို ေခၚယူဖို႔

အစြမ္းကုန္ႀကိဳးပမ္းခဲ့တာပါ။ ၂၅ ႏွစ္အ႐ြယ္ ကစားသမားကို သူျပန္လည္

တည္ေဆာက္ေနတဲ့မန္ယူရဲ႕အစီအစဥ္ထဲမွာ အေရးပါဆုံးသူအျဖစ္

သတ္မွတ္ထားတာပါ။ ဒါေပမဲ့ ကစားသမားကိုယ္တိုင္က ဘာစီလိုနာမွာပဲ

ဆက္ရွိခ်င္တဲ့အတြက္ေၾကာင့္ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ေတြမွာ

ဒီေဂ်ာင္အတြက္ မန္ယူရဲ႕ႀကိဳးပမ္းမႈမွန္သမွ်ဟာ သဲထဲေရသြန္ျဖစ္ခဲ့ရပါတယ္။

အခုလည္း ဒီေဂ်ာင္က ဘာစီလိုနာမွာ ႏွစ္ေပါင္းမ်ားစြာၾကာကစားမယ့္

သူ႔အစီအစဥ္ကို ဖြင့္ဟလိုက္တာပါ။ ”ႏူးကမ့္ကြင္းသစ္မွာ ကစားရမယ္လို႔

ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ဘာစီလိုနာဟာ ကြၽန္ေတာ့္ရဲ႕အိပ္မက္ေတြထဲက အသင္းပါ။

ဒါေၾကာင့္ ဒီမွာ ႏွစ္ေပါင္းမ်ားစြာၾကာဆက္ကစားဖို႔ ကြၽန္ေတာ္စီစဥ္ထားပါတယ္”လို႔

ဒီေဂ်ာင္က ႐ုပ္သံတစ္ခုကို ေျပာခဲ့ပါတယ္။ ဘာစီလိုနာဟာ ႏူးကမ့္ကြင္းကို

ျပန္လည္မြမ္းမံမို႔ စီစဥ္ထားၿပီး ဒီႏွစ္ေႏွာင္းပိုင္းမွာ စတင္အေကာင္အထည္ေဖာ္မွာျဖစ္ကာ

စီမံကိန္းက ၂၀၂၆ အထိၾကာမွာပါ။ လာမယ့္ေႏြမွာ ကက္စမဲ႐ိုးနဲ႔အတူတြဲကစားမယ့္

ကြင္းလယ္လူတစ္ေယာက္ရွာေဖြေနတဲ့ တန္ဟက္အတြက္ ထိုးႏွက္ခ်က္တစ္ခုျဖစ္သြားပါတယ္။

ဒီေဂ်ာင္ဟာ အခုရာသီေရာက္မွ ဇာဗီရဲ႕အသင္းမွာ ပိုေနရာရလာၿပီး

ၿပိဳင္ပြဲအရပ္ရပ္ ၃၂ ပြဲကစားေပးထားတာပါ။