
Photo Credit
Photo Credit
သတင်းတွေရဲ့ဖော်ပြချက်အရ ရီးရဲလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဘရုဂျက်နဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားခွင့်ဆုံးရှုံးခဲ့ရလို့ စိတ်ပျက်နေပြီး လာမယ့်နွေရာသီအတွင်း အသင်းပြောင်းရွှေ့ဖို့အထိ ပြင်ဆင်နေကြောင်း သိရပါတယ်။
Photo Credit
AS သတင်းစာရဲ့ဖော်ပြချက်အရ ဘေးလ်ဟာ ၂-၂ ဂိုးသရေကျခဲ့တဲ့အဲဒီပွဲမှာ လူစားဝင်အဖြစ်နဲ့တောင် ကစားခွင့်ဆုံးရှုံးခဲ့ရပြီးနောက် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။ စပိန်သတင်းတွေက ဓာတ်ပုံနဲ့တကွဖော်ပြတဲ့သတင်းအရ ဘေးလ်ဟာ အဲဒီပွဲစတင်ကစားလို့ ၄မိနစ်ကြာမှ ကွင်းဆီရောက်လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။
Photo Credit
သူက ကြံ့ခိုင်မှုအပြည့်ရှိနေသလို၊ ပွဲပယ်လည်းမခံရဘဲ အနားပေးရလောက်အောင်လည်း အဲဒီလောက်အထိပွဲမကျပ်သေးတဲ့အချိန်မှာ ဇီဒန်းက ဂါရတ်ဘေးလ်မပါတာ အသင်းအတွက် ပိုကောင်းတယ်လု့ိ ဆုံးဖြတ်ကာ ထုတ်မသုံးခဲ့တာဖြစ်ပြီး တကယ်ကစားတော့ ၂ဂိုးပြတ်ရှုံးနိမ့်နေရာကနေ ၂-၂ ဂိုးသရေကျအောင် အသည်းအသန်ကစားခဲ့ရပါတယ်။
Photo Credit
အသက် ၃၀အရွယ်ရှိ ဘေးလ်ဟာ ဇီဒန်းနဲ့ ဆိုးရွားတဲ့သမိုင်းကြောင်းရှိခဲ့ပြီး ယမန်နှစ်ရာသီအဆုံးသတ်ကာခါနီးမှာ ဘာနေဗျူးကို ပြင်သစ်သားဇီဒန်း တစ်ကျော့ပြန်ရောက်လာပြီးနောက် ပြီးခဲ့တဲ့နွေရာသီက အသင်းပြောင်းရွှေ့ဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။
Photo Credit
ဘေးလ်ဟာ တရုတ်စူပါလိဂ်ကို ရောက်ရှိဖို့ အတော်လေးနီးစပ်ခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေက ပြောင်းရွှေ့ကြေးမရတာကြောင့် အဆုံးသတ်မှာ အဲဒီအပြောင်းအရွှေ့ကို တားဆီးခဲ့ပါတယ်။ သူဟာ ကျန်းစုဆန်နင်းအသင်းကို ရောက်ဖို့ နီးစပ်ခဲ့တာဖြစ်ပြီး ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က တားဆီးခဲ့တာပါ။
Photo Credit
ဘေးလ်ဟာ ဒီရာသီ လာလီဂါ ၆ပွဲကစားခွင့်ရရှိထားရာမှာ ၂ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ထားပေမယ့် ကာယကံရှင်ဖြစ်သူကတော့ ဇီဒန်းအနေနဲ့ သူ့အပေါ် မမျှမတဆက်ဆံနေတယ်လို့ ခံစားနေရပါတယ်။
Photo Credit
Zawgyi
ဘ႐ုဂ်က္နဲ႔ပြဲမွာ ပါ၀င္ခြင့္ဆုံး႐ံႈးခဲ့ရၿပီးေနာက္ အသင္းေျပာင္းေရႊ႕ဖု႔ိ ေဘးလ္ ျပင္ဆင္လုိက္ၿပီဟုဆို
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္က ဘ႐ုဂ်က္နဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ ပါ၀င္ကစားခြင့္ဆုံး႐ံႈးခဲ့ရလုိ႔ စိတ္ပ်က္ေနၿပီး လာမယ့္ေႏြရာသီအတြင္း အသင္းေျပာင္းေရႊ႕ဖို႔အထိ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။
AS သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ေဘးလ္ဟာ ၂-၂ ဂိုးသေရက်ခဲ့တဲ့အဲဒီပြဲမွာ လူစား၀င္အျဖစ္နဲ႔ေတာင္ ကစားခြင့္ဆုံး႐ံႈးခဲ့ရၿပီးေနာက္ အသင္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနတာျဖစ္တယ္လုိ႔ သိရပါတယ္။ စပိန္သတင္းေတြက ဓာတ္ပုံနဲ႔တကြေဖာ္ျပတဲ့သတင္းအရ ေဘးလ္ဟာ အဲဒီပဲြစတင္ကစားလုိ႔ ၄မိနစ္ၾကာမွ ကြင္းဆီေရာက္လာခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။
သူက ႀကံ့ခိုင္မႈအျပည့္ရွိေနသလုိ၊ ပြဲပယ္လည္းမခံရဘဲ အနားေပးရေလာက္ေအာင္လည္း အဲဒီေလာက္အထိပြဲမက်ပ္ေသးတဲ့အခ်ိန္မွာ ဇီဒန္းက ဂါရတ္ေဘးလ္မပါတာ အသင္းအတြက္ ပိုေကာင္းတယ္လု႔ိ ဆုံးျဖတ္ကာ ထုတ္မသုံးခဲ့တာျဖစ္ၿပီး တကယ္ကစားေတာ့ ၂ဂိုးျပတ္႐ံႈးနိမ့္ေနရာကေန ၂-၂ ဂိုးသေရက်ေအာင္ အသည္းအသန္ကစားခဲ့ရပါတယ္။
အသက္ ၃၀အရြယ္ရွိ ေဘးလ္ဟာ ဇီဒန္းနဲ႔ ဆုိးရြားတဲ့သမုိင္းေၾကာင္းရွိခဲ့ၿပီး ယမန္ႏွစ္ရာသီအဆုံးသတ္ကာခါနီးမွာ ဘာေနဗ်ဴးကို ျပင္သစ္သားဇီဒန္း တစ္ေက်ာ့ျပန္ေရာက္လာၿပီးေနာက္ ၿပီးခဲ့တဲ့ေႏြရာသီက အသင္းေျပာင္းေရႊ႕ဖို႔ အေတာ္ေလးနီးစပ္ခဲ့ပါတယ္။
ေဘးလ္ဟာ တ႐ုတ္စူပါလိဂ္ကို ေရာက္ရွိဖို႔ အေတာ္ေလးနီးစပ္ခဲ့ေပမယ့္ အသင္းတာ၀န္ရွိသူေတြက ေျပာင္းေရႊ႕ေၾကးမရတာေၾကာင့္ အဆုံးသတ္မွာ အဲဒီအေျပာင္းအေရႊ႕ကို တားဆီးခ့ဲပါတယ္။ သူဟာ က်န္းစုဆန္နင္းအသင္းကို ေရာက္ဖို႔ နီးစပ္ခဲ့တာျဖစ္ၿပီး ရီးရဲလ္ဥကၠ႒ ပီရက္ဇ္က တားဆီးခဲ့တာပါ။
ေဘးလ္ဟာ ဒီရာသီ လာလီဂါ ၆ပြဲကစားခြင့္ရရွိထားရာမွာ ၂ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ထားေပမယ့္ ကာယကံရွင္ျဖစ္သူကေတာ့ ဇီဒန္းအေနနဲ႔ သူ႕အေပၚ မမွ်မတဆက္ဆံေနတယ္လုိ႔ ခံစားေနရပါတယ္။