ဘယ်လ်ဂျီယံခရီးစဉ်မှာ ဆာလာ ပါဝင်လာပေမယ့် အာနိုးလ် ချန်ပီယံလိဂ်ပွဲနဲ့ လွဲချော်

Photo Credit

Photo Credit

လီဗာပူးအသင်းတိုက်စစ်မှူး မိုဟာမက်ဆာလာဟာ အသင်းလေ့ကျင့်ရေးမှာ ပြန်လည်ပူးပေါင်းနေပြီ ဖြစ်ပြီး အသင်းနဲ့အတူ ဘယ်လ်ဂျီယံမြေကို လိုက်ပါသွားလို့ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဂျန့်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

Photo Credit

ဒါပေမဲ့ ညာနောက်ခံလူငယ်ကစားသမားလေး အလက်ဇန္ဒားအာနိုးလ်ကတော့ အဖျားရောဂါကြောင့် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံကိုသွားရောက်မယ့် ခရီးစဉ်မှာပါဝင်မှာမဟုတ်ဘဲ လီဗာပူးမှာသာ ကျန်ခဲ့ရမှာ ဖြစ်ပါတယ်။

Photo Credit

အီဂျစ်ကြယ်ပွင့် ဆာလာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယူနိုက်တက်အသင်းနဲ့ ၁-၁ဂိုး သရေကျခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ လက်ရှိမှာတော့ ပုံမှန်ပြန်ဖြစ်လာပြီး လာမယ့်ကြားရက်ပွဲစဉ်ဖြစ်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဆာလာကို မြင်တွေ့ရနိုင်ပါတယ်။

Photo Credit

တနင်္ဂနွေနေ့ကပွဲစဉ်မှာတော့ ဆာလာကစားတဲ့နေရာမှာ အိုရီဂီက ဝင်ရောက်ကစားခဲ့ပေမယ့် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ရပြီး ကွင်းလယ်တိုက်စစ်ကစားသမား ချိန်ဘာလိန်နဲ့ စောစောစီးစီးလူစားလဲခံခဲ့ရပါတယ်။

Photo Credit

ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်လူ လယ်လာနာရဲ့ နောက်ကျချေပဂိုးကြောင့်သာ လီဗာပူးတို့ သရေ ၁ မှတ်ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိစံချိန် မကျိုးပျက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အံ့သြဖွယ်နိုင်ပွဲဆက် စံချိန်အိပ်မက်ကိုတော့ ဆက်လက်မထိန်းသိမ်းနိုင်ခဲ့ဘဲ ပျက်ဆီးသွားခဲ့ပြီ ဖြစ်ပါတယ်။Photo Creditအသက် ၂၇ နှစ်အရွယ် ဆာလာဟာ ပြီးခဲ့တဲ့ရာသီက ၅၂ ပွဲ ပွဲထွက်ကစားခဲ့ပြီး သွင်းဂိုး ၂၇ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ကာ ဂျန့်အသင်းနဲ့ပွဲစဉ် လီဗာပူးအသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာတော့ ပြန်လည်ပါဝင်လာနိုင်ပါတယ်။

Photo Credit

လီဗာပူးနည်းပြဂျာဂန်ကလော့ပ်ကတော့ “မိုဟာမက်ဆာလာက အဆင်သင့်မဖြစ်သေးပါဘူး၊ ဒါကဘယ်လိုဖြစ်ရတာလဲ၊ သူအသင်းနဲ့အတူမလေ့ကျင့်နိုင်သေးပါဘူး၊ ဘာလို့လူတိုင်းကသူကစားနိုင်လိမ့်မယ်လို့ ပြောနေကြတာလဲဆိုတာ ကျွန်တော်မသိပါဘူး”

Photo Credit

”ဒီနေ့မှာတော့ အဆင်မပြေသေးပါဘူး၊ ဗုဒ္ဓဟူးနေ့မှာတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်တို့အားလုံးစောင့်ကြည့်ရမှာပါ“လို့ ယူနိုက်တက်နဲ့ပွဲမတိုင်ခင် ပြောကြားသွားခဲ့ပါတယ်။

Photo Credit

zawgyi

ဘယ္လ္ဂ်ီယံခရီးစဥ္မွာ ဆာလာ ပါဝင္လာေပမယ့္ အာႏိုးလ္ ခ်န္ပီယံလိဂ္ပြဲနဲ႔ လြဲေခ်ာ္

လီဗာပူးအသင္းတိုက္စစ္မႉး မိုဟာမက္ဆာလာဟာ အသင္းေလ့က်င့္ေရးမွာ ျပန္လည္ပူးေပါင္းေနၿပီ ျဖစ္ၿပီး အသင္းနဲ႔အတူ ဘယ္လ္ဂ်ီယံေျမကို လိုက္ပါသြားလို႔ ဗုဒၶဟူးေန႔မွာ ယွဥ္ၿပိဳင္ကစားမယ့္ ဂ်န႔္အသင္းနဲ႔ပြဲစဥ္မွာ ပါဝင္လာဖြယ္ရွိေနပါတယ္။

ဒါေပမဲ့ ညာေနာက္ခံလူငယ္ကစားသမားေလး အလက္ဇႏၵားအာႏိုးလ္ကေတာ့ အဖ်ားေရာဂါေၾကာင့္ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ဘယ္လ္ဂ်ီယံကိုသြားေရာက္မယ့္ ခရီးစဥ္မွာပါဝင္မွာမဟုတ္ဘဲ လီဗာပူးမွာသာ က်န္ခဲ့ရမွာ ျဖစ္ပါတယ္။

အီဂ်စ္ၾကယ္ပြင့္ ဆာလာဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ယူႏိုက္တက္အသင္းနဲ႔ ၁-၁ဂိုး သေရက်ခဲ့တဲ့ပြဲစဥ္မွာ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ခဲ့ဘဲ လက္ရွိမွာေတာ့ ပုံမွန္ျပန္ျဖစ္လာၿပီး လာမယ့္ၾကားရက္ပြဲစဥ္ျဖစ္တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဆာလာကို ျမင္ေတြ႕ရႏိုင္ပါတယ္။

တနဂၤေႏြေန႔ကပြဲစဥ္မွာေတာ့ ဆာလာကစားတဲ့ေနရာမွာ အိုရီဂီက ဝင္ေရာက္ကစားခဲ့ေပမယ့္ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးခဲ့ရၿပီး ကြင္းလယ္တိုက္စစ္ကစားသမား ခ်ိန္ဘာလိန္နဲ႔ ေစာေစာစီးစီးလူစားလဲခံခဲ့ရပါတယ္။

ယူႏိုက္တက္အသင္းနဲ႔ပြဲစဥ္မွာ ကြင္းလယ္လူ လယ္လာနာရဲ႕ ေနာက္က်ေခ်ပဂိုးေၾကာင့္သာ လီဗာပူးတို႔ သေရ ၁ မွတ္ရယူႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိစံခ်ိန္ မက်ိဳးပ်က္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ အံ့ၾသဖြယ္ႏိုင္ပြဲဆက္ စံခ်ိန္အိပ္မက္ကိုေတာ့ ဆက္လက္မထိန္းသိမ္းႏိုင္ခဲ့ဘဲ ပ်က္ဆီးသြားခဲ့ၿပီ ျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ ဆာလာဟာ ၿပီးခဲ့တဲ့ရာသီက ၅၂ ပြဲ ပြဲထြက္ကစားခဲ့ၿပီး သြင္းဂိုး ၂၇ ဂိုးအထိသြင္းယူေပးထားႏိုင္ခဲ့ကာ ဂ်န႔္အသင္းနဲ႔ပြဲစဥ္ လီဗာပူးအသင္းရဲ႕ ပြဲထြက္ကစားသမားစာရင္းမွာေတာ့ ျပန္လည္ပါဝင္လာႏိုင္ပါတယ္။

လီဗာပူးနည္းျပဂ်ာဂန္ကေလာ့ပ္ကေတာ့ “မိုဟာမက္ဆာလာက အဆင္သင့္မျဖစ္ေသးပါဘူး၊ ဒါကဘယ္လိုျဖစ္ရတာလဲ၊ သူအသင္းနဲ႔အတူမေလ့က်င့္ႏိုင္ေသးပါဘူး၊ ဘာလို႔လူတိုင္းကသူကစားႏိုင္လိမ့္မယ္လို႔ ေျပာေနၾကတာလဲဆိုတာ ကြၽန္ေတာ္မသိပါဘူး’

”ဒီေန႔မွာေတာ့ အဆင္မေျပေသးပါဘူး၊ ဗုဒၶဟူးေန႔မွာေတာ့ ဘယ္လိုျဖစ္လာမလဲဆိုတာ ကြၽန္ေတာ္တို႔အားလုံးေစာင့္ၾကည့္ရမွာပါ“လို႔ ယူႏိုက္တက္နဲ႔ပြဲမတိုင္ခင္ ေျပာၾကားသြားခဲ့ပါတယ္။