ဘရန့်ဖို့ဒ်ကွင်းမှာ မိုဗစ်ချ်နဲ့ မော်ရင်ဟိုတို့ရဲ့နာမည်တွေကို ဟစ်ကြွေးခဲ့ကြတဲ့ ချဲလ်ဆီးပရိသတ်တွေ

ဘရန့်ဖို့ဒ်နဲ့ ၂-၂ သရေကျခဲ့တဲ့ စနေညပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ ချဲလ်ဆီးပရိသတ်တွေဟာ

ပိုင်ရှင်အေဘရာမိုဗစ်ချ်နဲ့ နည်းပြဟောင်းမော်ရင်ဟိုတို့ရဲ့နာမည်တွေကို ဟစ်ကြွေးခဲ့ကြကြောင်း

သိရပါတယ်။

အဲဒီပွဲမှာ ချဲလ်ဆီးဟာ ဦးဆောင်ဂိုးစသွင်းနိုင်ခဲ့ပေမယ့်

၂ ဂိုးပြန်းပေးခဲ့ရပြီး နောက်ကျချေပဂိုးသွင်းနိုင်လို့သာ မရှုံးခဲ့တာပါ။

အဲဒီပွဲရလဒ်ကြောင့်လည်း ချဲလ်ဆီးဟာ အဆင့် ၁၁ နေရာက မတတ်နိုင် ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် ပိုချက်တီနိုရဲ့အသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ် ၅ ပွဲမှာ ၁ ပွဲသာ နိုင်ခဲ့တာပါ။

နောက်ထပ်ဖလားလက်မဲ့ရာသီဖြစ်နိုင်တဲ့အပြင်

နောက်ထပ် ဥရောပပွဲမကစားရတဲ့ရာသီလည်း ဖြစ်လာနိုင်ပါတယ်။

အဲဒီအတွက်ကြောင့် အတော်လေးစိတ်ပျက်လက်ပျက်ဖြစ်နေကြတဲ့ ချဲလ်ဆီးပရိသတ်တွေဟာ

ဘရန့်ဖို့ဒ်ကွင်းမှာ လက်ရှိပိုင်ရှင်ဘိုးလီနဲ့ လက်ရှိနည်းပြပိုချက်တီနိုတို့ကို ဆဲဆိုမှုလည်း လုပ်ခဲ့ကြတာပါ။

အဲဒီနောက် အေဘရာမိုဗစ်ချ်နဲ့ မော်ရင်ဟိုတို့ကို တမ်းတတဲ့ဟစ်ကြွေးမှုတွေ လုပ်ခဲ့ကြပါတယ်။

အမေရိကန်ပိုင်ရှင်သစ်တွေဟာ ကစားသမားသစ်ဖြည့်တင်းမှုတွေမှာ ပေါင် ၁ ဘီလီယံ

သုံးစွဲခဲ့ပေမယ့် ချဲလ်ဆီးရဲ့အခြေအနေက ပိုဆိုးလာနေတာပါ။

လက်ရှိအခြေအနေကြောင့် လာမယ့်ရာသီမှာ ပိုချက်တီနိုရဲ့အနာဂါတ်ကလည်း မသေချာပါဘူး။

တကယ်လို့ အာဂျင်တီးနားသာ အထုတ်ခံရရင် ကလပ်လက်မဲ့ဖြစ်နေတဲ့မော်ရင်ဟိုဟာ

ချဲလ်ဆီးကို ပြန်ရောက်ဖို့ ရေးပန်းစားမှာပါ။

စပါယ်ရှယ်ဝမ်းကြီးဟာ ချဲလ်ဆီးနည်းပြဘ၀ နှစ်ကြိမ်စလုံးမှာ လန်ဒန်ကလပ်ကို

ပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးနိုင်ခဲ့ပါတယ်။