ဘယ်သူဖလားရမယ်ဆိုတာ ပွဲမပြီးသေးလို့ စောင့်ကြည့်ဖို့ပြောလာတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာယမန်နေ့ကနယူးကာဆယ်အသင်းကို ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် စိန့်မက်ဆီမင်ရဲ့ ချေပဂိုးကြောင့် ပြန်လိုက်ကစားခဲ့ရပြီး နောက်ဆုံးမှာ ဖာနန်ဒက်စ်၊ ဒန်နီရယ်ဂျိမ်းစ်တို့ရဲ့ ဂိုးတွေနဲ့အတူ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

တစ်ဖက်မှာတော့ မန်စီးတီးအသင်းဟာတနင်္ဂနွေနေ့ကကစားတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာအာဆင်နယ်အသင်းကိုအနိုင်ရပြီးနောက်အမှတ်ပေးဇယားမှာပြိုင်ဘက်ယူနိုက်တက်အသင်းကို၁၀မှတ်ဖြတ်ကာဦးဆောင်နေပါတယ်။နည်းပြဆိုးလ်ရှားကတော့ ပရီးမီးယားလိဂ် ဆုဖလားအတွက် ယှဉ်ပြိုင်နေရတဲ့ ပြိုင်ပွဲဟာ မပြီးဆုံးသေးဘဲဆက်လက် စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ တစ်ခုခုဖြစ်လာနိုင်သေးကြောင်း ပြောထားပါတယ်။

နည်းပြဆိုးလ်ရှား က “ပြိုင်ပွဲပြီးဆုံးသွားပြီလို့ ကျွန်တော်ဘယ်တုန်းကမှ မပြောဆိုခဲ့ပါဘူး။ကျွန်တော်တို့ ဟာ ကိုယ့်အလုပ်ကိုပဲ အကောင်းဆုံးဆက်လက်လုပ်ကိုင်နေကြပါတယ်။ ရာသီကုန်ချိန်အထိဆက်လက်ယှဉ်ပြိုင်သွားရမှာပါ။” “ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်လို့ အသင်းအချို့ရဲ့အဖြစ်အပျက်နမူနာအချို့ကို ကျွန်တော်တို့သိရှိထားပါတယ်။နောက်ကနေ ကျော်တက်နိုင်ခဲ့တဲ့ ဥပမာတွေ အများကြီး ရှိပြီး တစ်ခုခု ဖြစ်လာဖို့ ကိုယ့်အလုပ်ကိုယ် လုပ်ရပါမယ်။”

“ကျွန်တော်တို့အနေနဲ့ လာမယ့် ပွဲစဉ်တွေအကြောင်းပဲ စဉ်းစားရမှာပါ။ ကျွန်တော်တို့ အမှတ်ကွာနေလို့ ရှုံးမယ်ဆိုတာ တွေးထားလို့ မရပါဘူး။ ပွဲစဉ်တွေ အများကြီး ကျန်ပါသေးတယ်”ဆိုပြီး ပြောထားပါတယ်။

ယူနိုက်တက် အသင်းဟာအမှတ်ပေးဇယား ဒုတိယနေရာမှာရပ်တည်နေပြီး၊ ကြားရက်မှာ ယူရိုပါလိဂ် (၃၂)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဆိုစီဒက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။အဲဒီပွဲပြီးရင်တော့ ချယ်လ်ဆီး အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကိုယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘယ္သူဖလားရမယ္ဆိုတာ ပြဲမၿပီးေသးလို႔ ေစာင့္ၾကည့္ဖို႔ေျပာလာတဲ့ ဆိုးလ္ရွား

ယူႏိုက္တက္အသင္းဟာယမန္ေန႔ကနယူးကာဆယ္အသင္းကို ရက္ရွ္ဖို႔ဒ္ရဲ႕ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ စိန႔္မက္ဆီမင္ရဲ႕ ေခ်ပဂိုးေၾကာင့္ ျပန္လိုက္ကစားခဲ့ရၿပီး ေနာက္ဆုံးမွာ ဖာနန္ဒက္စ္၊ ဒန္နီရယ္ဂ်ိမ္းစ္တို႔ရဲ႕ ဂိုးေတြနဲ႔အတူ ဂိုးျပတ္ အႏိုင္ရခဲ့ပါတယ္။

တစ္ဖက္မွာေတာ့ မန္စီးတီးအသင္းဟာတနဂၤေႏြေန႔ကကစားတဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာအာဆင္နယ္အသင္းကိုအႏိုင္ရၿပီးေနာက္အမွတ္ေပးဇယားမွာၿပိဳင္ဘက္ယူႏိုက္တက္အသင္းကို၁၀မွတ္ျဖတ္ကာဦးေဆာင္ေနပါတယ္။နည္းျပဆိုးလ္ရွားကေတာ့ ပရီးမီးယားလိဂ္ ဆုဖလားအတြက္ ယွဥ္ၿပိဳင္ေနရတဲ့ ၿပိဳင္ပြဲဟာ မၿပီးဆုံးေသးဘဲဆက္လက္ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း၊ တစ္ခုခုျဖစ္လာႏိုင္ေသးေၾကာင္း ေျပာထားပါတယ္။

နည္းျပဆိုးလ္ရွား က “ၿပိဳင္ပြဲၿပီးဆုံးသြားၿပီလို႔ ကြၽန္ေတာ္ဘယ္တုန္းကမွ မေျပာဆိုခဲ့ပါဘူး။ကြၽန္ေတာ္တို႔ ဟာ ကိုယ့္အလုပ္ကိုပဲ အေကာင္းဆုံးဆက္လက္လုပ္ကိုင္ေနၾကပါတယ္။ ရာသီကုန္ခ်ိန္အထိဆက္လက္ယွဥ္ၿပိဳင္သြားရမွာပါ။” “ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ပတ္သက္လို႔ အသင္းအခ်ိဳ႕ရဲ႕အျဖစ္အပ်က္နမူနာအခ်ိဳ႕ကို ကြၽန္ေတာ္တို႔သိရွိထားပါတယ္။ေနာက္ကေန ေက်ာ္တက္ႏိုင္ခဲ့တဲ့ ဥပမာေတြ အမ်ားႀကီး ရွိၿပီး တစ္ခုခု ျဖစ္လာဖို႔ ကိုယ့္အလုပ္ကိုယ္ လုပ္ရပါမယ္။” “ကြၽန္ေတာ္တို႔အေနနဲ႔ လာမယ့္ ပြဲစဥ္ေတြအေၾကာင္းပဲ စဥ္းစားရမွာပါ။ ကြၽန္ေတာ္တို႔ အမွတ္ကြာေနလို႔ ရႈံးမယ္ဆိုတာ ေတြးထားလို႔ မရပါဘူး။ ပြဲစဥ္ေတြ အမ်ားႀကီး က်န္ပါေသးတယ္”ဆိုၿပီး ေျပာထားပါတယ္။

ယူႏိုက္တက္ အသင္းဟာအမွတ္ေပးဇယား ဒုတိယေနရာမွာရပ္တည္ေနၿပီး၊ ၾကားရက္မွာ ယူ႐ိုပါလိဂ္ (၃၂)သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ဆိုစီဒက္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာပါ။အဲဒီပြဲၿပီးရင္ေတာ့ ခ်ယ္လ္ဆီး အသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ကိုယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။