ဘယ်လ်ဂျီယံကို (၂)ဂိုးအရှုံးကနေ ချေပဂိုး၊အနိုင်ဂိုးတွေသွင်းယူပြီးတော့ ဗိုလ်လုပွဲတက်ခဲ့တဲ့ပြင်သစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

UEFA Nations League ဆီမီးဖိုင်နယ်ပွဲအဖြစ် နာမည်ကြီးနှစ်သင်းဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ပြင်သစ်တို့ကစားခဲ့တဲ့ပွဲမှာ ပြင်သစ်အသင်းက (၃-၂)ဂိုးနဲ့အနိုင်ယူပြီးတော့ ဗိုလ်လုပွဲအဆင့်တက်ရောက်သွားပြီဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်(၁)နေရာရပ်တည်နေတဲ့ ဘယ်လ်ဂျီယံအသင်းဟာ ပွဲစကတည်းက ပြင်သစ်အသင်းဘက်ကို ထိုးဖောက်ကစားခဲ့ပြီး ပွဲအစ(၃)မိနစ်မှာပဲ ဒီဘရိုင်းနားရဲ့ (၆)ကိုက်အကွာကအပိုင်ကန်ချက်ကို လိုရစ်ကာကွယ်နိုင်ခဲ့လို့သာ စောစောစီးစီးဂိုးမရခဲ့တာပါ။

ဒါပေမဲ့ (၃၇)မိနစ်မှာတော့ ဘယ်လ်ဂျီယံအသင်း အဖွင့်ဂိုးစရခဲ့ပြီး ဒီဘရိုင်းနားရဲ့ပေးပို့မှုကနေ ကာရက်စ်ကိုက သွင်းယူခဲ့သလို (၃)မိနစ်လောက်အကြာမှာပဲ

တိုက်စစ်မှူးလူကာကူက ပြင်သစ်နောက်ခံလူလူးကပ်စ်ဟာနန်ဒက်စ်ကို ကျော်ဖြတ်ပြီးတော့ ဘယ်လိုမှမဖြစ်နိုင်တဲ့ထောင့်ထဲကို ကန်သွင်းယူခဲ့တာကြောင့် ဘယ်လ်ဂျီယံအသင်း ဒုတိယဂိုးရခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပြင်သစ်အသင်းက ချေပဂိုးတွေရဖို့ ဘယ်လ်ဂျီယံအသင်းကို ပြန်လည်ဖိအားပေးကစားခဲ့ပြီး ဘယ်လ်ဂျီယံအသင်းခံစစ်ဟာ ပြိုင်ဘက်က ဖိအားပေးလာရင် တည်ငြိမ်မှုမရှိဖြစ်လေ့ရှိတဲ့အတိုင်းပဲ ဂိုးတွေပြန်ပေးခဲ့တာဖြစ်ပါတယ်။

(၆၂)မိနစ်မှာ ၀ါရင့်တိုက်စစ်မှူးဘန်ဇီမာက ချေပဂိုးသွင်းယူခဲ့လို့ ပြင်သစ်အသင်းစိတ်ဓာတ်တက်လာခဲ့ပြီး (၇)မိနစ်အကြာမှာပဲ ပယ်နယ်တီကနေ ဘာပေက ဒုတိယချေပဂိုးပြန်သွင်းယူခဲ့ပါတယ်။

(၈၇)မိနစ် လူကာကူ ဘယ်လ်ဂျီယံအသင်းအတွက် ဦးဆောင်ဂိုးပြန်သွင်းခဲ့ပေမယ့် VAR က လူကျွံဘောအဖြစ်သတ်မှတ်ခံတာကြောင့် နစ်နာခဲ့ရပါတယ်။

ပြင်သစ်အသင်းအတွက် အနိုင်ဂိုးကိုတော့ နာကျင်အချိန်ပိုမှာ လူးကပ်စ်ဟာနန်ဒက်စ်က ပယ်နယ်တီဧရိယာနားကနေ အပြင်းကန်သွင်းခဲ့တာဖြစ်ပြီး ဒါက လူးကပ်စ်ဟာနန်ဒက်စ်ရဲ့လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးဂိုးလည်းဖြစ်ခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ UEFA Nations League ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ဆီမီးဖိုင်နယ်ပွဲတုန်းက ယူရိုချန်ပီယံအီတလီအသင်းကို အနိုင်ယူခဲ့တဲ့စပိန်အသင်းနဲ့ လာမယ့်တနင်္ဂနွေနေ့ကျရင် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမှာပါ။

ဘယ်လ်ဂျီယံအသင်းကတော့ တတိယနေရာလုပွဲအဖြစ် အီတလီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဒီနှစ်သင်းဟာ ယူရို-၂၀၂၀ ကွာတားဖိုင်နယ်မှာနောက်ဆုံးဆုံတွေ့ခဲ့ချိန်မှာ အီတလီအသင်းက (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘယ္လ္ဂ်ီယံကို (၂)ဂိုးအရႈံးကေန ေခ်ပဂိုး၊အႏိုင္ဂိုးေတြသြင္းယူၿပီးေတာ့ ဗိုလ္လုပြဲတက္ခဲ့တဲ့ျပင္သစ္

UEFA Nations League ဆီမီးဖိုင္နယ္ပြဲအျဖစ္ နာမည္ႀကီးႏွစ္သင္းျဖစ္တဲ့ ဘယ္လ္ဂ်ီယံနဲ႔ျပင္သစ္တို႔ကစားခဲ့တဲ့ပြဲမွာ ျပင္သစ္အသင္းက (၃-၂)ဂိုးနဲ႔အႏိုင္ယူၿပီးေတာ့ ဗိုလ္လုပြဲအဆင့္တက္ေရာက္သြားၿပီျဖစ္ပါတယ္။ ကမာၻ႔အဆင့္(၁)ေနရာရပ္တည္ေနတဲ့ ဘယ္လ္ဂ်ီယံအသင္းဟာ ပြဲစကတည္းက ျပင္သစ္အသင္းဘက္ကို ထိုးေဖာက္ကစားခဲ့ၿပီး ပြဲအစ(၃)မိနစ္မွာပဲ ဒီဘ႐ိုင္းနားရဲ႕ (၆)ကိုက္အကြာကအပိုင္ကန္ခ်က္ကို လိုရစ္ကာကြယ္ႏိုင္ခဲ့လို႔သာ ေစာေစာစီးစီးဂိုးမရခဲ့တာပါ။

ဒါေပမဲ့ (၃၇)မိနစ္မွာေတာ့ ဘယ္လ္ဂ်ီယံအသင္း အဖြင့္ဂိုးစရခဲ့ၿပီး ဒီဘ႐ိုင္းနားရဲ႕ေပးပို႔မႈကေန ကာရက္စ္ကိုက သြင္းယူခဲ့သလို (၃)မိနစ္ေလာက္အၾကာမွာပဲ တိုက္စစ္မႉးလူကာကူက ျပင္သစ္ေနာက္ခံလူလူးကပ္စ္ဟာနန္ဒက္စ္ကို ေက်ာ္ျဖတ္ၿပီးေတာ့ ဘယ္လိုမွမျဖစ္ႏိုင္တဲ့ေထာင့္ထဲကို ကန္သြင္းယူခဲ့တာေၾကာင့္ ဘယ္လ္ဂ်ီယံအသင္း ဒုတိယဂိုးရခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ျပင္သစ္အသင္းက ေခ်ပဂိုးေတြရဖို႔ ဘယ္လ္ဂ်ီယံအသင္းကို ျပန္လည္ဖိအားေပးကစားခဲ့ၿပီး ဘယ္လ္ဂ်ီယံအသင္းခံစစ္ဟာ ၿပိဳင္ဘက္က ဖိအားေပးလာရင္ တည္ၿငိမ္မႈမရွိျဖစ္ေလ့ရွိတဲ့အတိုင္းပဲ ဂိုးေတြျပန္ေပးခဲ့တာျဖစ္ပါတယ္။

(၆၂)မိနစ္မွာ ၀ါရင့္တိုက္စစ္မႉးဘန္ဇီမာက ေခ်ပဂိုးသြင္းယူခဲ့လို႔ ျပင္သစ္အသင္းစိတ္ဓာတ္တက္လာခဲ့ၿပီး (၇)မိနစ္အၾကာမွာပဲ ပယ္နယ္တီကေန ဘာေပက ဒုတိယေခ်ပဂိုးျပန္သြင္းယူခဲ့ပါတယ္။ (၈၇)မိနစ္ လူကာကူ ဘယ္လ္ဂ်ီယံအသင္းအတြက္ ဦးေဆာင္ဂိုးျပန္သြင္းခဲ့ေပမယ့္ VAR က လူကြၽံေဘာအျဖစ္သတ္မွတ္ခံတာေၾကာင့္ နစ္နာခဲ့ရပါတယ္။ ျပင္သစ္အသင္းအတြက္ အႏိုင္ဂိုးကိုေတာ့ နာက်င္အခ်ိန္ပိုမွာ လူးကပ္စ္ဟာနန္ဒက္စ္က ပယ္နယ္တီဧရိယာနားကေန အျပင္းကန္သြင္းခဲ့တာျဖစ္ၿပီး ဒါက လူးကပ္စ္ဟာနန္ဒက္စ္ရဲ႕လက္ေ႐ြးစင္ကစားသမားဘဝ ပထမဆုံးဂိုးလည္းျဖစ္ခဲ့ပါတယ္။

ျပင္သစ္အသင္းဟာ UEFA Nations League ဗိုလ္လုပြဲကို ပထမဆုံးအႀကိမ္တက္ေရာက္ခဲ့ၿပီး ၿပီးခဲ့တဲ့ဆီမီးဖိုင္နယ္ပြဲတုန္းက ယူ႐ိုခ်န္ပီယံအီတလီအသင္းကို အႏိုင္ယူခဲ့တဲ့စပိန္အသင္းနဲ႔ လာမယ့္တနဂၤေႏြေန႔က်ရင္ ဗိုလ္လုပြဲယွဥ္ၿပိဳင္ကစားရမွာပါ။ ဘယ္လ္ဂ်ီယံအသင္းကေတာ့ တတိယေနရာလုပြဲအျဖစ္ အီတလီအသင္းနဲ႔ရင္ဆိုင္ရမွာျဖစ္ၿပီး ဒီႏွစ္သင္းဟာ ယူ႐ို-၂၀၂၀ ကြာတားဖိုင္နယ္မွာေနာက္ဆုံးဆုံေတြ႕ခဲ့ခ်ိန္မွာ အီတလီအသင္းက (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။