ဘယ်သူက GOAT လဲဆိုတာနဲ့ပတ်သက်လို့ စိတ်ပြောင်းသွားတဲ့ ဆော်ဒီရောက် ဂျရတ်

ဘယ်တော့မှ အဆုံးသတ်မှာမဟုတ်တဲ့ စီရော်နယ်ဒို-မက်ဆီ < GOAT>

စကားစစ်ထိုးပွဲနဲ့ပတ်သက်လို့ စတီဗင်ဂျရတ်ဟာ စိတ်ပြောင်းသွားပုံရပါတယ်။

၄၃ နှစ်အရွယ် ဗီလာနည်းပြဟောင်းဟာ လက်ရှိမှာ ဆော်ဒီပရိုလိဂ်ကလပ်အယ်အစ်တီဖက်ကို

ကိုင်တွယ်နေတာပါ။ လွန်ခဲ့တဲ့နှစ်တုန်းက YouTube ချန်နယ် The Overlap မှာ

ဂယ်ရီနဗီးလ်နဲ့အင်တာဗျူးလုပ်တုန်းက GOAT နဲ့ပတ်သက်လို့ ဂျရတ်ဟာ သူ့အမြင်ကို ပြောခဲ့ပါတယ်။

ဘယ်သူက GOAT လဲလို့ အမေးခံရတော့ ဂျရတ်က ”ကျွန်တော့်အတွက်ကတော့ လီယွန်နယ်မက်ဆီပါ။

ဒါပေမဲ့ ကျွန်တော်က စီရော်နယ်ဒိုအကြောင်းပြောရင် ဘယ်တော့မှ မကောင်းပြောတာ မရှိခဲ့ပါဘူး။

ဘာကြောင့်လဲဆို သူကလည်း ထူးခြားဆန်းကြယ်ပါတယ်”လို့ ဖြေခဲ့တာပါ။

ဆက်လက်ပြီး ဂျရတ်က ”သူတို့က ကျွန်တော်ကစားနေတဲ့ခေတ်က နှစ်ယောက်ပါ။

သူတို့ရဲ့ကိန်းဂဏန်းမျိုး၊ သူတို့ရဲ့ပြိုင်ဆိုင်မှုမျိုးက ထပ်ပေါ်လာဦးမယ်လို့

ကျွန်တော်သေချာပေါက် မပြောနိုင်တော့ဘူး”လို့ ဆိုခဲ့ပါတယ်။

ဗီလာလေ့ကျင့်ရေးကွင်းမှာလုပ်ခဲ့တဲ့ အဲဒီအင်တာဗျူးပြီးကတည်းက

ဂျရတ်အတွက် အတော်များများပြောင်းလဲသွားတာပါ။

အစ်တီဖက်ရဲ့တစ်နှစ်ပေါင် ၁၅.၂ သန်းလစာကို လက်ခံခဲ့ပြီးနောက်

သူဟာ ကမ္ဘာ့ဘောလုံးမှာ စတုတ္ထလစာအများဆုံးနည်းပြစြဖ်လာပါတယ်။

ဆော်ဒီပရိုလိဂ်နဲ့လုပ်ခဲ့တဲ့ မကြာသေးခင်အင်တာဗျူးမှာတော့ ဂျရတ်က

”ကျွန်တော်တို့ GOAT လို့ ခေါ်ကြတဲ့ စီရော်နယ်ဒိုရောက်လာတာဟာ ဆော်ဒီလိဂ်အတွက် အဓိကအပြောင်းအလဲပါ။

သူဟာ ဆော်ဒီလိဂ်အတွက် ကြီးမားတဲ့ခေါ်ယူမှုတစ်ခုဖြစ်ခဲ့ပါတယ်”လို့ ဆိုခဲ့တာပါ။

မနေ့ညက ပေါ်တူဂီဟာ အိုက်စလန်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုခြေစစ်ပွဲ မတိုင်ခင်မှာလည်း စီရော်နယ်ဒိုဟာ

အသင်းဟောင်း စပို့တင်း ရဲ့ ဂုဏ်ပြုလက်ဆောင် ဂျာစီကို စပို့တင်း လစ္စဘွန်းအသင်း ဥက္ကဌ ဆီကနေ ရရှိခဲ့ပါတယ်။

ဒီဂျာစီဒီဇိုင်းဟာလည်း စီရော်နယ်ဒို စပို့တင်းမှာ ကစားခဲ့တုန်းက

ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို မီငြမ်းပြီး ထုတ်လုပ်ထားတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အိုက်စလန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပေါ်တူဂီအသင်းဟာ

ယူရို ၂၀၂၄ ခြေစစ်ပွဲကို ၁၀၀% နိုင်ပွဲနဲ့ ပိတ်သိမ်းနိုင်ခဲ့သလို အဲ့သည့်ပွဲစဉ်မှာလည်း

စီရော်နယ်ဒိုဟာ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးသွား ခဲ့ပါတယ်။