ဘယ်လ်ဂျီယမ် အသင်းတွင်း ဘာမှမဖြစ်ပါဘူး … မဟုတ်တဲ့ သတင်းပြောတဲ့သူကို ထုတ်ပစ်မယ်လို့ ကော်တွိုက်စ် ဆို

ဘယ်လ်ဂျီယမ် ဟာ နောက်ဆုံး ကစားခဲ့တဲ့ မော်ရိုကိုနဲ့ ပွဲမှာ

ကစားပုံ အတော် ဆိုးရွားခဲ့ပြီး ၊ ၀ – ၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

မော်ရိုကိုနဲ့ ပွဲအပြီး ဘယ်လ်ဂျီယမ် အသင်းရဲ့ အဝတ်လဲခန်းထဲမှာ

ကစားသမားအချင်းချင်းရန်ဖြစ်ခဲ့ကာခုဆိုအသင်းသားတွေကြား

စကားပြောဆိုမှုတွေမရှိဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး ကော်တွိုက်စ်က

“လက်ရှိမှာ ဘယ်သူမှက မပျော်ရွှင်ပါဘူး။ဒါပေမယ့် ကြာသပတေးနေ့မှာ

ကစားရမယ့်ပွဲကို အနိုင်ယူဖို့အတွက်ပဲ ကျွန်တော်တို့ တွေးတောနေပါတယ်။

ဘောလုံးမှာက ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့

အရာအားလုံးပေးဆပ်ကစားသွားမှာပါ။ရှုံးပွဲအတွက် အဝတ်လဲခန်းထဲမှာ

အကုန်လုံးဒေါသထွက်ခဲ့တယ်။ ကျွန်တော်ဆိုရင် အရန်ခုံတန်းကို

လက်သီးနဲ့တောင် ထိုးခဲ့တာပါ။ မီဒီယာတွေက ပုံကြီးချဲ့နေတာဖြစ်ပြီး

ကျွန်တော်တို့ အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ပါသေးတယ်”

”မနေ့က ကျွန်တော်တို့ meeting ထိုင်ခဲ့ပြီး ၊ အဲဒီမှာ အားလုံး

စိတ်ထဲရှိသမျှ ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြပါတယ်။ မော်ရိုကိုနဲ့ ပွဲအပြီး

အဝတ်လဲခန်းထဲမှာလည်း ဘာမှ မဖြစ်ခဲ့ပါဘူး။ နည်းပြက ကျွန်တော်တို့ကို

စကားနည်းနည်း ပြောခဲ့တာသာ ရှိပါတယ်။ ကျွန်တော့်အတွက်တော့

အသင်းမှာ ဘာပြဿနာမှ ရှိမနေပါဘူး။ ကစားသမားတွေကတော့

ဒီလို သတင်းအချက်အလက်မျိုးကို အမြဲတမ်း မဖြန့်တတ်ပါဘူး။

ဒါမျိုးတွေ ဘယ်သူက ပြောခဲ့လဲ ဆိုတာ ကျွန်တော်တို့ မသိရပါဘူး။

အသင်းမှာ ရှိတဲ့ တခြား ဝန်ထမ်းတွေ အများအပြားထဲက

တစ်ယောက်ယောက် ဖြန့်တာလည်း ဖြစ်နိုင်ပါတယ်။ ”

”ဒီလိုသတင်းမျိုး လုပ်ကြံဖြန့်တဲ့သူကို ရှာတွေ့တဲ့နေ့က သူ့အတွက်

အသင်းမှာ ရှိမယ့် နောက်ဆုံးနေ့ ဖြစ်ပါမယ် ”လို့ ကြိမ်းဝါး ပြောဆို ထားပါတယ်။

ဘယ်လ်ဂျီယမ် အသင်းဟာ လက်ရှိ ကမ္ဘာ့ဖလားမှာ အုပ်စုပွဲ ၂ပွဲ

ကစားထားပြီးချိန် ၃မှတ် ရထားပေမယ့် ၊ အုပ်စု နောက်ဆုံးပွဲမှာ

ခရိုအေးရှား အသင်းနဲ့ ပွဲကြပ် ကစားရမှာ ဖြစ်ပါတယ်။

နောက်တစ်ဆင့် တက်ဖို့သာမက ၊ အုပ်စုဗိုလ် နေရာပါ ရယူလိုတယ်

ဆိုရင်တော့ ဘယ်လ်ဂျီယမ် အနေနဲ့ အဲဒီပွဲကို မဖြစ်မနေ အနိုင်ကစားရမှာ ဖြစ်ပါတယ်။

zawgyi

ဘယ္လ္ဂ်ီယမ္ အသင္းတြင္း ဘာမွမျဖစ္ပါဘူး … မဟုတ္တဲ့ သတင္းေျပာတဲ့သူကို ထုတ္ပစ္မယ္လို႔ ေကာ္တြိဳက္စ္ ဆို

ဘယ္လ္ဂ်ီယမ္ ဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ေမာ္႐ိုကိုနဲ႔ ပြဲမွာ

ကစားပုံ အေတာ္ ဆိုး႐ြားခဲ့ၿပီး ၊ ၀ – ၂ ရလဒ္နဲ႔ အေရးနိမ့္ခဲ့ပါတယ္။

ေမာ္႐ိုကိုနဲ႔ ပြဲအၿပီး ဘယ္လ္ဂ်ီယမ္ အသင္းရဲ႕ အဝတ္လဲခန္းထဲမွာ

ကစားသမားအခ်င္းခ်င္းရန္ျဖစ္ခဲ့ကာခုဆိုအသင္းသားေတြၾကား

စကားေျပာဆိုမႈေတြမရွိဘူးဆိုတဲ့ သတင္းေတြထြက္ေပၚခဲ့ပါတယ္။

အဲဒီသတင္းေတြနဲ႔ပတ္သက္ၿပီး ေကာ္တြိဳက္စ္က

“လက္ရွိမွာ ဘယ္သူမွက မေပ်ာ္႐ႊင္ပါဘူး။ဒါေပမယ့္ ၾကာသပေတးေန႔မွာ

ကစားရမယ့္ပြဲကို အႏိုင္ယူဖို႔အတြက္ပဲ ကြၽန္ေတာ္တို႔ ေတြးေတာေနပါတယ္။

ေဘာလုံးမွာက ဘာမဆိုျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔

အရာအားလုံးေပးဆပ္ကစားသြားမွာပါ။ရႈံးပြဲအတြက္ အဝတ္လဲခန္းထဲမွာ

အကုန္လုံးေဒါသထြက္ခဲ့တယ္။ ကြၽန္ေတာ္ဆိုရင္ အရန္ခုံတန္းကို

လက္သီးနဲ႔ေတာင္ ထိုးခဲ့တာပါ။ မီဒီယာေတြက ပုံႀကီးခ်ဲ႕ေနတာျဖစ္ၿပီး

ကြၽန္ေတာ္တို႔ အုပ္စုအဆင့္ကေန တက္ေရာက္ႏိုင္ပါေသးတယ္”

”မေန႔က ကြၽန္ေတာ္တို႔ meeting ထိုင္ခဲ့ၿပီး ၊ အဲဒီမွာ အားလုံး

စိတ္ထဲရွိသမွ် ပြင့္ပြင့္လင္းလင္း ေျပာခဲ့ၾကပါတယ္။ ေမာ္႐ိုကိုနဲ႔ ပြဲအၿပီး

အဝတ္လဲခန္းထဲမွာလည္း ဘာမွ မျဖစ္ခဲ့ပါဘူး။ နည္းျပက ကြၽန္ေတာ္တို႔ကို

စကားနည္းနည္း ေျပာခဲ့တာသာ ရွိပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့

အသင္းမွာ ဘာျပႆနာမွ ရွိမေနပါဘူး။ ကစားသမားေတြကေတာ့

ဒီလို သတင္းအခ်က္အလက္မ်ိဳးကို အၿမဲတမ္း မျဖန႔္တတ္ပါဘူး။

ဒါမ်ိဳးေတြ ဘယ္သူက ေျပာခဲ့လဲ ဆိုတာ ကြၽန္ေတာ္တို႔ မသိရပါဘူး။

အသင္းမွာ ရွိတဲ့ တျခား ဝန္ထမ္းေတြ အမ်ားအျပားထဲက

တစ္ေယာက္ေယာက္ ျဖန႔္တာလည္း ျဖစ္ႏိုင္ပါတယ္။ ”

”ဒီလိုသတင္းမ်ိဳး လုပ္ႀကံျဖန႔္တဲ့သူကို ရွာေတြ႕တဲ့ေန႔က သူ႔အတြက္

အသင္းမွာ ရွိမယ့္ ေနာက္ဆုံးေန႔ ျဖစ္ပါမယ္ ”လို႔ ႀကိမ္းဝါး ေျပာဆို ထားပါတယ္။

ဘယ္လ္ဂ်ီယမ္ အသင္းဟာ လက္ရွိ ကမာၻ႔ဖလားမွာ အုပ္စုပြဲ ၂ပြဲ

ကစားထားၿပီးခ်ိန္ ၃မွတ္ ရထားေပမယ့္ ၊ အုပ္စု ေနာက္ဆုံးပြဲမွာ

ခ႐ိုေအးရွား အသင္းနဲ႔ ပြဲၾကပ္ ကစားရမွာ ျဖစ္ပါတယ္။

ေနာက္တစ္ဆင့္ တက္ဖို႔သာမက ၊ အုပ္စုဗိုလ္ ေနရာပါ ရယူလိုတယ္

ဆိုရင္ေတာ့ ဘယ္လ္ဂ်ီယမ္ အေနနဲ႔ အဲဒီပြဲကို မျဖစ္မေန အႏိုင္ကစားရမွာ ျဖစ္ပါတယ္။