ဘလွန်းဒီအောဆုကို တစ်နည်းနည်းနဲ့ ရကိုရမယ့် လီဝန်ဒေါ့စကီး
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘိုင်ယန်မြူးနစ်နှင့်ပိုလန်တိုက်စစ်မှူးဟာ၂၀၂၀ခုနှစ်တုန်းကဘိုင်ယန်မြူးနစ်အားဖလားသုံးလုံးရရှိအောင်အဓိကနေရာမှစွမ်းဆောင်ခဲ့သလို၂၀၂၁ခုနှစ်မှာလည်းအကောင်းဆုံးပုံစံပြသနေဆဲဖြစ်ပါတယ်။
လီဝန်ဒေါ့စကီးဟာဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့် ယမန်နှစ်က ဘလွန်းဒီအောဆု မချီးမြှင့်မှုနဲ့အတူလွဲခဲ့ရပါတယ်။
ဒါပေမယ့်ယခုနှစ်မှာ ဘလွန်းဒီအောဆုကိုပြန်လည်ချီးမြှင့်လာတော့မယ့်အချိန်မှာတော့ လီဝန်ဒေါ့စကီးဟာဆုရဖို့ အထူး ရေပန်းစားခြင်းမျိုး မရှိတော့ပါဘူး။
သူဟာ ဘလွန်းဒီအောဆုအတွက်ဆန်ခါတင်စာရင်းမှာပါဝင်နေပေမယ့်လည်း မက်ဆီ၊ရော်နယ်ဒို၊ဂျော်ဂျင်ဟိုတို့ နဲ့ ယှဉ်နေရတာပါ။
ဘလွန်းဒီအောဆုရှင်ဟောင်းတစ်ဦးဖြစ်သူ လူးဝစ္စဆွာရက်ဇ်က ဒီနှစ်အတွက် ဘလွန်းဒီအောဆုကို လီဝန်ဒေ့ါစကီးကလွဲပြီး ဘယ်သူမှမရရှိသင့်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
ဘာစီလိုနာနဲ့ အင်တာမီလန်ဂန္ထဝင်ကစားသမားကြီးဟာ ၁၉၆၀ ခုနှစ်မှာ ဘလွန်းဒီအောဆုရရှိထားခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ၂လုံးလည်း သိမ်းပိုက်နိုင်ခဲ့တဲ့အထိ အောင်မြင်ကျော်ကြားခဲ့သူဖြစ်ပါတယ်။
ဆွာရက်ဇ်က “လီဝန်ဒေါစကီးကို ဘလွန်းဒီအောဆု ပေးရတော့မှာပါ။ ဒါက အသေအချာပဲ။
တကယ်လို့မှ သူ မရခဲ့ဘူးဆိုရင်တော့ ကျွန်တော်ရရှိထားတဲ့ဆုကို ပေးလိုက်တော့မယ်” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ ဒီနှစ်အစောပိုင်းကပဲ ဂတ်မူလာရဲ့ ဘွန်ဒက်စ်လီဂါဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi