ဘရာဇီးလ်နဲ့ပွဲအပြီးမှာ သူတို့အသင်းခြေစစ်ပွဲအောင်သွားတာကို မသိတဲ့ မက်ဆီနဲ့အာဂျင်တီးနားကစားသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့အင်္ဂါနေ့က ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် တောင်အမေရိကထိပ်သီးနှစ်သင်းဖြစ်တဲ့ အာဂျင်တီးနားနဲ့ဘရာဇီးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိသရေနဲ့ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲမှာ သွင်းဂိုးတွေမမြင်တွေ့ခဲ့ရပေမယ့် နာမည်ကျော်ကစားသမားတွေရဲ့တစ်ဦးချင်းစွမ်းဆောင်ရည်တွေကို ကြည့်ရှုခံစားခဲ့ရပြီး ဗင်နီစီယက်စ်ကို အာဂျင်တီးနားဝါရင့်ကစားသမားဒီမာရီယာက Nutmeg အကွက်နဲ့ ကျော်ဖြတ်ခဲ့သလို၊

ဗင်နီစီယက်စ်ကလည်း အခုပွဲမှာမပါနိုင်တဲ့ သူ့အသင်းဖော်နေမာအတွက် အမှတ်တရဖြစ်အောင် နေမာလုပ်နေကျ Rainbow Flick အကွက်ကိုပြသခဲ့ပါသေးတယ်။

ထိပ်သီးနှစ်သင်းဆုံတွေ့တဲ့ပွဲဖြစ်လို့ ပွဲကအပြန်အလှန်ရှိသလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းတွေဖြစ်တာကြောင့် တစ်ဖက်နဲ့တစ်ဖက် ခပ်ကြမ်းကြမ်းကစားခဲ့တဲ့အတွက် ပြစ်ဒဏ်ဘောဖြစ်တဲ့အကြိမ်ပေါင်း(၄၁)ကြိမ်အထိရှိခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်ကတည်းက ဘရာဇီးလ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်သွားပြီဖြစ်ပြီး

အာဂျင်တီးနားအသင်းကတော့ အခုပွဲမှာ သရေတစ်မှတ်ရရှိခဲ့တာကြောင့် ဘရာဇီးလ်နဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ချီတက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက ဘရာဇီးလ်နဲ့ကစားခဲ့တဲ့ပွဲပျက်ခဲ့ရတာကြောင့် ကျန်တဲ့အသင်းတွေထက်တစ်ပွဲလျော့နေပြီး

(၁၃)ပွဲကစား၊ (၂၉)မှတ်ရရှိခဲ့တဲ့အတွက် အဆင့်(၅)နေရာက ပီရူးအသင်းကို (၁၂)မှတ်အထိဖြတ်နိုင်ခဲ့ပြီဖြစ်လို့ (၅)ပွဲကစားဖို့ကျန်ရှိနေပေမယ့် ကမ္ဘာ့ဖလားတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။

ဒါပေမဲ့ ဘရာဇီးလ်နဲ့ပွဲအပြီးမှာ သူတို့အသင်းခြေစစ်ပွဲအောင်သွားတာကို မက်ဆီအပါအဝင် အာဂျင်တီးနားကစားသမားတွေ မသိခဲ့ပါဘူး။

အဲဒါကြောင့်ပဲ မက်ဆီဟာ ပွဲအပြီး အင်တာဗျူးမှာ အသင်းခြေစစ်ပွဲအောင်တာကို အားရဝမ်းသာပြောရမယ့်အစား ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပဲ ဖြေကြားခဲ့ပါတယ်။

မက်ဆီက “ဒီပွဲဟာ တကယ့်ကို အကြိတ်အနယ်ရှိတဲ့ပွဲဖြစ်တာကြောင့် အခုပွဲအမီပါဝင်ကစားနိုင်ဖို့ကြိုးစားခဲ့ရပါတယ်။

ကျွန်တော့်ရဲ့ဒဏ်ရာအနေအထားက ကောင်းမွန်နေပြီဖြစ်ပြီး မဟုတ်ရင် ဒီပွဲမှာ ပါဝင်ကစားဖို့မရှိပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အာဂျင်တီးနားနည်းပြစကာလိုနီကတော့ သူ့အသင်းခြေစစ်ပွဲအောင်တာကို ထည့်သွင်းပြောဆိုခဲ့ပြီး သူက “ကျွန်တော့်အသင်းအတွက် ဂုဏ်ယူမိပါတယ်။

ဒီနှစ်အတွင်းမှာ ဆုဖလားအောင်မြင်မှု(ကိုပါအမေရိကဖလား)ရခဲ့တယ်၊

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခဲ့သလို အသင်းကလည်း ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့လို့ ၂၀၂၁ ခုနှစ်က ကျွန်တော်တို့အတွက် အောင်မြင်တဲ့နှစ်ဖြစ်ခဲ့ပါတယ်”လို့ဖြေကြားခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘရာဇီးလ္နဲ႔ပြဲအၿပီးမွာ သူတို႔အသင္းေျခစစ္ပြဲေအာင္သြားတာကို မသိတဲ့ မက္ဆီနဲ႔အာဂ်င္တီးနားကစားသမားမ်ား

ၿပီးခဲ့တဲ့အဂၤါေန႔က ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ေတာင္အေမရိကထိပ္သီးႏွစ္သင္းျဖစ္တဲ့ အာဂ်င္တီးနားနဲ႔ဘရာဇီးလ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ဂိုးမရွိသေရနဲ႔ပြဲၿပီးဆုံးခဲ့ပါတယ္။ ဒီပြဲမွာ သြင္းဂိုးေတြမျမင္ေတြ႕ခဲ့ရေပမယ့္ နာမည္ေက်ာ္ကစားသမားေတြရဲ႕တစ္ဦးခ်င္းစြမ္းေဆာင္ရည္ေတြကို ၾကည့္ရႈခံစားခဲ့ရၿပီး ဗင္နီစီယက္စ္ကို အာဂ်င္တီးနားဝါရင့္ကစားသမားဒီမာရီယာက Nutmeg အကြက္နဲ႔ ေက်ာ္ျဖတ္ခဲ့သလို၊ ဗင္နီစီယက္စ္ကလည္း အခုပြဲမွာမပါႏိုင္တဲ့ သူ႔အသင္းေဖာ္ေနမာအတြက္ အမွတ္တရျဖစ္ေအာင္ ေနမာလုပ္ေနက် Rainbow Flick အကြက္ကိုျပသခဲ့ပါေသးတယ္။ ထိပ္သီးႏွစ္သင္းဆုံေတြ႕တဲ့ပြဲျဖစ္လို႔ ပြဲကအျပန္အလွန္ရွိသလို ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့အသင္းေတြျဖစ္တာေၾကာင့္ တစ္ဖက္နဲ႔တစ္ဖက္ ခပ္ၾကမ္းၾကမ္းကစားခဲ့တဲ့အတြက္ ျပစ္ဒဏ္ေဘာျဖစ္တဲ့အႀကိမ္ေပါင္း(၄၁)ႀကိမ္အထိရွိခဲ့ပါတယ္။ ဒီပြဲမတိုင္ခင္ကတည္းက ဘရာဇီးလ္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေအာင္ျမင္သြားၿပီျဖစ္ၿပီး အာဂ်င္တီးနားအသင္းကေတာ့ အခုပြဲမွာ သေရတစ္မွတ္ရရွိခဲ့တာေၾကာင့္ ဘရာဇီးလ္နဲ႔အတူ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဆီ ခ်ီတက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ၿပီးခဲ့တဲ့စက္တင္ဘာလတုန္းက ဘရာဇီးလ္နဲ႔ကစားခဲ့တဲ့ပြဲပ်က္ခဲ့ရတာေၾကာင့္ က်န္တဲ့အသင္းေတြထက္တစ္ပြဲေလ်ာ့ေနၿပီး (၁၃)ပြဲကစား၊ (၂၉)မွတ္ရရွိခဲ့တဲ့အတြက္ အဆင့္(၅)ေနရာက ပီ႐ူးအသင္းကို (၁၂)မွတ္အထိျဖတ္ႏိုင္ခဲ့ၿပီျဖစ္လို႔ (၅)ပြဲကစားဖို႔က်န္ရွိေနေပမယ့္ ကမာၻ႔ဖလားတိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္ခဲ့တာပါ။ ဒါေပမဲ့ ဘရာဇီးလ္နဲ႔ပြဲအၿပီးမွာ သူတို႔အသင္းေျခစစ္ပြဲေအာင္သြားတာကို မက္ဆီအပါအဝင္ အာဂ်င္တီးနားကစားသမားေတြ မသိခဲ့ပါဘူး။ အဲဒါေၾကာင့္ပဲ မက္ဆီဟာ ပြဲအၿပီး အင္တာဗ်ဴးမွာ အသင္းေျခစစ္ပြဲေအာင္တာကို အားရဝမ္းသာေျပာရမယ့္အစား ပြဲနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြကိုပဲ ေျဖၾကားခဲ့ပါတယ္။ မက္ဆီက “ဒီပြဲဟာ တကယ့္ကို အႀကိတ္အနယ္ရွိတဲ့ပြဲျဖစ္တာေၾကာင့္ အခုပြဲအမီပါဝင္ကစားႏိုင္ဖို႔ႀကိဳးစားခဲ့ရပါတယ္။ ကြၽန္ေတာ့္ရဲ႕ဒဏ္ရာအေနအထားက ေကာင္းမြန္ေနၿပီျဖစ္ၿပီး မဟုတ္ရင္ ဒီပြဲမွာ ပါဝင္ကစားဖို႔မရွိပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ အာဂ်င္တီးနားနည္းျပစကာလိုနီကေတာ့ သူ႔အသင္းေျခစစ္ပြဲေအာင္တာကို ထည့္သြင္းေျပာဆိုခဲ့ၿပီး သူက “ကြၽန္ေတာ့္အသင္းအတြက္ ဂုဏ္ယူမိပါတယ္။ ဒီႏွစ္အတြင္းမွာ ဆုဖလားေအာင္ျမင္မႈ(ကိုပါအေမရိကဖလား)ရခဲ့တယ္၊ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ခဲ့သလို အသင္းကလည္း ရႈံးပြဲမရွိေအာင္ကစားႏိုင္ခဲ့လို႔ ၂၀၂၁ ခုႏွစ္က ကြၽန္ေတာ္တို႔အတြက္ ေအာင္ျမင္တဲ့ႏွစ္ျဖစ္ခဲ့ပါတယ္”လို႔ေျဖၾကားခဲ့တာျဖစ္ပါတယ္။