ဘလွန်းဒီအောဆုမဲပေးတဲ့ ကိစ္စမှာ အထာကျတဲ့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ဂျော်ဂျင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၁ ဘလွန်းဒီအော ဆုအတွက် အယောက် ၃၀ ဆန်ခါတင်စာရင်းအတွင်းမှာ ချယ်လ်ဆီးအသင်းမှ အသင်းသား ၅ ယောက် ပါဝင်ခဲ့ကြပါတယ်။

အဲဒီသူတွေကတော့ ကွီတာ၊ ကွန်တေ၊ ဂျော်ဂျင်ဟို၊ မေဆန်မောင့်နဲ့ လူကာကူတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့သလို နွေမှာ အီတလီနဲ့ ယူရိုဖလား အနိုင်ရခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ ဘလွန်းဒီအောဆုအတွက် နာမည်ကြီးသူ တစ်ဦးဖြစ်ပါတယ်။

သူဟာ ၂၀၂၁ ခုနှစ် ယူအီးအက်ဖ်အေကပေးတဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရခဲ့ပြီဖြစ်ကာ ဘလွန်းဒီအောဆုအတွက် မဲပေးခွင့် တစ်ကြိမ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဂျော်ဂျင်ဟိုက ဘလွန်းဒီအော်ဆုအကြောင်းပြောရင်း မဲအများကြီးရမယ်လို့မမျှော်လင့်ထားကြောင်း၊ သူ့ကိုမဲထည့်ဖို့မဲဆွယ်ရမယ့်သဘောမှာရှိကြောင်း ဟာသလုပ်ပြောဆိုပါတယ်။

ဂျော်ဂျင်ဟိုက”ကိုယ့်အတွက်ကိုယ်ပြန်မဲမပေးရင် ဘယ်သူကမဲလာပေးမလဲဗျာ။

အနည်းဆုံးတစ်မဲလောက်တော့ရချင်တယ်ဗျာ။

ဒီလိုပြောတာက ကျွန်တော်ကနောက်တာပါ”

“ကျွန်တော်ကတော့ ကယ်ဗင်ဒီဘရိုင်းကိုမဲပေးမှာပါ။

နောက်ပိုင်းနှစ်တွေမှာ သူအသင်းအတွက်လုပ်ပေးခဲ့တာတွေနဲ့ သူ့ရဲ့လှပတဲ့ကစားဟန်တွေကြောင့်ပါ”

“ဘောလုံးကိုချစ်တဲ့သူတိုင်း သူ့ရဲ့ကစားပုံကိုနှစ်သက်ကြမှာပါ။

သူကဘောလုံးအကြောင်းကို ကောင်းကောင်းနားလည်တဲ့သူပါ။

သူ့ရဲ့ဉာဏ်ရည်ကသာမန်ထက်ပိုပါတယ်”လို့ပြောခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘလြန္းဒီေအာဆုမဲေပးတဲ့ ကိစၥမွာ အထာက်တဲ့ ဆုံးျဖတ္ခ်က္ခ်ခဲ့တဲ့ ေဂ်ာ္ဂ်င္ဟို

၂၀၂၁ ဘလြန္းဒီေအာ ဆုအတြက္ အေယာက္ ၃၀ ဆန္ခါတင္စာရင္းအတြင္းမွာ ခ်ယ္လ္ဆီးအသင္းမွ အသင္းသား ၅ ေယာက္ ပါဝင္ခဲ့ၾကပါတယ္။ အဲဒီသူေတြကေတာ့ ကြီတာ၊ ကြန္ေတ၊ ေဂ်ာ္ဂ်င္ဟို၊ ေမဆန္ေမာင့္နဲ႔ လူကာကူတို႔ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီ ခ်ယ္လ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ဖလား အႏိုင္ရခဲ့သလို ေႏြမွာ အီတလီနဲ႔ ယူ႐ိုဖလား အႏိုင္ရခဲ့တဲ့ ေဂ်ာ္ဂ်င္ဟိုဟာ ဘလြန္းဒီေအာဆုအတြက္ နာမည္ႀကီးသူ တစ္ဦးျဖစ္ပါတယ္။ သူဟာ ၂၀၂၁ ခုႏွစ္ ယူအီးအက္ဖ္ေအကေပးတဲ့ အေကာင္းဆုံး ေဘာလုံးသမားဆုကို ရခဲ့ၿပီျဖစ္ကာ ဘလြန္းဒီေအာဆုအတြက္ မဲေပးခြင့္ တစ္ႀကိမ္ကိုလည္း ပိုင္ဆိုင္ထားပါတယ္။

ေဂ်ာ္ဂ်င္ဟိုက ဘလြန္းဒီေအာ္ဆုအေၾကာင္းေျပာရင္း မဲအမ်ားႀကီးရမယ္လို႔မေမွ်ာ္လင့္ထားေၾကာင္း၊ သူ႔ကိုမဲထည့္ဖို႔မဲဆြယ္ရမယ့္သေဘာမွာရွိေၾကာင္း ဟာသလုပ္ေျပာဆိုပါတယ္။

ေဂ်ာ္ဂ်င္ဟိုက”ကိုယ့္အတြက္ကိုယ္ျပန္မဲမေပးရင္ ဘယ္သူကမဲလာေပးမလဲဗ်ာ။ အနည္းဆုံးတစ္မဲေလာက္ေတာ့ရခ်င္တယ္ဗ်ာ။ဒီလိုေျပာတာက ကြၽန္ေတာ္ကေနာက္တာပါ”

“ကြၽန္ေတာ္ကေတာ့ ကယ္ဗင္ဒီဘ႐ိုင္းကိုမဲေပးမွာပါ။ ေနာက္ပိုင္းႏွစ္ေတြမွာ သူအသင္းအတြက္လုပ္ေပးခဲ့တာေတြနဲ႔ သူ႔ရဲ႕လွပတဲ့ကစားဟန္ေတြေၾကာင့္ပါ”

“ေဘာလုံးကိုခ်စ္တဲ့သူတိုင္း သူ႔ရဲ႕ကစားပုံကိုႏွစ္သက္ၾကမွာပါ။ သူကေဘာလုံးအေၾကာင္းကို ေကာင္းေကာင္းနားလည္တဲ့သူပါ။ သူ႔ရဲ႕ဉာဏ္ရည္ကသာမန္ထက္ပိုပါတယ္”လို႔ေျပာခဲ့တာပါ။