
photo-daily mail
photo-gettyimages
အသင်းကွင်းလယ်လူသစ်ဘရူနိုဖာနန်ဒက်စ်ရဲ့ဦးနှောက်ဟာ တခြားသူများစွာထက် ပိုမြန်တယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက ချီးကျူးလိုက်ပါတယ်။ ဆိုးလ်ရှားရဲ့မန်ယူဟာ လက်ရှိမှာ ရာသီဥတုပိုပြီးနွေးထွေးတဲ့ စပိန်နိုင်ငံ မာဘယ်လာမှာ သွားရောက်စခန်းသွင်းလေ့ကျင့်နေတာပါ။ ဝုဗ်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ သူ့ရဲ့မန်ယူပွဲဦးထွက်အပြီး အခုချိန်မှာတော့ ဖာနန်ဒက်စ်ဟာ အသင်းဖော်သစ်တွေနဲ့ ပိုပြီးအသားကျအောင် လေ့ကျင့်နေတာဖြစ်ပြီး ဆိုးလ်ရှားကလည်း လေ့ကျင့်ရေးကွင်းက အဲဒီပေါ်တူဂီသားရဲ့ခြေစွမ်းကို ကျေနပ်အားရနေပါတယ်။
photo-gettyimages
”သူဟာ အရမ်း၊အရမ်းကိုကောင်းတဲ့ဘောလုံးသမားတစ်ယောက်ပါ။ သူ့ဦးနှောက်က တခြားသူများစွာထက်ကို ပိုမြန်ပါတယ်။ သူ့ဆီမှာ ကျွန်တော်တို့ကိုပေးစွမ်းနိုင်မယ့်အရာတွေ အများကြီးရှိပါတယ်။ သူ့ရဲ့ပေးပို့မှုအကွာအဝေး၊ ဖန်တီးပေးနိုင်မှုတွေနဲ့ လှုပ်ရှားမှုတွေအပြင် သူ့ကိုယ်သူပျော်ရွှင်နေတာကို ကြည့်ရတာ ကျေနပ်စရာပါပဲ”လို့ ဆိုးလ်ရှားက မန်ယူအသင်းဝက်ဘ်ဆိုဒ်ကို ပြောကြားခဲ့ပါတယ်။
photo-gettyimages
ဖာနန်ဒက်စ်ဟာ မန်ယူနောက်ဆုံးကစားခဲ့တဲ့ ဝုဗ်နဲ့ပွဲတုန်းက အနိုင်ရအောင်လုပ်ပေးနိုင်ခြင်းမရှိခဲ့ပေမယ့် အဲဒီပွဲက သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ကျေနပ်အားရမှုတွေရှိခဲ့ကြပါတယ်။ သူဟာ မန်ယူမှာ အောင်မြင်လိမ့်မယ်လို့ များစွာမျှော်လင့်ထားသူတွေထဲမှာ မြို့ခံပြိုင်ဘက်မန်စီးတီး ပေါ်တူဂီလက်ရွေးစင်အသင်းဖော်ဘာနာဒိုဆေးလ်ဗားလည်း ပါဝင်ပါတယ်။ ဘာပဲပြောပြော ဖာနန်ဒက်စ်ရောက်လာတဲ့အတွက် မန်ယူကွင်လယ်ဟာ အရင်ကထက်စာရင် အရည်အသွေးပိုင်းပိုကောင်းလာတယ်လို့ ဆိုရပါမယ်။
[Zawgyi]
ဘရူႏိုဖာနန္ဒက္စ္ရဲ႕ေဘာလုံးဦးေႏွာက္ကို ခ်ီးက်ဴးလိုက္တဲ့ ဆိုးလ္ရွား
အသင္းကြင္းလယ္လူသစ္ဘရူႏိုဖာနန္ဒက္စ္ရဲ႕ဦးေႏွာက္ဟာ တျခားသူမ်ားစြာထက္ ပိုျမန္တယ္လို႔ မန္ယူနည္းျပဆိုးလ္ရွားက ခ်ီးက်ဴးလိုက္ပါတယ္။ ဆိုးလ္ရွားရဲ႕မန္ယူဟာ လက္ရွိမွာ ရာသီဥတုပုိၿပီးေႏြးေထြးတဲ့ စပိန္ႏိုင္ငံ မာဘယ္လာမွာ သြားေရာက္စခန္းသြငး္ေလ့က်င့္ေနတာပါ။ ၀ုဗ္နဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ သူ႔ရဲ႕မန္ယူပြဲဦးထြက္အၿပီး အခုခ်ိန္မွာေတာ့ ဖာနန္ဒက္စ္ဟာ အသင္းေဖာ္သစ္ေတြနဲ႔ ပိုၿပီးအသားက်ေအာင္ ေလ့က်င့္ေနတာျဖစ္ၿပီး ဆုိးလ္ရွားကလည္း ေလ့က်င့္ေရးကြင္းက အဲဒီေပၚတူဂီသားရဲ႕ေျခစြမ္းကို ေက်နပ္အားရေနပါတယ္။
”သူဟာ အရမ္း၊အရမ္းကိုေကာင္းတဲ့ေဘာလုံးသမားတစ္ေယာက္ပါ။ သူ႔ဦးေႏွာက္က တျခားသူမ်ားစြာထက္ကို ပုိျမန္ပါတယ္။ သူ႔ဆီမွာ ကၽြန္ေတာ္တို႔ကိုေပးစြမ္းႏိုင္မယ့္အရာေတြ အမ်ားႀကီးရွိပါတယ္။ သူ႔ရဲ႕ေပးပို႔မႈအကြာအေ၀း၊ ဖန္တီးေပးႏိုင္မႈေတြနဲ႔ လႈပ္ရွားမႈေတြအျပင္ သူ႔ကိုယ္သူေပ်ာ္ရႊင္ေနတာကို ၾကည့္ရတာ ေက်နပ္စရာပါပဲ”လုိ႔ ဆုိးလ္ရွားက မန္ယူအသငး္၀က္ဘ္ဆုိဒ္ကို ေျပာၾကားခဲ့ပါတယ္။
ဖာနန္ဒက္စ္ဟာ မန္ယူေနာက္ဆုံးကစားခဲ့တဲ့ ၀ုဗ္နဲ႔ပြဲတုန္းက အႏိုင္ရေအာင္လုပ္ေပးႏိုင္ျခင္းမရွိခဲ့ေပမယ့္ အဲဒီပြဲက သူ႔ရဲ႕စြမ္းေဆာင္ရည္နဲ႔ပတ္သက္လို႔ ေက်နပ္အားရမႈေတြရွိခဲ့ၾကပါတယ္။ သူဟာ မန္ယူမွာ ေအာင္ျမင္လိမ့္မယ္လို႔ မ်ားစြာေမွ်ာ္လင့္ထားသူေတြထဲမွာ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီး ေပၚတူဂီလက္ေရြးစင္အသင္းေဖာ္ဘာနာဒိုေဆးလ္ဗားလည္း ပါ၀င္ပါတယ္။ ဘာပဲေျပာေျပာ ဖာနန္ဒက္စ္ေရာက္လာတဲ့အတြက္ မန္ယူကြင္လယ္ဟာ အရင္ကထက္စာရင္ အရည္အေသြးပိုင္းပိုေကာင္းလာတယ္လုိ႔ ဆုိရပါမယ္။