ဘယ်လ်ဂျီယံနဲ့ပွဲအပြီးမှာ ထူးထူးခြားခြားအဖြစ် ဘောင်းဘီချွတ်ပြီးအောင်ပွဲခံခဲ့ကြတဲ့ အီတလီကစားသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို-၂၀၂၀ ကွာတားဖိုင်နယ်ပွဲအဖြစ် ဘယ်လ်ဂျီယံအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ အီတလီအသင်းဟာ ဘာရယ်လာ၊ အင်ဆစ်ဂ်နီတို့ရဲ့သွင်းဂိုးတွေနဲ့အတူ

(၂-၁)ဂိုးရလဒ်နဲ့အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်လို့ ၁၉၆၈ခုနှစ်နောက်ပိုင်း ဝေးကွာနေတဲ့ ယူရိုချန်ပီယံဆုကို ကိုင်မြှောက်ခွင့်ရဖို့ ခြေတစ်လှမ်းထပ်တိုးနိုင်ခဲ့ပါပြီ။

အီတလီအသင်းဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဆီမီးဖိုင်နယ်တက်ခဲ့တာဖြစ်လို့ အသင်းအတွက်အောင်မြင်မှုလို့ သတ်မှတ်ရမှာဖြစ်ပြီး

ပွဲအပြီးမှာ အီတလီကစားသမားတွေနဲ့ နည်းပြမန်စီနီတို့ အကြီးအကျယ်အောင်ပွဲခံခဲ့သလို တချို့ကစားသမားတွေကတော့ ထူးထူးခြားခြားဆိုသလို ဘောင်းဘီတွေချွတ်ပြီးတော့ အတွင်းခံလေးတွေနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။

အီတလီနောက်ခံလူ ဒီလော်ရန်ဇိုနဲ့ တိုက်စစ်မှူးဘယ်လော့တီတို့က အတွင်းခံတွေနဲ့အောင်ပွဲခံခဲ့ပြီး အခုအချိန်အထိ ယူရိုပြိုင်ပွဲမှာ ကစားခွင့်မရသေးတဲ့ အင်တာမီလန်နောက်ခံလူဘတ်စ်တိုနီကလည်း အသင်းဖော်တွေနဲ့အပြိုင် ဘောင်းဘီချွတ်အောင်ပွဲခံခဲ့ပါသေးတယ်။

ဘယ်လော့တီက သူ့ရဲ့ဂျာစီနဲ့ ဘောင်းဘီကို ပရိသတ်တွေဆီ ပစ်ပေးခဲ့လို့ ဘောင်းဘီမပါဖြစ်ခဲ့ပေမယ့် ကျန်တဲ့သူတွေကတော့ ဘာဖြစ်လို့အတွင်းခံလေးတွေနဲ့ အောင်ပွဲခံရတာလဲဆိုတာတော့ မသိပါဘူး။

အီတလီကစားသမားတွေရဲ့ ထူးခြားတဲ့အောင်ပွဲခံပုံက လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေအတွက် ပွဲကျစရာဖြစ်ခဲ့ပြီး နောက်ပြောင်ရေးသားမှုတွေလုပ်နေကြပါတယ်။

ပရိသတ်တစ်ဦးက “ကြိုက်ပြီလေ ..ဒီလို ဘောင်းဘီချွတ်ပြီးအောင်ပွဲခံတာမျိုးတော့ . .ဒါကြောင့် အီတလီကို ချစ်နေရတာ”လို့ ရေးသားခဲ့ပြီး နောက်တစ်ဦးက

“အီတလီကစားသမားတွေ ဘောင်းဘီချွတ်ပြီး အောင်ပွဲခံတဲ့အဖြစ်အပျက်ကို မြင်ရတာ တကယ့်ကိုကျေနပ်စရာပါပဲ .. ဘုရားသခင်ကောင်းချီးပေးပါစေ”လို့ စနောက်ခဲ့ပါတယ်။

အီတလီအသင်းဟာ ဘယ်လ်ဂျီယံအသင်းနဲ့ နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ စုစုပေါင်း(၅)ကြိမ်အထိဆုံတွေ့ခဲ့ပြီး (၄)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ ရှုံးပွဲမရှိတဲ့မှတ်တမ်းကောင်းကို ဆက်ထိမ်းနိုင်ခဲ့သလို လာမယ့်ဆီမီးဖိုင်နယ်ပွဲမှာတော့ ချန်ပီယံ(၃)ကြိမ်ဖြစ်ခဲ့ဖူးတဲ့ စပိန်အသင်းနဲ့ ဆုံတွေ့ရတော့မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘယ္လ္ဂ်ီယံနဲ႔ပြဲအၿပီးမွာ ထူးထူးျခားျခားအျဖစ္ ေဘာင္းဘီခြၽတ္ၿပီးေအာင္ပြဲခံခဲ့ၾကတဲ့ အီတလီကစားသမားမ်ား

ယူ႐ို-၂၀၂၀ ကြာတားဖိုင္နယ္ပြဲအျဖစ္ ဘယ္လ္ဂ်ီယံအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ အီတလီအသင္းဟာ ဘာရယ္လာ၊ အင္ဆစ္ဂ္နီတို႔ရဲ႕သြင္းဂိုးေတြနဲ႔အတူ (၂-၁)ဂိုးရလဒ္နဲ႔အႏိုင္ယူခဲ့ၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့ၿပီျဖစ္လို႔ ၁၉၆၈ခုႏွစ္ေနာက္ပိုင္း ေဝးကြာေနတဲ့ ယူ႐ိုခ်န္ပီယံဆုကို ကိုင္ေျမႇာက္ခြင့္ရဖို႔ ေျခတစ္လွမ္းထပ္တိုးႏိုင္ခဲ့ပါၿပီ။

အီတလီအသင္းဟာ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ဆီမီးဖိုင္နယ္တက္ခဲ့တာျဖစ္လို႔ အသင္းအတြက္ေအာင္ျမင္မႈလို႔ သတ္မွတ္ရမွာျဖစ္ၿပီး ပြဲအၿပီးမွာ အီတလီကစားသမားေတြနဲ႔ နည္းျပမန္စီနီတို႔ အႀကီးအက်ယ္ေအာင္ပြဲခံခဲ့သလို တခ်ိဳ႕ကစားသမားေတြကေတာ့ ထူးထူးျခားျခားဆိုသလို ေဘာင္းဘီေတြခြၽတ္ၿပီးေတာ့ အတြင္းခံေလးေတြနဲ႔ ေအာင္ပြဲခံခဲ့ၾကပါတယ္။

အီတလီေနာက္ခံလူ ဒီေလာ္ရန္ဇိုနဲ႔ တိုက္စစ္မႉးဘယ္ေလာ့တီတို႔က အတြင္းခံေတြနဲ႔ေအာင္ပြဲခံခဲ့ၿပီး အခုအခ်ိန္အထိ ယူ႐ိုၿပိဳင္ပြဲမွာ ကစားခြင့္မရေသးတဲ့ အင္တာမီလန္ေနာက္ခံလူဘတ္စ္တိုနီကလည္း အသင္းေဖာ္ေတြနဲ႔အၿပိဳင္ ေဘာင္းဘီခြၽတ္ေအာင္ပြဲခံခဲ့ပါေသးတယ္။ ဘယ္ေလာ့တီက သူ႔ရဲ႕ဂ်ာစီနဲ႔ ေဘာင္းဘီကို ပရိသတ္ေတြဆီ ပစ္ေပးခဲ့လို႔ ေဘာင္းဘီမပါျဖစ္ခဲ့ေပမယ့္ က်န္တဲ့သူေတြကေတာ့ ဘာျဖစ္လို႔အတြင္းခံေလးေတြနဲ႔ ေအာင္ပြဲခံရတာလဲဆိုတာေတာ့ မသိပါဘူး။

အီတလီကစားသမားေတြရဲ႕ ထူးျခားတဲ့ေအာင္ပြဲခံပုံက လူမႈကြန္ရက္ေပၚမွာ ပရိသတ္ေတြအတြက္ ပြဲက်စရာျဖစ္ခဲ့ၿပီး ေနာက္ေျပာင္ေရးသားမႈေတြလုပ္ေနၾကပါတယ္။ ပရိသတ္တစ္ဦးက “ႀကိဳက္ၿပီေလ ..ဒီလို ေဘာင္းဘီခြၽတ္ၿပီးေအာင္ပြဲခံတာမ်ိဳးေတာ့ . .ဒါေၾကာင့္ အီတလီကို ခ်စ္ေနရတာ”လို႔ ေရးသားခဲ့ၿပီး ေနာက္တစ္ဦးက “အီတလီကစားသမားေတြ ေဘာင္းဘီခြၽတ္ၿပီး ေအာင္ပြဲခံတဲ့အျဖစ္အပ်က္ကို ျမင္ရတာ တကယ့္ကိုေက်နပ္စရာပါပဲ .. ဘုရားသခင္ေကာင္းခ်ီးေပးပါေစ”လို႔ စေနာက္ခဲ့ပါတယ္။ အီတလီအသင္းဟာ ဘယ္လ္ဂ်ီယံအသင္းနဲ႔ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ စုစုေပါင္း(၅)ႀကိမ္အထိဆုံေတြ႕ခဲ့ၿပီး (၄)ပြဲႏိုင္၊ (၁)ပြဲသေရနဲ႔ ရႈံးပြဲမရွိတဲ့မွတ္တမ္းေကာင္းကို ဆက္ထိမ္းႏိုင္ခဲ့သလို လာမယ့္ဆီမီးဖိုင္နယ္ပြဲမွာေတာ့ ခ်န္ပီယံ(၃)ႀကိမ္ျဖစ္ခဲ့ဖူးတဲ့ စပိန္အသင္းနဲ႔ ဆုံေတြ႕ရေတာ့မွာပါ။