ဘရိုက်တန်ကိုရှုံးပြီးတဲ့နောက် ၄၃ နှစ်အတွင်း အဆိုးရွားဆုံးဖြတ်သန်းမှုနဲ့ ကြုံတွေ့နေရတဲ့အာဆင်နယ်

photo-daily mail

photo-reuters

အမ်မရီကို ထုတ်လိုက်တော့လည်း အာဆင်နယ်ရဲ့အခြေအနေဟာ ထူးမလာခဲ့ပါဘူး။ ယာယီနည်ပြယွန်းဘတ်လက်ထက်မှာလည်း အာဆင်နယ်ဟာ နိုင်ပွဲပျောက်နေဆဲပါပဲ။ ယာယီနည်းပြယွန်းဘတ်လက်ထက်ပွဲဦးထွက်ဖြစ်တဲ့ ပြီးခဲ့တဲ့အပတ် နော်ဝစ်ချ်နဲ့ပွဲတုန်းက ၂-၂ သရေသာကစားနိုင်ခဲ့ပြီးနောက် မနေ့ညက ယွန်းဘတ်ရဲ့ပထမဆုံးအိမ်ကွင်းပွဲဖြစ်တဲ့ ဘရိုက်တန်နဲ့ပွဲမှာလည်း ၁-၂ ဂိုးနဲ့အောင် ရှုံးနိမ့်သွားခဲ့ရပါတယ်။

photo-AP

ဘရိုက်တန်ကို ရှုံးသွားတဲ့အတွက် အာဆင်နယ်ဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၉ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။ဒါကြောင့် ၄၃ နှစ်အတွင်း သူတို့ရဲ့အဆိုးရွားဆုံးဖြတ်သန်းမှုဖြစ်လာခဲ့တာပါ။ လက်ရှိမှာလည်း အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ လောလောဆယ်နိုင်ပွဲအပျောက်ဆုံးအသင်းဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်မှာ သူတို့နိုင်ပွဲပျောက်နေတာ ပြီးခဲ့တဲ့အောက်တိုဘာလကတည်းကဖြစ်လို့ ၇ ပွဲဆက်တောင် ရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိရှုံးပွဲဆက်နေတဲ့ဘုန်းမောက်တောင် အာဆင်နယ်လောက် နိုင်ပွဲပျောက်မှုများသေးဘဲ ၄ ပွဲဆက်သာရှိသေးတာပါ။ အခုရှုံးပွဲကြောင့်လည်း အာဆင်နယ်ဟာ အမှတ်ပေးဇယားမှာ အဆင့် ၁၀ နေရာရောက်သွားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အဆင့် ၄ နေရာကအသင်းနဲ့ ၁၀ မှတ်ကွာသွားပါတယ်။

photo-gettyimages

ဘရိုက်တန်နဲ့အိမ်ကွင်းမှာလည်း အာဆင်နယ်ဟာ ကစားပုံအရ တာထွက်ကောင်းမလိုဖြစ်ခဲ့ပေမယ့် ဒီ့မတိုင်ခင် နောက်ဆုံးအဝေးကွင်း ၄ ပွဲဆက်ရှုံးထားတဲ့ဧည့်သည်အသင်းက တဖြည်းဖြည်းနဲ့ပွဲကို ထိန်းချုပ်လာပါတယ်။ ဒါကြောင့်လည်း ပွဲချိန် ၃၆ မိနစ်မှာ ဘရိုက်တန်ဘက်က ဝက်စတာရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတာပါ။ ပထမပိုင်းအပြီးမှာ အသင်းစံချိန်တင်ကြေးရှင်ပီပီကို လူစားသွင်းလိုက်လို့ အာဆင်နယ်တိုးတက်လာခဲ့ပြီး ဖေဖော်ဝါရီနောက်ပိုင်း အိုဇေးလ်ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဂိုးဖန်တီးမှုနဲ့ မိနစ် ၅၀ မှာ လာကာဇက်တီက ပြန်ချေပပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်ကျန်ပွဲချိန်တွေမှာ သူတို့အနိုင်ဂိုးသွင်းနိုင်မယ့်အစား မိနစ် ၈၀ မှာ ဘရိုက်တန်ကသာ အနိုင်ဂိုးသွင်းသွားပါတယ်။

[Zawgyi]

ဘရိုက္တန္ကိုရႈံးၿပီးတဲ့ေနာက္ ၄၃ ႏွစ္အတြင္း အဆုိးရြားဆုံးျဖတ္သန္းမႈနဲ႔ ႀကဳံေတြ႕ေနရတဲ့အာဆင္နယ္

အမ္မရီကို ထုတ္လုိက္ေတာ့လည္း အာဆင္နယ္ရဲ႕အေျခအေနဟာ ထူးမလာခဲ့ပါဘူး။ ယာယီနည္ျပယြန္းဘတ္လက္ထက္မွာလည္း အာဆင္နယ္ဟာ ႏိုင္ပြဲေပ်ာက္ေနဆဲပါပဲ။ ယာယီနည္းျပယြန္းဘတ္လက္ထက္္ပြဲဦးထြက္ျဖစ္တဲ့ ၿပီးခဲ့တဲ့အပတ္ ေနာ္၀စ္ခ်္နဲ႔ပြဲတုန္းက ၂-၂ သေရသာကစားႏိုင္ခဲ့ၿပီးေနာက္ မေန႔ညက ယြန္းဘတ္ရဲ႕ပထမဆုံးအိမ္ကြင္းပြဲျဖစ္တဲ့ ဘရိုက္တန္နဲ႔ပြဲမွာလည္း ၁-၂ ဂိုးနဲ႔ေအာင္ ရႈံးနိမ့္သြားခဲ့ရပါတယ္။

ဘရိုက္တန္ကို ရႈံးသြားတဲ့အတြက္ အာဆင္နယ္ဟာ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၉ ပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ့ရပါတယ္။ဒါေၾကာင့္ ၄၃ ႏွစ္အတြင္း သူတို႔ရဲ႕အဆုိးရြားဆုံးျဖတ္သန္းမႈျဖစ္လာခဲ့တာပါ။ လက္ရွိမွာလည္း အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ ေလာေလာဆယ္ႏို္င္ပြဲအေပ်ာက္ဆုံးအသင္းျဖစ္ေနပါတယ္။ ပရီးမီးယားလိဂ္မွာ သူတို႔ႏိုင္ပြဲေပ်ာက္ေနတာ ၿပီးခဲ့တဲ့ေအာက္တုိဘာလကတည္းကျဖစ္လို႔ ၇ ပြဲဆက္ေတာင္ ရွိေနၿပီ ျဖစ္ပါတယ္။ လက္ရွိရႈံးပြဲဆက္ေနတဲ့ဘုန္းေမာက္ေတာင္ အာဆင္နယ္ေလာက္ ႏိုင္ပြဲေပ်ာက္မႈမ်ားေသးဘဲ ၄ ပြဲဆက္သာရွိေသးတာပါ။ အခုရႈံးပြဲေၾကာင့္လည္း အာဆင္နယ္ဟာ အမွတ္ေပးဇယားမွာ အဆင့္ ၁၀ ေနရာေရာက္သြားၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရမယ့္ အဆင့္ ၄ ေနရာကအသင္းနဲ႔ ၁၀ မွတ္ကြာသြားပါတယ္။

ဘရိုက္တန္နဲ႔အိမ္ကြင္းမွာလည္း အာဆင္နယ္ဟာ ကစားပုံအရ တာထြက္ေကာင္းမလိုျဖစ္ခဲ့ေပမယ့္ ဒီ့မတိုင္ခင္ ေနာက္ဆုံးအေ၀းကြင္း ၄ ပြဲဆက္ရႈံးထားတဲ့ဧည့္သည္အသင္းက တျဖည္းျဖည္းနဲ႔ပြဲကို ထိန္းခ်ဳပ္လာပါတယ္။ ဒါေၾကာင့္လည္း ပြဲခ်ိန္ ၃၆ မိနစ္မွာ ဘရုိက္တန္ဘက္က ၀က္စတာရဲ႕ဦးေဆာင္ဂိုးကုိ ခြင့္ျပဳခဲ့ရတာပါ။ ပထမပိုင္းအၿပီးမွာ အသင္းစံခ်ိန္တင္ေၾကးရွင္ပီပီကို လူစားသြငး္လုိက္လို႔ အာဆင္နယ္တိုးတက္လာခဲ့ၿပီး ေဖေဖာ္၀ါရီေနာက္ပိုင္း အုိေဇးလ္ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ဂိုးဖန္တီးမႈနဲ႔ မိနစ္ ၅၀ မွာ လာကာဇက္တီက ျပန္ေခ်ပေပးခ့ဲပါတယ္။ ဒါေပမဲ့လည္း လက္က်န္ပြဲခ်ိန္ေတြမွာ သူတုိ႔အႏိုင္ဂိုးသြင္းႏိုင္မယ့္အစား မိနစ္ ၈၀ မွာ ဘရိုက္တန္ကသာ အႏိုင္ဂိုးသြင္းသြားပါတယ္။