
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘရာဇီးလ်ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ရော်နယ်လ်ဒိုနဲ့ရော်ဘတ်တိုကားလို့စ်တို့ ပထမပိုင်းအပြီးအဝတ်လဲခန်းအတွင်း အပြိုင်အဆိုင်ဆေးလိပ်ထိုင်သောက်နေတဲ့ပုံက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြန်လည်ပျံ့နှံ့နေပါတယ်။
အဲဒီပုံက ၂၀၁၈ ခုနှစ်တုန်းက ရန်ပုံငွေခြေစမ်းပွဲအဖြစ် ဘရာဇီးလ်နဲ့နော်ဝေအသင်းတို့ကစားခဲ့တဲ့ပွဲ ပထမပိုင်းအပြီးအဝတ်လဲခန်းအတွင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ ရော်နယ်လ်ဒိုက နည်းပြ၊ ရော်ဘတ်တိုကားလို့စ်က,ကစားသမားအဖြစ် ပါဝင်ခဲ့ကြတာပါ။
အဲဒီရန်ပုံငွေခြေစမ်းပွဲဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်မှာ နော်ဝေအသင်းက နာမည်ကျော်ဘရာဇီးလ်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ နှစ်ပေါင်း(၂၀)ကြာနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ကစားသမားဟောင်းတွေပါဝင်တဲ့
နှစ်သင်းယှဉ်ပြိုင်ကစားကြတာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ဘရာဇီးလ်အသင်းက (၃-၀)ဂိုးပြတ်နဲ့အနိုင်ရခဲ့ပါတယ်။
စပိန်နာမည်ကျော် အားကစားသတင်းစာ AS က အဝတ်လဲခန်းအတွင်း ရော်နယ်လ်ဒိုနဲ့ကားလို့စ်တို့ ဆေးလိပ်သောက်နေတဲ့ပုံကို ပြန်လည်ဖော်ပြခဲ့တာဖြစ်ပြီး အွန်လိုင်းပေါ်မှာ အဲဒီဓာတ်ပုံက တော်တော်လေးလူပြောများနေတာပါ။
ပရိသတ်တွေက “ဘရာဇီးလ်သားတွေကတော့ တကယ်အလွင့်ပဲ။
ပြင်ပလူနေမှုဘဝမှာ ဘယ်လောက်ပဲ ပေါက်ကရတွေလုပ်လုပ် သူတို့ရဲ့ဘောလုံးစွမ်းရည်က ဘယ်တော့မှ မပျက်ဆီးသွားဘူး”၊ “မသိရင် အထက်တန်းကျောင်းက,ကလေးတွေ အိမ်သာထဲမှာ ဆေးလိပ်ခိုးသောက်နေတဲ့ပုံမျိုးနဲ့”လို့ နောက်ပြောင်ရေးသားခဲ့ကြပါတယ်။
နော်ဝေနဲ့ဘရာဇီးလ်တို့ရဲ့ရန်ပုံငွေပွဲကို အော်စလိုမြို့မှာကျင်းပခဲ့တာဖြစ်ပြီး ဘရာဇီးလ်အသင်းမှာ နာမည်ကျော်ကစားသမားဟောင်းတွေဖြစ်ကြတဲ့ ဒီဒါ၊ အယ်လ်ဒဲယား၊ အီမာဆင်၊ ဇီရော်ဘတ်တို၊ ရီဗယ်လ်ဒို၊ ဂျီယိုဗန်နီ၊ ဘီဘတ်တို၊ အက်ဒ်မန်ဒိုတို့ပါဝင်ခဲ့သလို
နော်ဝေအသင်းမှာတော့ အန်ဒရေဖလို၊ ဂရိုဒက်စ်နဲ့ ရက်ဒ်ဒဲလ်စတဲ့ကစားသမားတွေပါဝင်ကစားခဲ့ကြပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဘရာဇီးလ္ဂႏၴဝင္ေတြျဖစ္တဲ့ ေရာ္နယ္လ္ဒိုနဲ႔ကားလို႔စ္တို႔ အၿပိဳင္အဆိုင္ေဆးလိပ္ေသာက္ေနတဲ့ဓာတ္ပုံ အြန္လိုင္းမွာ ေရပန္းစားေန
ဘရာဇီးလ္ဂႏၴဝင္ကစားသမားေတြျဖစ္တဲ့ ေရာ္နယ္လ္ဒိုနဲ႔ေရာ္ဘတ္တိုကားလို႔စ္တို႔ ပထမပိုင္းအၿပီးအဝတ္လဲခန္းအတြင္း အၿပိဳင္အဆိုင္ေဆးလိပ္ထိုင္ေသာက္ေနတဲ့ပုံက လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ျပန္လည္ပ်ံ႕ႏွံ႔ေနပါတယ္။ အဲဒီပုံက ၂၀၁၈ ခုႏွစ္တုန္းက ရန္ပုံေငြေျခစမ္းပြဲအျဖစ္ ဘရာဇီးလ္နဲ႔ေနာ္ေဝအသင္းတို႔ကစားခဲ့တဲ့ပြဲ ပထမပိုင္းအၿပီးအဝတ္လဲခန္းအတြင္းမွာ ႐ိုက္ကူးခဲ့တာျဖစ္ၿပီး အဲဒီပြဲမွာ ေရာ္နယ္လ္ဒိုက နည္းျပ၊ ေရာ္ဘတ္တိုကားလို႔စ္က,ကစားသမားအျဖစ္ ပါဝင္ခဲ့ၾကတာပါ။ အဲဒီရန္ပုံေငြေျခစမ္းပြဲဟာ ၁၉၉၈ ကမာၻ႔ဖလားၿပိဳင္ပြဲအုပ္စုအဆင့္မွာ ေနာ္ေဝအသင္းက နာမည္ေက်ာ္ဘရာဇီးလ္အသင္းကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ႏွစ္ေပါင္း(၂၀)ၾကာႏွစ္ပတ္လည္အထိမ္းအမွတ္အျဖစ္ ကစားသမားေဟာင္းေတြပါဝင္တဲ့ ႏွစ္သင္းယွဥ္ၿပိဳင္ကစားၾကတာျဖစ္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ဘရာဇီးလ္အသင္းက (၃-၀)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့ပါတယ္။
စပိန္နာမည္ေက်ာ္ အားကစားသတင္းစာ AS က အဝတ္လဲခန္းအတြင္း ေရာ္နယ္လ္ဒိုနဲ႔ကားလို႔စ္တို႔ ေဆးလိပ္ေသာက္ေနတဲ့ပုံကို ျပန္လည္ေဖာ္ျပခဲ့တာျဖစ္ၿပီး အြန္လိုင္းေပၚမွာ အဲဒီဓာတ္ပုံက ေတာ္ေတာ္ေလးလူေျပာမ်ားေနတာပါ။ ပရိသတ္ေတြက “ဘရာဇီးလ္သားေတြကေတာ့ တကယ္အလြင့္ပဲ။ ျပင္ပလူေနမႈဘဝမွာ ဘယ္ေလာက္ပဲ ေပါက္ကရေတြလုပ္လုပ္ သူတို႔ရဲ႕ေဘာလုံးစြမ္းရည္က ဘယ္ေတာ့မွ မပ်က္ဆီးသြားဘူး”၊ “မသိရင္ အထက္တန္းေက်ာင္းက,ကေလးေတြ အိမ္သာထဲမွာ ေဆးလိပ္ခိုးေသာက္ေနတဲ့ပုံမ်ိဳးနဲ႔”လို႔ ေနာက္ေျပာင္ေရးသားခဲ့ၾကပါတယ္။ ေနာ္ေဝနဲ႔ဘရာဇီးလ္တို႔ရဲ႕ရန္ပုံေငြပြဲကို ေအာ္စလိုၿမိဳ႕မွာက်င္းပခဲ့တာျဖစ္ၿပီး ဘရာဇီးလ္အသင္းမွာ နာမည္ေက်ာ္ကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ ဒီဒါ၊ အယ္လ္ဒဲယား၊ အီမာဆင္၊ ဇီေရာ္ဘတ္တို၊ ရီဗယ္လ္ဒို၊ ဂ်ီယိုဗန္နီ၊ ဘီဘတ္တို၊ အက္ဒ္မန္ဒိုတို႔ပါဝင္ခဲ့သလို ေနာ္ေဝအသင္းမွာေတာ့ အန္ဒေရဖလို၊ ဂ႐ိုဒက္စ္နဲ႔ ရက္ဒ္ဒဲလ္စတဲ့ကစားသမားေတြပါဝင္ကစားခဲ့ၾကပါတယ္။