ဘယ်သူဘာပြောပြောဂရုစိုက်မှာ မဟုတ်ဘူးလို့ ဒါဘီပွဲအပြီး အစ်ဟာလိုပြတ်ပြတ်သားသားပြော

photo-gettyimages

photo-REX

ဒါဘီကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် သူ့အနေနဲ့ အသင်းဖော်တွေ၊နည်းပြနဲ့ပရိသတ်တွေရဲ့ယုံကြည်မှုကို ရရှိထားတာကြောင့် ဘယ်သူဘာပြောပြော ဂရုစိုက်နေမှာ မဟုတ်ဘူးလို့ မန်ယူတိုက်စစ်မှုးအစ်ဟာလိုက ပြတ်ပြတ်သားသားပြောကြားလိုက်ပါတယ်။ အသက် ၃၀ အရွယ် အဲဒီနိုင်ဂျီးရီးယားသားဟာ ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်ကမှ တရုတ်စူပါလိဂ်ကလပ်ရှန်ဟိုင်းရှင်ဟွာကနေ အငှားရောက်လာခဲ့တာဖြစ်ပြီး သူကြီးပြင်းစဉ်အားပေးခဲ့တဲ့ကလပ်အတွက် ပထမဆုံး ၆ ပွဲမှာ ၃ ဂိုးသွင်းယူပေးထားပါတယ်။

photo-REX

သူ့ကို မန်ယူကခေါ်ယူခဲ့တာနဲ့ပတ်သက်လို့ ဝေဖန်သူတချို့ရှိခဲ့ပြီး အဲဒီမှာ အသင်းဂန္ထဝင်ဟောင်းပေါလ်စခိုးလည်း ပါဝင်နေတာပါ။ ဒါပေမဲ့လည်း အစ်ဟာလိုက”ကျွန်တော်ပျော်ရွှင်နေပါတယ်။ ခက်ခက်ခဲခဲပွဲတစ်ပွဲအတွက် အသင်းကိုလည်း ကွန်ဂရက်ကျူလေးရှင်းလုပ်ချင်ပါတယ်။ အသင်းဖော်တွေ၊နည်းပြနဲ့ပရိသတ်တွေက ကျွန်တော့်အပေါ် ယုံကြည်မှုရှိနေသရွေ့တော့ ကျွန်တော်ရှေ့ဆက်လျှောက်မှာပါ။ ဘယ်သူဘာပြောပြောဂရုစိုက်မှာ မဟုတ်ဘူး”လို့ ဒါဘီပွဲအပြီးမှာ ပြောသွားခဲ့တာပါ။

photo-gettyimages

အိုးလ်ထရက်ဖို့ဒ်ကို အစ်ဟာလိုရောက်လာတာဟာ အသင်းရဲ့ပုံစံကောင်းရနေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အဲဒီနိုင်ဂျီးရီးယားသာ ပါဝင်တဲ့ပွဲတွေမှာ မန်ယူဟာ အခုချိန်ထိတော့ ရှုံးပွဲမရှိသေးသလို သူပွဲထွက်ပါတဲ့ ၂ ပွဲစလုံးကိုလည်း အနိုင်ရထားပါတယ်။ ဒါကြောင့် အစ်ဟာလိုဟာ သူအားပေးတဲ့အသင်းမှာ တာထွက်ကောင်းနေတယ်လို့ပဲ ဆိုရမှာပါ။

[Zawgyi]

ဘယ္သူဘာေျပာေျပာဂရုစိုက္မွာ မဟုတ္ဘူးလို႔ ဒါဘီပြဲအၿပီး အစ္ဟာလိုျပတ္ျပတ္သားသားေျပာ

ဒါဘီကို ၃ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပဥၥမအဆင့္ပြဲစဥ္မွာ ၂ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ သူ႔အေနနဲ႔ အသင္းေဖာ္ေတြ၊နည္းျပနဲ႔ပရိသတ္ေတြရဲ႕ယုံၾကည္မႈကို ရရွိထားတာေၾကာင့္ ဘယ္သူဘာေျပာေျပာ ဂရုစိုက္ေနမွာ မဟုတ္ဘူးလို႔ မန္ယူတုိက္စစ္မႈးအစ္ဟာလိုက ျပတ္ျပတ္သားသားေျပာၾကားလိုက္ပါတယ္။ အသက္ ၃၀ အရြယ္ အဲဒီႏိုင္ဂ်ီးရီးယားသားဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕ေနာက္ဆုံးရက္ကမွ တရုတ္စူပါလိဂ္ကလပ္ရွန္ဟိုင္းရွင္ဟြာကေန အငွားေရာက္လာခ့ဲတာျဖစ္ၿပီး သူႀကီးျပင္းစဥ္အားေပးခဲ့တဲ့ကလပ္အတြက္ ပထမဆုံး ၆ ပြဲမွာ ၃ ဂိုးသြင္းယူေပးထားပါတယ္။

သူ႔ကုိ မန္ယူကေခၚယူခဲ့တာနဲ႔ပတ္သက္လို႔ ေ၀ဖန္သူတခ်ိဳ႕ရွိခဲ့ၿပီး အဲဒီမွာ အသင္းဂႏၳ၀င္ေဟာင္းေပါလ္စခုိးလည္း ပါ၀င္ေနတာပါ။ ဒါေပမဲ့လည္း အစ္ဟာလိုက”ကၽြန္ေတာ္ေပ်ာ္ရႊင္ေနပါတယ္။ ခက္ခက္ခဲခဲပြဲတစ္ပြဲအတြက္ အသင္းကိုလည္း ကြန္ဂရက္က်ဴေလးရွင္းလုပ္ခ်င္ပါတယ္။ အသင္းေဖာ္ေတြ၊နည္းျပနဲ႔ပရိသတ္ေတြက ကၽြန္ေတာ့္အေပၚ ယုံၾကည္မႈရွိေနသေရြ႕ေတာ့ ကၽြန္ေတာ္ေရွ႕ဆက္ေလွ်ာက္မွာပါ။ ဘယ္သူဘာေျပာေျပာဂရုစိုက္မွာ မဟုတ္ဘူး”လုိ႔ ဒါဘီပြဲအၿပီးမွာ ေျပာသြားခဲ့တာပါ။

အုိးလ္ထရက္ဖုိ႔ဒ္ကို အစ္ဟာလိုေရာက္လာတာဟာ အသင္းရဲ႕ပုံစံေကာင္းရေနတဲ့အခ်ိန္နဲ႔လည္း တုိက္ဆိုင္ေနပါတယ္။ အဲဒီႏိုင္ဂ်ီးရီးယားသာ ပါ၀င္တဲ့ပြဲေတြမွာ မန္ယူဟာ အခုခ်ိန္ထိေတာ့ ရႈံးပြဲမရွိေသးသလို သူပြဲထြက္ပါတဲ့ ၂ ပြဲစလုံးကိုလည္း အႏိုင္ရထားပါတယ္။ ဒါေၾကာင့္ အစ္ဟာလိုဟာ သူအားေပးတဲ့အသင္းမွာ တာထြက္ေကာင္းေနတယ္လုိ႔ပဲ ဆိုရမွာပါ။