
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ဆိုးဆိုးရွားရွားပယ်နယ်တီလွဲချော်ခဲ့ပြီးတဲ့နောက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပယ်နယ်တီတာဝန်ကို စီရော်နယ်လ်ဒိုက လွှဲပြောင်းရယူသွားဖို့ရှိနေပါပြီ။
ဗီလာကို (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲပြီးခါနီးရရှိခဲ့တဲ့ပယ်နယ်တီကို ပုံမှန်ကန်နေကျ ဘရူနိုဖာနန်ဒက်စ် ကန်သွင်းခဲ့ပေမယ့် အပေါ်ထောင်တက်သွားလို့ ယူနိုက်တက်အသင်းသရေတစ်မှတ်ရမယ့်အခွင့်အရေးလွဲချော်ခဲ့ပြီး အဲဒီအတွက် ဘရူနိုဖာနန်ဒက်စ်က အသင်းပရိသတ်တွေကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။
အဲဒါကြောင့် လာမယ့်ပွဲတွေကျရင် ယူနိုက်တက်အသင်းရဲ့ပယ်နယ်တီတွေကို စီရော်နယ်လ်ဒိုက အဓိကတာဝန်ယူကန်သွားဖို့ရှိပေမယ့် စီရော်နယ်လ်ဒိုရဲ့ပယ်နယ်တီမှတ်တမ်းက ဘရူနိုဖာနန်ဒက်စ်ထက် ပိုဆိုးရွားနေတာက စိုးရိမ်စရာပါပဲ။
စီရော်နယ်လ်ဒိုဟာ ၂၀၁၇-၁၈ ရာသီကစလို့ ရီးယဲလ်၊ ဂျူဗင်တပ်စ်အသင်းကစားသမားဘဝမှာ ပယ်နယ်တီစုစုပေါင်း(၃၁)ကြိမ်ကန်သွင်းခဲ့ပြီး (၂၆)ဂိုးဝင်အောင်သွင်းယူခဲ့သလို (၅)ဂိုးလွဲချော်ခဲ့တာကြောင့် ပယ်နယ်တီသွင်းယူနိုင်မှုရာခိုင်နှုန်းက (၈၃.၉%)ရှိခဲ့ပါတယ်။
ဒါပေမဲ့ စီရော်နယ်လ်ဒိုဟာ အိုင်ယာလန်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက ပယ်နယ်တီလွဲချော်ခဲ့ပြီး သူ့ရဲ့ပယ်နယ်တီစွမ်းဆောင်ရည်မှတ်တမ်းက ဘရူနိုဖာနန်ဒက်စ်လောက် မကောင်းမွန်ခဲ့ပါဘူး။
စပို့တင်းလစ္စဘွန်း၊ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် ဘရူနိုဖာနန်ဒက်စ်က ပယ်နယ်တီအကြိမ်ပေါင်း(၂၇)ကြိမ်ကန်သွင်းခဲ့တာမှာ (၂၅)ဂိုးအထိဂိုးဝင်ခဲ့ပြီး ပယ်နယ်တီသွင်းယူနိုင်မှုရာခိုင်နှုန်းက(၉၂.၆%)အထိရှိနေတာပါ။
ဆိုးတာတစ်ခုကလည်း ဘရူနိုဖာနန်ဒက်စ်လွဲချော်ခဲ့တဲ့ ပယ်နယ်တီနှစ်ကြိမ်က ယူနိုက်တက်အသင်းကစားသမားဘဝမှာလွဲချော်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က နယူးကာဆယ်နဲ့ပွဲ၊ အခု ဗီလာနဲ့ကစားခဲ့တဲ့ပွဲတွေမှာ ပယ်နယ်တီလွဲချော်ခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲတွေမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ပယ်နယ်တီစုစုပေါင်း(၁၁)ကြိမ်ကန်သွင်းခဲ့ပြီး (၉)ဂိုးအထိဝင်အောင်သွင်းယူနိုင်ခဲ့လို့ ရာခိုင်နှုန်းအရ(၈၁.၈%)ရှိခဲ့ပါတယ်။
ဗီလာနဲ့ပွဲမှာ ပယ်နယ်တီလွဲချော်ခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်ကတော့ လာမယ့်ပွဲတွေမှာ ပယ်နယ်တီတာဝန်ကို သူပဲဆက်ယူသွားဖို့ဆန္ဒရှိနေပြီး အကောင်းဆုံးပုံစံနဲ့ပြန်လာခဲ့မယ်လို့ အသင်းပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဘ႐ူႏိုေလာက္ ပယ္နယ္တီမွတ္တမ္းမေကာင္းေပမယ့္ ယူႏိုက္တက္ပယ္နယ္တီေတြကို စီေရာ္နယ္လ္ဒို ကန္သြားဖို႔ရွိေန
ၿပီးခဲ့တဲ့ ဗီလာနဲ႔ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဆိုးဆိုး႐ြား႐ြားပယ္နယ္တီလြဲေခ်ာ္ခဲ့ၿပီးတဲ့ေနာက္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ပယ္နယ္တီတာဝန္ကို စီေရာ္နယ္လ္ဒိုက လႊဲေျပာင္းရယူသြားဖို႔ရွိေနပါၿပီ။ ဗီလာကို (၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ပြဲၿပီးခါနီးရရွိခဲ့တဲ့ပယ္နယ္တီကို ပုံမွန္ကန္ေနက် ဘ႐ူႏိုဖာနန္ဒက္စ္ ကန္သြင္းခဲ့ေပမယ့္ အေပၚေထာင္တက္သြားလို႔ ယူႏိုက္တက္အသင္းသေရတစ္မွတ္ရမယ့္အခြင့္အေရးလြဲေခ်ာ္ခဲ့ၿပီး အဲဒီအတြက္ ဘ႐ူႏိုဖာနန္ဒက္စ္က အသင္းပရိသတ္ေတြကို ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။
အဲဒါေၾကာင့္ လာမယ့္ပြဲေတြက်ရင္ ယူႏိုက္တက္အသင္းရဲ႕ပယ္နယ္တီေတြကို စီေရာ္နယ္လ္ဒိုက အဓိကတာဝန္ယူကန္သြားဖို႔ရွိေပမယ့္ စီေရာ္နယ္လ္ဒိုရဲ႕ပယ္နယ္တီမွတ္တမ္းက ဘ႐ူႏိုဖာနန္ဒက္စ္ထက္ ပိုဆိုး႐ြားေနတာက စိုးရိမ္စရာပါပဲ။ စီေရာ္နယ္လ္ဒိုဟာ ၂၀၁၇-၁၈ ရာသီကစလို႔ ရီးယဲလ္၊ ဂ်ဴဗင္တပ္စ္အသင္းကစားသမားဘဝမွာ ပယ္နယ္တီစုစုေပါင္း(၃၁)ႀကိမ္ကန္သြင္းခဲ့ၿပီး (၂၆)ဂိုးဝင္ေအာင္သြင္းယူခဲ့သလို (၅)ဂိုးလြဲေခ်ာ္ခဲ့တာေၾကာင့္ ပယ္နယ္တီသြင္းယူႏိုင္မႈရာခိုင္ႏႈန္းက (၈၃.၉%)ရွိခဲ့ပါတယ္။
ဒါေပမဲ့ စီေရာ္နယ္လ္ဒိုဟာ အိုင္ယာလန္အသင္းကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲတုန္းက ပယ္နယ္တီလြဲေခ်ာ္ခဲ့ၿပီး သူ႔ရဲ႕ပယ္နယ္တီစြမ္းေဆာင္ရည္မွတ္တမ္းက ဘ႐ူႏိုဖာနန္ဒက္စ္ေလာက္ မေကာင္းမြန္ခဲ့ပါဘူး။ စပို႔တင္းလစၥဘြန္း၊ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ ဘ႐ူႏိုဖာနန္ဒက္စ္က ပယ္နယ္တီအႀကိမ္ေပါင္း(၂၇)ႀကိမ္ကန္သြင္းခဲ့တာမွာ (၂၅)ဂိုးအထိဂိုးဝင္ခဲ့ၿပီး ပယ္နယ္တီသြင္းယူႏိုင္မႈရာခိုင္ႏႈန္းက(၉၂.၆%)အထိရွိေနတာပါ။ ဆိုးတာတစ္ခုကလည္း ဘ႐ူႏိုဖာနန္ဒက္စ္လြဲေခ်ာ္ခဲ့တဲ့ ပယ္နယ္တီႏွစ္ႀကိမ္က ယူႏိုက္တက္အသင္းကစားသမားဘဝမွာလြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က နယူးကာဆယ္နဲ႔ပြဲ၊ အခု ဗီလာနဲ႔ကစားခဲ့တဲ့ပြဲေတြမွာ ပယ္နယ္တီလြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ပြဲေတြမွာ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ပယ္နယ္တီစုစုေပါင္း(၁၁)ႀကိမ္ကန္သြင္းခဲ့ၿပီး (၉)ဂိုးအထိဝင္ေအာင္သြင္းယူႏိုင္ခဲ့လို႔ ရာခိုင္ႏႈန္းအရ(၈၁.၈%)ရွိခဲ့ပါတယ္။ ဗီလာနဲ႔ပြဲမွာ ပယ္နယ္တီလြဲေခ်ာ္ခဲ့ေပမယ့္ ဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့ လာမယ့္ပြဲေတြမွာ ပယ္နယ္တီတာဝန္ကို သူပဲဆက္ယူသြားဖို႔ဆႏၵရွိေနၿပီး အေကာင္းဆုံးပုံစံနဲ႔ျပန္လာခဲ့မယ္လို႔ အသင္းပရိသတ္ေတြကို ကတိေပးခဲ့ပါတယ္။