
Photo Credit
Photo Credit
ယူနိုက်တက်ဟာ နောက်ဆုံးမှာတော့ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ပေါင်သန်း ၆၀နဲ့ ခေါ်ယူဖို့ အနီးစပ်ဆုံးအနေအထားရောက်လာပြီး သောကြာနေ့မှာ ဘင်ဖီကာနဲ့ ကစားရမယ့် စပို့တင်းရဲ့ဒါဘီပွဲမတိုင်ခင်တောင် အိုးထရက်ဖို့ဒ်အခြေစိုက်အသင်းကို ရောက်လာနိုင်ပါတယ်။
Photo Credit
အစောပိုင်းကတည်းက ယူနိုက်တက်အသင်းအကြီးအကဲ ဝုဒ်ဝါ့ဒ်ဟာ ပြီးခဲ့တဲ့သောကြာနေ့က လန်ဒန်မှာ ဖာနန်ဒက်စ်ရဲ့အေးဂျင့်တွေ၊ စပို့တင်းလစ္စဘွန်းအသင်းဥက္ကဋ္ဌ ဗာရန်ဒက်စ်တို့နဲ့ ဆွေးနွေးခဲ့တယ်လို့ အစောပိုင်းကတည်းက ရေးသားဖော်ပြခဲ့ပါတယ်။ ယခုအခါ ပေါ်တူဂီသတင်းစာ Record ရဲ့ဖော်ပြချက်အရ အသက် ၂၅နှစ်အရွယ်ရှိ ဖာနန်ဒက်စ်အတွက် အဓိကကျတဲ့သဘောတူညီမှုက ညှိနှိုင်းပြီးသွားပြီဖြစ်ကြောင်း သိရပါတယ်။
Photo Credit
အဲဒီသတင်းစာကပဲ ယူနိုက်တက်အနေနဲ့ ယခုတစ်ပတ်အတွင်း ဖာနန်ဒက်စ်အတွက် တရားဝင်ကမ်းလှမ်းမှုပြုလုပ်ဖွယ်ရှိနေပြီး အဲဒီကမ်းလှမ်းမှုမှာ အသင်းနဲ့အံမဝင်ဖြစ်နေတဲ့ နောက်ခံလူ ရိုဟို အသင်းဟောင်းဆီ ပြန်လည်ရောက်ရှိမယ့် ကစားသမားအလိုက်ပေးမှုလည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။
Photo Credit
နောက်ပြီး စနေနေ့က ဗစ်တိုးနီးယားနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ၂ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ စပို့တင်းကို ဆက်လက်သစ္စာရှိနေဆဲဖြစ်ပြီး အခါးသီးဆုံးပြိုင်ဘက် ဘင်ဖီကာနဲ့ပွဲမှာ ပါဝင်ကစားဖို့လည်း အသင့်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တကယ်လို့ ယူနိုက်တက်နဲ့ စပို့တင်းတို့ကြား ဆွေးနွေးမှုတွေသာ ထင်မှတ်ထားသလို လျင်မြန်စွာအဆုံးသတ်နိုင်ခဲ့ရင် ဖာနန်ဒက်စ်လည်း ဘင်ဖီကာနဲ့ပွဲမတိုင်ခင်မှာပဲ ယူနိုက်တက်ကို ရောက်လာနိုင်ပါတယ်။
Photo Credit
ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ကွင်းလယ်လူတွေဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့ မက်တိုမီနေးတို့ အနားယူနေရချိန်ကတည်းက ကွင်းလယ်ပိုင်း အင်အားဖြည့်တင်းဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး ယမန်နှစ်နွေရာသီကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ထပ်မံကြိုးစားနေတာပါ။
Photo Credit
ပေါ်တူဂီသတင်းစာတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ စပို့တင်းကို ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၅၁ သန်းချက်ချင်းပေးပြီး ကျန် ပေါင် ၉သန်းကို ကစားသမားရဲ့စွမ်းဆောင်ရည်နဲ့ အသင်းရဲ့အောင်မြင်မှုအပေါ် မူတည်ပြီး ဆုကြေးအဖြစ် ပေးဖို့ ကမ်းလှမ်းဖွယ်ရှိနေကြောင်း သိရပါတယ်။
Photo Credit
ယူနိုက်တက်ဟာ ၂၀၁၄ ခုနှစ်က ပေါင် ၁၆သန်းနဲ့ ခေါ်ယူထားတဲ့ အာဂျင်တီးနားလက်ရွေးစင် ရိုဟိုကိုပါ ဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့မှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေပေမယ့် စပို့တင်းကတော့ ယူနိုက်တက်မှာရရှိနေတဲ့ ရိုဟိုရဲ့လုပ်ခလစာကြောင့် လက်ခံဖို့ စဉ်းစားနေပြီး တကယ်လို့ လက်ခံခဲ့ရင်လည်း ရိုဟိုရဲ့လုပ်ခလစာကို ရာခိုင်နှုန်းအလိုက် ယူနိုက်တက်ဘက်က စိုက်ထုတ်ပေးဖို့ တောင်းဆိုဖွယ်ရှိနေပါတယ်။
Photo Credit
ဆမ်ဒိုးရီးယားကွင်းလယ်လူဟောင်း ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နဲ့ ကာလရှည်စာချုပ် ချုပ်ဆိုဖွယ်ရှိနေပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၁၅၀၀၀၀ ဝန်းကျန်ရရှိဖွယ်ရှိနေပါတယ်။
Photo Credit ; B/R
Zawgyi
ဘ႐ူႏိုဖာနန္ဒက္စ္ကို ေပါင္သန္း ၆၀နဲ႔ ေခၚယူဖို႔ ယူႏုိက္တက္ အနီးစပ္ဆုံးအေနအထားေရာက္
ယူႏုိက္တက္ဟာ ေနာက္ဆုံးမွာေတာ့ စပို႔တင္းလစၥဘြန္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ကို ေပါင္သန္း ၆၀နဲ႔ ေခၚယူဖုိ႔ အနီးစပ္ဆုံးအေနအထားေရာက္လာၿပီး ေသာၾကာေန႔မွာ ဘင္ဖီကာနဲ႔ ကစားရမယ့္ စပို႔တင္းရဲ႕ဒါဘီပြဲမတိုင္ခင္ေတာင္ အုိးထရက္ဖို႔ဒ္အေျခစုိက္အသင္းကို ေရာက္လာႏိုင္ပါတယ္။
အေစာပိုင္းကတည္းက ယူႏုိက္တက္အသင္းအႀကီးအကဲ ၀ုဒ္၀ါ့ဒ္ဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က လန္ဒန္မွာ ဖာနန္ဒက္စ္ရဲ႕ေအးဂ်င့္ေတြ၊ စပို႔တင္းလစၥဘြန္းအသင္းဥကၠ႒ ဗာရန္ဒက္စ္တုိ႔နဲ႔ ေဆြးေႏြးခဲ့တယ္လုိ႔ အေစာပိုင္းကတည္းက ေရးသားေဖာ္ျပခဲ့ပါတယ္။ ယခုအခါ ေပၚတူဂီသတင္းစာ Record ရဲ႕ေဖာ္ျပခ်က္အရ အသက္ ၂၅ႏွစ္အရြယ္ရွိ ဖာနန္ဒက္စ္အတြက္ အဓိကက်တဲ့သေဘာတူညီမႈက ညွိႏိႈင္းၿပီးသြားၿပီျဖစ္ေၾကာင္း သိရပါတယ္။
အဲဒီသတင္းစာကပဲ ယူႏုိက္တက္အေနနဲ႔ ယခုတစ္ပတ္အတြင္း ဖာနန္ဒက္စ္အတြက္ တရား၀င္ကမ္းလွမ္းမႈျပဳလုပ္ဖြယ္ရွိေနၿပီး အဲဒီကမ္းလွမ္းမႈမွာ အသင္းနဲ႔အံမ၀င္ျဖစ္ေနတဲ့ ေနာက္ခံလူ ႐ိုဟို အသင္းေဟာင္းဆီ ျပန္လည္ေရာက္ရွိမယ့္ ကစားသမားအလုိက္ေပးမႈလည္း ပါ၀င္လာႏိုင္တယ္လုိ႔ သိရပါတယ္။
ေနာက္ၿပီး စေနေန႔က ဗစ္တိုးနီးယားနဲ႔ပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ ၂ဂိုးသြင္းယူႏုိင္ခဲ့တဲ့ ဖာနန္ဒက္စ္ဟာ စပို႔တင္းကို ဆက္လက္သစၥာရွိေနဆဲျဖစ္ၿပီး အခါးသီးဆုံးၿပိဳင္ဘက္ ဘင္ဖီကာန႔ဲပြဲမွာ ပါ၀င္ကစားဖို႔လည္း အသင့္ရွိေနတယ္လုိ႔ သိရပါတယ္။ ဒါေပမဲ့ တကယ္လုိ႔ ယူႏုိက္တက္နဲ႔ စပုိ႔တင္းတုိ႔ၾကား ေဆြးေႏြးမႈေတြသာ ထင္မွတ္ထားသလုိ လ်င္ျမန္စြာအဆုံးသတ္ႏိုင္ခဲ့ရင္ ဖာနန္ဒက္စ္လည္း ဘင္ဖီကာနဲ႔ပြဲမတုိင္ခင္မွာပဲ ယူႏုိက္တက္ကို ေရာက္လာႏိုင္ပါတယ္။
ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားဟာ ကြင္းလယ္လူေတြျဖစ္တဲ့ ေပါ့ဂ္ဘာနဲ႔ မက္တိုမီေနးတို႔ အနားယူေနရခ်ိန္ကတည္းက ကြင္းလယ္ပိုင္း အင္အားျဖည့္တင္းဖို႔ ႀကိဳးစားေနခဲ့တာျဖစ္ၿပီး ယမန္ႏွစ္ေႏြရာသီကတည္းက ေခၚယူဖို႔ ႀကိဳးစားခဲ့တဲ့ ေပၚတူဂီလက္ေရြးစင္ ဖာနန္ဒက္စ္ကို ေခၚယူဖို႔ ထပ္မံႀကိဳးစားေနတာပါ။
ေပၚတူဂီသတင္းစာေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ စပို႔တင္းကို ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၅၁ သန္းခ်က္ခ်င္းေပးၿပီး က်န္ ေပါင္ ၉သန္းကို ကစားသမားရဲ႕စြမ္းေဆာင္ရည္နဲ႔ အသင္းရဲ႕ေအာင္ျမင္မႈအေပၚ မူတည္ၿပီး ဆုေၾကးအျဖစ္ ေပးဖုိ႔ ကမ္းလွမ္းဖြယ္ရွိေနေၾကာင္း သိရပါတယ္။
ယူႏုိက္တက္ဟာ ၂၀၁၄ ခုႏွစ္က ေပါင္ ၁၆သန္းနဲ႔ ေခၚယူထားတဲ့ အာဂ်င္တီးနားလက္ေရြးစင္ ႐ိုဟုိကိုပါ ဖာနန္ဒက္စ္ရဲ႕အေျပာင္းအေရႊ႕မွာ အစိတ္အပိုင္းတစ္ရပ္အျဖစ္ အလုိက္ေပးကမ္းလွမ္းဖြယ္ရွိေနေပမယ့္ စပို႔တင္းကေတာ့ ယူႏိုက္တက္မွာရရွိေနတဲ့ ႐ိုဟုိရဲ႕လုပ္ခလစာေၾကာင့္ လက္ခံဖုိ႔ စဥ္းစားေနၿပီး တကယ္လုိ႔ လက္ခံခဲ့ရင္လည္း ႐ိုဟုိရဲ႕လုပ္ခလစာကို ရာခုိင္ႏႈန္းအလုိက္ ယူႏိုက္တက္ဘက္က စုိက္ထုတ္ေပးဖို႔ ေတာင္းဆုိဖြယ္ရွိေနပါတယ္။
ဆမ္ဒုိးရီးယားကြင္းလယ္လူေဟာင္း ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္နဲ႔ ကာလရွည္စာခ်ဳပ္ ခ်ဳပ္ဆုိဖြယ္ရွိေနၿပီး တစ္ပတ္လုပ္ခလစာ ေပါင္ ၁၅၀၀၀၀ ၀န္းက်န္ရရွိဖြယ္ရွိေနပါတယ္။