ဘရာဇီးအာဏာပိုင်တွေရဲ့လုပ်ရပ်ကို မက်ဆီ ဒေါသထွက်

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

တနင်္ဂနွေနေ့က ဘရာဇီးနဲ့ အာဂျင်တီးနားတို့ပွဲကို ကိုဗစ်စည်းမျဉ်းအကြောင်းပြချက်နဲ့ ရွှေ့ဆိုင်းလိုက်ရတဲ့အပေါ် အာဂျင်တီးနားမီဒီယာတွေက ဒေါသတကြီး ဝေဖန်နေကြပါတယ်။

ဘရာဇီးရဲနဲ့ ကျန်းမာရေးအာဏာပိုင်တွေဟာ ကိုဗစ်စည်းမျဉ်းချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့အတူ အာဂျင်တီးနားအသင်းမှ ပရီးမီးယားလိဂ် ကစားသမား ၄ဦးကို ပွဲကစားချိန်အတွင်း ဝင်ရောက်ဖမ်းဆီးဖို့ စီစဉ်ခဲ့ပါတယ်။

တကယ်တော့ ပရီးမီးယားလိဂ် ကစားသမား ၄ဦး အပါအဝင် အာဂျင်တီးနားအသင်းဟာ ပွဲမကစားင် ၃ရက်လောက်အလိုကတည်းက ဘရာဇီး နိုင်ငံကိုရောက်နေတာပါ။

ကိုဗစ်စည်းမျဉ်းအရ ဖမ်းဆီးမယ်ဆိုရင် လေ့ကျင့်ရေးအစီအစဉ်တွေလုပ်ကတည်းက ဖမ်းဆီးလို့ရနိုင်ပေမယ့် ပွဲကစားချိန်ကျမှ ဖမ်းဆီးမှုတွေ လုပ်ခဲ့တဲ့အပေါ် အာဂျင်တီးနားဘက် ဒေါသထွက်နေပါတယ်။

ဆော်ပေါ်လိုမြို့မှာ ကစားခဲ့တဲ့ ဒီပွဲဟာ ပွဲချိန်၁၀ မိနစ်မပြည့်ခင်မှာတင် ဘရာဇီးအာဏာပိုင်တွေရဲ့ အဖမ်းအဆီးတွေကြောင့် ဝရုန်းသုန်းကားဖြစ်ပြီး အကျည်းတန်ခဲ့ရပါတယ်။

ဘရာဇီးကျန်းမာရေးမှူး ဘာရာတောရက်စ်က ဗြိတိန်၊ အိန္ဒိယနဲ့ တောင်အာဖရိက ကနေ လာတဲ့ ဘယ်သူမဆို ဘရာဇီးနိုင်ငံမှာ ကွာရန်တင်း ၁၄ ရက်ဝင်ရမယ်လို့ ဆိုပြီး လိုဆယ်ဆို၊ မာတီနက်ဇ်၊ ရိုမဲရိုးနဲ့ ဘူအန်ဒီယာတို့ကို ကွင်းထဲကနေ ခေါ်ထုတ်သွားပါတယ်။

အကျည်းတန်လွန်းတဲ့ မြင်ကွင်းကြောင့် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီလည်း တော်တော်လေးစိတ်ပျက်သွားပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာတော့ နိုင်ငံတကာပွဲ ကစားရမယ့် သူတွေကို ကွာရန်တင်းကင်းလွှတ်ခွင့်ပေးရမယ်လို့ ပြောထားတာကြောင့် အခု ဘရာဇီးအာဏာပိုင်တွေရဲ့လုပ်ရပ်အပေါ် ဘယ်လို တုံ့ပြန်မလဲကို အာဂျင်တီးနား မီဒီယာတွေက စောင့်ကြည့်နေကြပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ” ပွဲစပြီး ၅ မိနစ်လောက်ကြာမှ ဘာလို့ စဖမ်းတာလဲ၊ ကျွန်တော်တို့ ဘောလုံးကွင်းထဲရောက်တာ တစ်နာရီကြာပါပြီ။

အဲဒီကတည်းက ကျွန်တော်တို့ကို အကြောင်းကြားပါလား”လို့ ပွဲရွှေ့ဆိုင်းအပြီး၊ ရုပ်/သံအစီအစဉ်တစ်ရပ်မှာ ဒေါသတကြီး ပြောသွားပါတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi






