
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အခုတစ်ပတ်စနေနေ့မှာ ဘရန့်ဖို့ဒ်နဲ့ကစားမယ့်ပရီးမီးယားလိဂ်ပွဲအတွက် ကွင်းလယ်ဒိုင်လူကြီးအဖြစ် အန်သိုနီတေလာကို သတ်မှတ်ခဲ့တာကြောင့် ချယ်လ်ဆီးပရိသတ်တွေ မကျေမနပ်ဖြစ်နေကြပါတယ်။
လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့တစ်သင်းတည်းသောရှုံးပွဲမရှိအသင်းဖြစ်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဦးဆောင်နေပေမယ့်
ဘရန့်ဖို့ဒ်အသင်းဟာ ဒီရာသီအိမ်ကွင်းမှာ အာဆင်နယ်ကိုအနိုင်၊ လီဗာပူးလ်နဲ့သရေကျခဲ့တာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ ဘရန့်ဖို့ဒ်ကွင်းမှာ လွယ်လွယ်ကူကူအနိုင်ရဖို့မရှိပါဘူး။
ဒါ့အပြင် ဘရန့်ဖို့ဒ်ကလည်း လန်ဒန်အခြေစိုက်အသင်းဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လန်ဒန်ဒါဘီပြိုင်ဘက်အသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ ပဲလေ့စ်၊ ဝက်စ်ဟမ်းတို့နဲ့ပွဲတွေမှာ ရှုံးပွဲမရှိခဲ့ဘဲ (၇)မှတ်အထိရယူခဲ့တာကြောင့်
ချယ်လ်ဆီးအသင်းအတွက် ခက်ခဲမှုနဲ့ရင်ဆိုင်ရဖို့ရှိနေချိန်မှာ အဲဒီပွဲကို ကွင်းလယ်ဒိုင်အဖြစ်ကိုင်တွယ်မယ့်အန်သိုနီတေလာကလည်း ချယ်လ်ဆီးအသင်းဆိုရင် မျက်နှာသာပေးလေ့မရှိတဲ့အတွက် ချယ်လ်ဆီးပရိသတ်တွေစိုးရိမ်တကြီးဖြစ်နေကြတာပါ။
ပြီးခဲ့တဲ့နှစ်လလောက်တုန်းက အန်ဖီးလ်မှာ လီဗာပူးလ်အသင်းနဲ့ဆုံတွေ့ခဲ့တဲ့ပွဲမှာ အန်သိုနီတေလာဟာ ချယ်လ်ဆီးနောက်ခံလူရိစ်ဂျိမ်းစ်ကို တိုက်ရိုက်အနီနဲ့ထုတ်ပယ်ခဲ့သလို လီဗာပူးလ်အသင်းဘက်ကို ပယ်နယ်တီကန်ခွင့်ပေးခဲ့သူဖြစ်ပါတယ်။
ပယ်နယ်တီဧရိယာအတွင်း ရိစ်ဂျိမ်းစ်ဟာ ဘောလုံးကို လက်နဲ့မတော်တဆထိမိခဲ့တာဖြစ်ပေမယ့် အန်သိုနီတေလာက VAR မော်နီတာကို စက္ကန့်ပိုင်းလောက်သာကြည့်ပြီးတော့ အနီကတ်နဲ့ထုတ်ပယ်ခဲ့တာဖြစ်လို့ ချယ်လ်ဆီးပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့ပြီး
အဲဒီပွဲအပြီးမှာ ချယ်လ်ဆီးအသင်းကစားမယ့်ပွဲတွေဆိုရင် အန်တိုနီတေလာကို ကွင်းလယ်ဒိုင်အဖြစ်မခန့်ဖို့ ပရိသတ်တွေစုပေါင်းလက်မှတ်ရေးထိုးပြီးတော့တောင်းဆိုမှုပြုလုပ်ခဲ့ကြပါတယ်။
အန်သိုနီတေလာဟာ ချယ်လ်ဆီးပွဲတွေဆို အငြင်းပွားစရာဆုံးဖြတ်ချက်တွေချမှတ်လေ့ရှိတာက အဲဒီတစ်ကြိမ်တည်းမဟုတ်ဘဲ အရင်ကလည်း ချယ်လ်ဆီးအသင်းအတွက်နစ်နာစေမယ့် ဆုံးဖြတ်ချက်တွေချမှတ်ခဲ့ဖူးတာဖြစ်ပါတယ်။
၂၀၁၉-၂၀ ရာသီကစလို့ လက်ရှိအချိန်အထိ ချယ်လ်ဆီးပွဲတွေမှာ အန်သိုနီတေလာ ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့တာက စုစုပေါင်း(၉)ပွဲရှိခဲ့ပြီး (၃)ပွဲသာအနိုင်ရခဲ့သလို (၂)ပွဲသရေ၊ (၄)ပွဲအထိရှုံးနိမ့်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ ဒိုင္လူႀကီးအျဖစ္အန္သိုနီေတလာကိုင္တြယ္မယ့္အေပၚ ခ်ယ္လ္ဆီးပရိသတ္ေတြမေက်မနပ္ျဖစ္
အခုတစ္ပတ္စေနေန႔မွာ ဘရန႔္ဖို႔ဒ္နဲ႔ကစားမယ့္ပရီးမီးယားလိဂ္ပြဲအတြက္ ကြင္းလယ္ဒိုင္လူႀကီးအျဖစ္ အန္သိုနီေတလာကို သတ္မွတ္ခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးပရိသတ္ေတြ မေက်မနပ္ျဖစ္ေနၾကပါတယ္။ လက္ရွိအခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ရဲ႕တစ္သင္းတည္းေသာရႈံးပြဲမရွိအသင္းျဖစ္ေနၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ဦးေဆာင္ေနေပမယ့္ ဘရန႔္ဖို႔ဒ္အသင္းဟာ ဒီရာသီအိမ္ကြင္းမွာ အာဆင္နယ္ကိုအႏိုင္၊ လီဗာပူးလ္နဲ႔သေရက်ခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ဘရန႔္ဖို႔ဒ္ကြင္းမွာ လြယ္လြယ္ကူကူအႏိုင္ရဖို႔မရွိပါဘူး။
ဒါ့အျပင္ ဘရန႔္ဖို႔ဒ္ကလည္း လန္ဒန္အေျခစိုက္အသင္းျဖစ္ၿပီး ဒီရာသီပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ လန္ဒန္ဒါဘီၿပိဳင္ဘက္အသင္းေတြျဖစ္တဲ့ အာဆင္နယ္၊ ပဲေလ့စ္၊ ဝက္စ္ဟမ္းတို႔နဲ႔ပြဲေတြမွာ ရႈံးပြဲမရွိခဲ့ဘဲ (၇)မွတ္အထိရယူခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းအတြက္ ခက္ခဲမႈနဲ႔ရင္ဆိုင္ရဖို႔ရွိေနခ်ိန္မွာ အဲဒီပြဲကို ကြင္းလယ္ဒိုင္အျဖစ္ကိုင္တြယ္မယ့္အန္သိုနီေတလာကလည္း ခ်ယ္လ္ဆီးအသင္းဆိုရင္ မ်က္ႏွာသာေပးေလ့မရွိတဲ့အတြက္ ခ်ယ္လ္ဆီးပရိသတ္ေတြစိုးရိမ္တႀကီးျဖစ္ေနၾကတာပါ။
ၿပီးခဲ့တဲ့ႏွစ္လေလာက္တုန္းက အန္ဖီးလ္မွာ လီဗာပူးလ္အသင္းနဲ႔ဆုံေတြ႕ခဲ့တဲ့ပြဲမွာ အန္သိုနီေတလာဟာ ခ်ယ္လ္ဆီးေနာက္ခံလူရိစ္ဂ်ိမ္းစ္ကို တိုက္႐ိုက္အနီနဲ႔ထုတ္ပယ္ခဲ့သလို လီဗာပူးလ္အသင္းဘက္ကို ပယ္နယ္တီကန္ခြင့္ေပးခဲ့သူျဖစ္ပါတယ္။ ပယ္နယ္တီဧရိယာအတြင္း ရိစ္ဂ်ိမ္းစ္ဟာ ေဘာလုံးကို လက္နဲ႔မေတာ္တဆထိမိခဲ့တာျဖစ္ေပမယ့္ အန္သိုနီေတလာက VAR ေမာ္နီတာကို စကၠန႔္ပိုင္းေလာက္သာၾကည့္ၿပီးေတာ့ အနီကတ္နဲ႔ထုတ္ပယ္ခဲ့တာျဖစ္လို႔ ခ်ယ္လ္ဆီးပရိသတ္ေတြ ေဒါသေပါက္ကြဲခဲ့ၿပီး အဲဒီပြဲအၿပီးမွာ ခ်ယ္လ္ဆီးအသင္းကစားမယ့္ပြဲေတြဆိုရင္ အန္တိုနီေတလာကို ကြင္းလယ္ဒိုင္အျဖစ္မခန႔္ဖို႔ ပရိသတ္ေတြစုေပါင္းလက္မွတ္ေရးထိုးၿပီးေတာ့ေတာင္းဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။
အန္သိုနီေတလာဟာ ခ်ယ္လ္ဆီးပြဲေတြဆို အျငင္းပြားစရာဆုံးျဖတ္ခ်က္ေတြခ်မွတ္ေလ့ရွိတာက အဲဒီတစ္ႀကိမ္တည္းမဟုတ္ဘဲ အရင္ကလည္း ခ်ယ္လ္ဆီးအသင္းအတြက္နစ္နာေစမယ့္ ဆုံးျဖတ္ခ်က္ေတြခ်မွတ္ခဲ့ဖူးတာျဖစ္ပါတယ္။ ၂၀၁၉-၂၀ ရာသီကစလို႔ လက္ရွိအခ်ိန္အထိ ခ်ယ္လ္ဆီးပြဲေတြမွာ အန္သိုနီေတလာ ကြင္းလယ္ဒိုင္အျဖစ္ေဆာင္႐ြက္ခဲ့တာက စုစုေပါင္း(၉)ပြဲရွိခဲ့ၿပီး (၃)ပြဲသာအႏိုင္ရခဲ့သလို (၂)ပြဲသေရ၊ (၄)ပြဲအထိရႈံးနိမ့္ခဲ့ပါတယ္။