ဘရိုက်တန်နဲ့ရာသီအဖွင့်ပွဲမှာ ယူနိုက်တက်တို့ ဘယ်လိုလူစာရင်းနဲ့ပွဲထွက်လာဖို့ရှိလဲ . . .

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၂-၂၃ ပရီးမီးယားလိဂ်ရာသီ

အဖွင့်ပွဲအဖြစ် လာမယ့်တနင်္ဂနွေ၊ မြန်မာစံတော်ချိန် ည(၇:၃၀)အချိန်ကျရင်

ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားမှာဖြစ်ပါတယ်။

အဲဒီပွဲမတိုင်ခင် နည်းပြအဲရစ်တန်ဟက်အတွက် ခေါင်းကိုက်စရာဖြစ်နေတာက

ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြကစားခဲ့တဲ့ မာစီယဲလ် ဒဏ်ရာပြဿနာကြောင့်

ပါဝင်ကစားနိုင်ဖို့မသေချာဖြစ်နေတာပါပဲ။ မာစီယဲလ်ဟာ ယူနိုက်တက်

အသင်းကစားခဲ့တဲ့ လီဗာပူးလ်၊ မဲလ်ဘုန်းဗစ်ထရီ၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့

ပွဲတွေမှာ ဂိုးသွင်းယူခဲ့ပြီး အက်သလက်တီကိုအသင်းကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ

တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ တကယ်လို့ မာစီယဲလ်

မပါနိုင်ရင်တော့ စီရော်နယ်လ်ဒိုက ပွဲထွက်ကစားခွင့်ရဖို့ရှိသလို

အပြောင်းအလဲအဖြစ် ရပ်ရှ်ဖို့ဒ်ကို အဲရစ်တန်ဟက်က No 9 Role နေရာမှာ

အသုံးပြုဖို့လည်းရှိပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေအရှိဆုံးကတော့ ရပ်ရှ်ဖို့ဒ်၊

စီရော်နယ်လ်ဒို၊ ဆန်ချိုတို့အတွဲအဖက်နဲ့ပဲ ပွဲထွက်လာဖို့များနေပါတယ်။

ကွင်းလယ်မှာ အပြောင်းအလဲကြီးကြီးမားမားလုပ်ဖို့မရှိဘဲ ဘရူနိုဖာနန်ဒက်စ်၊

ဖရက်ဒ်၊ တွမ်မီနေးတို့ကို အသုံးပြုသွားဖို့ရှိပြီး ကစားသမားသစ်အဲရစ်ဆင်ဟာ

အရန်အဖြစ်သာကစားခွင့်ရမယ့်အနေအထားပါပဲ။ ခံစစ်ပိုင်းမှာတော့

ပြီးခဲ့တဲ့ဗယ်လက်ကာနိုနဲ့ခြေစမ်းပွဲတုန်းက ပုံစံကောင်းပြသနိုင်တဲ့

နောက်ခံလူသစ်လီဆန်ဒရိုမာတီနက်ဇ်ကို ပွဲထွက်သုံးမလားဆိုတာ

စောင့်ကြည့်ရမှာပါ။ အဲရစ်တန်ဟက်အနေနဲ့ လီဆန်ဒရိုမာတီနက်ဇ်+မက်ဂွိုင်းယား၊

လီဆန်ဒရိုမာတီနက်ဇ်+ဗာရန်း ဒါမှမဟုတ် ပုံမှန်အတိုင်းပဲ

မက်ဂွိုင်းယား+ဗာရန်း/လင်ဒီလော့ဖ်တို့ကို အသုံးပြုသွားမှာလားဆိုတာ

စိတ်ဝင်စားစရာကောင်းပါတယ်။ လီဆန်ဒရိုမာတီနက်ဇ်ဟာ ဘယ်ခြမ်း

Full Back အဖြစ်ကစားနိုင်တာကြောင့် အဲဒီနေရာမှာ သူ့ကို အသုံးပြုနိုင်သလို

ဒါမှမဟုတ်ရင်လည်း လုခ်ရှော၊ မာလာစီယာတို့ရှိနေတဲ့အတွက်

အဲရစ်တန်ဟက် ရွေးချယ်စရာအများကြီးရှိပါတယ်။

ညာခြမ်းမှာ ဘစ်ဆာကာထက် ဒါလော့တ် ပွဲထွက်ခွင့်ရဖို့ ပိုများပြီး

ဂိုးသမားနေရာမှာတော့ အပြောင်းအလဲမရှိ ဒီဂီယာပဲ ပွဲထွက်ဖို့သေချာနေပါတယ်။

zawgyi

ဘ႐ိုက္တန္နဲ႔ရာသီအဖြင့္ပြဲမွာ ယူႏိုက္တက္တို႔ ဘယ္လိုလူစာရင္းနဲ႔ပြဲထြက္လာဖို႔ရွိလဲ . . .

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၂၀၂၂-၂၃ ပရီးမီးယားလိဂ္ရာသီ

အဖြင့္ပြဲအျဖစ္ လာမယ့္တနဂၤေႏြ၊ ျမန္မာစံေတာ္ခ်ိန္ ည(၇:၃၀)အခ်ိန္က်ရင္

ဘ႐ိုက္တန္အသင္းကို အိမ္ကြင္းမွာ လက္ခံကစားသြားမွာျဖစ္ပါတယ္။

အဲဒီပြဲမတိုင္ခင္ နည္းျပအဲရစ္တန္ဟက္အတြက္ ေခါင္းကိုက္စရာျဖစ္ေနတာက

ရာသီႀကိဳေျခစမ္းပြဲေတြမွာ ေျခစြမ္းျပကစားခဲ့တဲ့ မာစီယဲလ္ ဒဏ္ရာျပႆနာေၾကာင့္

ပါဝင္ကစားႏိုင္ဖို႔မေသခ်ာျဖစ္ေနတာပါပဲ။ မာစီယဲလ္ဟာ ယူႏိုက္တက္

အသင္းကစားခဲ့တဲ့ လီဗာပူးလ္၊ မဲလ္ဘုန္းဗစ္ထရီ၊ ခရစၥတယ္ပဲေလ့စ္တို႔နဲ႔

ပြဲေတြမွာ ဂိုးသြင္းယူခဲ့ၿပီး အက္သလက္တီကိုအသင္းကို (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ

တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။ တကယ္လို႔ မာစီယဲလ္

မပါႏိုင္ရင္ေတာ့ စီေရာ္နယ္လ္ဒိုက ပြဲထြက္ကစားခြင့္ရဖို႔ရွိသလို

အေျပာင္းအလဲအျဖစ္ ရပ္ရွ္ဖို႔ဒ္ကို အဲရစ္တန္ဟက္က No 9 Role ေနရာမွာ

အသုံးျပဳဖို႔လည္းရွိပါတယ္။ ဒါေပမဲ့ ျဖစ္ႏိုင္ေျခအရွိဆုံးကေတာ့ ရပ္ရွ္ဖို႔ဒ္၊

စီေရာ္နယ္လ္ဒို၊ ဆန္ခ်ိဳတို႔အတြဲအဖက္နဲ႔ပဲ ပြဲထြက္လာဖို႔မ်ားေနပါတယ္။

ကြင္းလယ္မွာ အေျပာင္းအလဲႀကီးႀကီးမားမားလုပ္ဖို႔မရွိဘဲ ဘ႐ူႏိုဖာနန္ဒက္စ္၊

ဖရက္ဒ္၊ တြမ္မီေနးတို႔ကို အသုံးျပဳသြားဖို႔ရွိၿပီး ကစားသမားသစ္အဲရစ္ဆင္ဟာ

အရန္အျဖစ္သာကစားခြင့္ရမယ့္အေနအထားပါပဲ။ ခံစစ္ပိုင္းမွာေတာ့

ၿပီးခဲ့တဲ့ဗယ္လက္ကာႏိုနဲ႔ေျခစမ္းပြဲတုန္းက ပုံစံေကာင္းျပသႏိုင္တဲ့

ေနာက္ခံလူသစ္လီဆန္ဒ႐ိုမာတီနက္ဇ္ကို ပြဲထြက္သုံးမလားဆိုတာ

ေစာင့္ၾကည့္ရမွာပါ။ အဲရစ္တန္ဟက္အေနနဲ႔ လီဆန္ဒ႐ိုမာတီနက္ဇ္+မက္ဂြိဳင္းယား၊

လီဆန္ဒ႐ိုမာတီနက္ဇ္+ဗာရန္း ဒါမွမဟုတ္ ပုံမွန္အတိုင္းပဲ

မက္ဂြိဳင္းယား+ဗာရန္း/လင္ဒီေလာ့ဖ္တို႔ကို အသုံးျပဳသြားမွာလားဆိုတာ

စိတ္ဝင္စားစရာေကာင္းပါတယ္။ လီဆန္ဒ႐ိုမာတီနက္ဇ္ဟာ ဘယ္ျခမ္း

Full Back အျဖစ္ကစားႏိုင္တာေၾကာင့္ အဲဒီေနရာမွာ သူ႔ကို အသုံးျပဳႏိုင္သလို

ဒါမွမဟုတ္ရင္လည္း လုခ္ေရွာ၊ မာလာစီယာတို႔ရွိေနတဲ့အတြက္

အဲရစ္တန္ဟက္ ေ႐ြးခ်ယ္စရာအမ်ားႀကီးရွိပါတယ္။

ညာျခမ္းမွာ ဘစ္ဆာကာထက္ ဒါေလာ့တ္ ပြဲထြက္ခြင့္ရဖို႔ ပိုမ်ားၿပီး

ဂိုးသမားေနရာမွာေတာ့ အေျပာင္းအလဲမရွိ ဒီဂီယာပဲ ပြဲထြက္ဖို႔ေသခ်ာေနပါတယ္။